ဦးကျော်သူကို ရုပ်သံဇာတ်လမ်းတွဲ ဒါရိုက်တာ အဖြစ် မြင်တွေ့ရဦးမယ်

0
159

“ပဉ္စလက်ရွာ” ဆိုတဲ့ ရုပ်သံဇာတ် လမ်းတွဲက မင်းသားကြီး ဦးကျော်သူ ရဲ့ ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲဖြစ် ပါတယ်။ အယူသီးမှုတွေ၊ တစ်ဖက် စွန်းရောက်မှုတွေ ဟာ မကောင်းတဲ့ ဆိုးကျိုးတွေ ဖြစ်စေတယ် ဆိုတာကို ပညာပေး အနေနဲ့ ရိုက်ကူး ထားတဲ့ ဇာတ်ကား ဖြစ်ကြောင်း လည်း ဦး ကျော်သူ က ပြောပါတယ်။ နောက် ထပ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲ အသစ် ကိုတော့ သူကိုယ်တိုင် ဒါရိုက်တာ လုပ်သွားမယ့် အကြောင်း ဦးကျော်သူက.

“ကျွန်တော် စီးရီးတစ်ခု ရိုက် ကူးဖို့ရှိတယ်။ MRTV 4 ကပဲ။ ကျွန်တော်က ဒါရိုက်တာ အဖြစ် ရိုက်ကူးမှာ။ “ပုဂံမြို့သူ” ၊ “ပုဂံမြို့ သူ” ဆိုတာ ဆရာကြီးမောင် သိန်းဆိုင်ရဲ့ ဝတ္ထု။ “ပုဂံမြို့သူ” က ရုပ် ရှင် အဖြစ် “ဒဏ္ဍာရီထဲက သတို့ သမီး” ဆိုပြီးတော့ ကျွန်တော်တို့ အမျိုး သား ရုပ်ရှင်က နေ ရိုက်ကူးခဲ့ပြီးပြီ။ ဒါပေမဲ့ အခုဟာ က စီးရီးရိုက်ကူးမှာ။ ဆရာကြီးမောင် သိန်းဆိုင်ရဲ့ ဇာတ်ဖရိန်လေးတွေ ကို သဘော ကျတယ်။ ဒီ ဇာတ်ဖရိန်လေး အတိုင်း ကျွန်တော် တို့က စာတွေထပ် ထည့်ရမယ်။ ဇာတ်ဝင်ခန်း တချို့ ထပ်တိုးပြီးတော့ တခြားဇာတ် ကောင်တွေ ထပ်ထည့်ရ မယ်။ အဲဒါ ကို စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်း က တောင်ကိုရီး ယားနိုင်ငံ၊ လွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတကာ ပွဲတော်မှာ “ငဘ” ရုပ်ရှင် ဇာတ်ကား ကို သွားရောက်ပြ သခဲ့တုန်းက Feed Back တွေကို လည်း ဦးကျော်သူ ကို မေးမြန်းဖြစ် ခဲ့ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ “ငဘ” ရုပ်ရှင်ဇာတ်ကားကို ကိုရီးယား နိုင်ငံသားတွေ အရမ်း ကြိုက်ကြတာ ကျွန်တော် ကတော့ ဂုဏ်ယူ တယ်။ ကိုရီးယားလူမျိုးတွေက ဘာပြောလဲ ဆိုတော့ “ငဘ” အပိုင်း-၂ ဘယ် တော့လာမလဲ ဆိုပြီး ပြောကြတယ်။ ပြောတဲ့ အတွက် ကျွန်တော် “ငဘ” အပိုင်း-၂ ရိုက်ကူးဖို့ စိတ်ကူးဆုံး ဖြတ် လိုက်တယ်။ ဆရာကြီးမောင်ထင် ကတော့ “ငဘ” အပိုင်း-၂ဆိုပြီး ရေးခဲ့တာ မရှိဘူး။ ဆရာကြီးမောင် ထင်ရဲ့ “ငဘ”ကို ကျွန်တော်တို့ ဆက်ပြီးတော့ ဖန်တီးရမယ့် အတိုင်း အတာရှိတယ်။ ဒါကိုကျွန်တော် “ငဘ” အပိုင်း-၂အတွက် အကြံပြုကြ ပါဦး ဆိုပြီးတော့ ဖေ့စ်ဘုတ်မှာအကြံပြု ထားတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here