မြူးမြူးကြွကြွ မြင်တွေ့ရမယ့် သြရသရဲ့ ပဲပြုတ်နဲ့ နံပြား

0
162

အဆိုတော် သြရသက “ပဲပြုတ် နဲ့ နံပြား” သီချင်း ထွက်ရှိဖို့ ရှိကြောင်း သိရပါတယ်။ သူ့ရဲ့ “ပဲပြုတ်နဲ့ နံပြား” သီချင်းလေးခေါင်းစဉ်လေး အကြောင်းကိုတော့ …

“ကျွန်တော် အနုပညာ အလုပ်အနေနဲ့ သီချင်း တွေလည်း ရေးနေတယ်။ မကြိုက်လိုက်ဖြုတ် လိုက်နဲ့ အချိန်ကြာသွားတယ်။ ကျွန်တော် “ပဲပြုတ် နံပြား” သီချင်းအခွေလေးကို ၁၁ လပိုင်းလောက် ထွက်မယ်။ အခုလောလောဆယ် VCD ၆ပုဒ် လောက်တော့ ရိုက်ကူး ပြီးသွားပါပြီ။ သီချင်းရဲ့ ခေါင်း စဉ်က မိသားစု ပုံစံလေးပါပဲ။ နည်းနည်းထူး ဆန်းမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ “ပဲပြုတ် နံပြား” ကြိုက်တဲ့အစ်ကို အစ်မတွေ အကုန်လုံး ခံစားတတ်မယ် ထင်တယ်။ ဒီအခွေကို အရင်က အခွေတွေ နဲ့ လုံးဝ မတူနိုင်ပါဘူး။ သီချင်းကို ၁၂ ပုဒ်လောက် ပါမယ်” လို့ ပြောပါတယ်။ အဆိုတော် သြရသက အခု လတ်တလော အနုပညာလောကမှာ သိပ်မတွေ့ရ လောက်အောင် ပျောက်ကွယ် နေပါ တယ်။ သူ့ရဲ့ပျောက်ကွယ်မှုနဲ့ ပတ်သက်ပြီးတော့ လည်း သြရသက အခုလို ပြောပြခဲ့ပါတယ်။

“ကျွန်တော် စီးပွားရေးလုပ်နေလို့ ပျောက် နေသလိုဖြစ်နေတယ်။ စီးပွားရေးက အလယ် လောက်တော့ ရောက်နေပါပြီ။ အားလုံးပြီးစီးမှ ပရိသတ်တွေကို ပြောပါမယ်။ ကျွန်တော်အခု ပျောက်နေပေမယ့် နယ်ရှိုးပွဲတွေတော့ သီဆိုဖြစ် တယ်။ နယ်ရှိုးပွဲ သွားရတာ လမ်းခရီးကြမ်းတဲ့ အခက်အခဲ ရှိပေမယ့် ဟိုရောက်တော့ အမောပြေ တယ်။ အားလုံးစောင့်ပြီး အားပေးတဲ့အတွက် တော် တော်စိတ်ချမ်းသာတယ်”လို့ သူက ဆိုပါ တယ်။ သြရသက သူ့ရဲ့”ပဲပြုတ်နံပြား”သီချင်းကို မြူးမြူးကြွကြွ ပရိသတ် ကြိုက်အောင် ပြင်ဆင်ထားပြီး နယ်ရှိုးတွေ လိုက်သီဆိုနေကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here