ဆောင်းတွင်းအမှီ ထွက်ရှိမယ့် ဖွေးဖွေး ရဲ့ ဆိုက်ကို အကျီင်္များ

0
780

အကယ်ဒမီ ဖွေးဖွေးက “ဆိုက်ကို” ဆိုတဲ့တံဆိပ်နဲ့အင်္ကျီများ ထုတ်လုပ်သွား ဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအင်္ကျီများကို ဆောင်းတွင်း အမီ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်းနဲ့ အင်္ကျီဆိုဒ်ဒီဇိုင်းပုံစံများကို ဖွေးဖွေးက . ..

“ဖွေး အဲဒီအင်္ကျီကြော်ငြာကလည်း ဒီလထဲမှာ ရုပ်ရှင် ဇာတ်ကားကြီး မရိုက်ကူးခင် ပရိသတ် အတွက် ကြော်ငြာလေးလည်း ရိုက်ကူး လိုက်ချင်တယ်။ ပြီးတော့ တစ်ယောက်တည်း လုပ်ကိုင်နေရတာ ဆိုတော့လေ။ လုပ်ငန်းကြီးကြီး အနေ နဲ့လည်း လုပ်ကိုင်နေတာ မဟုတ်ဘူး။ ဖွေး အပျော်ပဲ။ “ဆိုက်ကို” ဆိုတဲ့ တံဆိပ်လေးပေါ့နော်။ ဖွေးထုတ်ချင်တယ်။ ဆိုဒ်ကတော့ ၄ဆိုဒ်ပေါ့။ ဝတဲ့ မိန်းကလေး တွေအတွက်ရော ဖွေးတွေးလိုက်တယ်။ ပလပ်ဆိုဒ်တွေ ပါထုတ်မယ်။ အသေး ရယ်၊ အလတ်ရယ်၊ အကိတ်ရယ် အကိတ်ဆုံးရယ် ဆိုပြီး ထုတ်မယ်။ ကာလာ ဒီဇိုင်းကတော့ ရိုးရိုးလေးပါပဲ။ ပြီးတော့ရိုးရိုး ပုံလေးတွေနဲ့ပဲ အရင် ထွက်ပါ့မယ်။ ဖွေး ဆောင်းတွင်း အမီထွက်ပါ့မယ်။ အကိတ်တွေပျော်လို့ရပါပြီ” လို့ ပြောပြ ပါတယ်။ ဖွေးဖွေးပါဝင် ရိုက်ကူးထားတဲ့ “ငါ့ကိုနမ်းတဲ့ မုန်းတိုင်း” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကား ကလည်း မကြာခင် ရုံတင်ပြသ လာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားက Bo Bo Entertainment ကထုတ်လုပ်တာ ဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်း နဲ့ ဝင်းလွင်ထက် တို့က ရိုက်ကူးထားပြီး လွှမ်းပိုင်၊ ရဲရင့်အောင်၊ ဖွေးဖွေးတို့က အဓိက ပါဝင် သရုပ်ဆောင် ထားကြတာ ဖြစ်ပါ တယ်။ ဒီဇာတ်ကားမှာ သူတစ်ခါမှ သရုပ်မဆောင်ဖူး သေးတဲ့ Love ဆင်န်းတွေ ပါဝင် ကြောင်းကို ဖွေးဖွေးက…

“အဆိုတော် ၂ယောက်က မင်းသားအဖြစ် ပါဝင် သရုပ်ဆောင်ထားတာ။ နည်းနည်းတော့ ကာရိုက်တာတွေ ဘာတွေက သင်ရတာတော့ ရှိတာပေါ့။ ဒါပေမယ့် သူတို့က မဝေးပါဘူး။ မိုက်တယ်။ မိုက်တယ်ဆို တာကပြောလိုက်ရင် သဘောပေါက်တယ်။ မုဒ်တွေဘာ တွေနဲ့လည်း သရုပ်ဆောင်တယ်။ မျက်ရည် တုတွေ ဘာတွေ မသုံးဘူး။ အမှတ်တရကတော့ ဖွေး မရိုက်ဖူးတဲ့ Love ဆင်န်းတွေပါတယ်။ တစ်ခါမှ အဲဒီလို မရိုက်ဖူးဘူး။ အဲဒါကိုတော့ ရုံတင်ပြသတဲ့ အခါမှာ စောင့်ကြည့်စေချင်ပါတယ်။ ရုံတင်ပြသလာတဲ့ အခါမှာလည်း ပရိသတ် တွေ ဘယ်လိုပြောမလဲ ဆိုတာ ဖွေး ရင်ခုန်ပြီး စောင့်နေပါတယ်။ ဖွေးဆက်ပြီး ကြိုးစားနေပါတယ်။ ဖွေးကို အားပေးလို့ ဘယ်တော့ မှ မျက်နှာမငယ်စေရ ပါဘူး”လို့ ပြောပြခဲ့ပါတယ်။

အခု လတ်တလော မှာတော့ ဖွေးဖွေးက မေမြို့မှာ “ဣတိယ” ရုပ်ရှင် ဇာတ်ကားကို အလင်းရောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည် တို့နဲ့ သွားရောက် ရိုက်ကူးခဲ့ပြီး စက်တင်ဘာလ အကုန်မှာတော့ ဒါရိုက်တာဝိုင်းရိုက်ကူးမယ့် “သမ္မတကြီးထံပေးစာ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့ မှာဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here