ဇော်ဝင်းထွဋ်၊ ဝေလတို့ နဲ့ အတူ သုံးယောက်တွဲ စီးရီးထွက်ရှိမယ့် Rဇာနည်

0
161

Rဇာနည်က နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ဇော်ဝင်းထွဋ်၊ ဝေလ စသူတို့နဲ့  သုံးယောက်သုံးဖွဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုကို ပြုလုပ် ဖျော်ဖြေဖို့ ရှိနေပါတယ်။ ဒီပွဲကတော့ သုံးဖွဲ့စလုံးက အပီအပြင်ရော့ခ် ဂီတဖွင့်ဆိုကြမယ့် ပွဲဖြစ်တာ နဲ့အညီ သီချင်းပုံစံတွေ ကိုလည်း ဒီပွဲအတွက် ဆန်းသစ်ထားတယ်လို့  Rဇာနည်က ဆိုပါတယ်။ Rဇာနည်က နိုဝင်ဘာလ ၃ ရက်နေ့ မှာတော့ ဇော်ဝင်းထွဋ်၊ ဝေလ စသူတို့နဲ့  သုံးယောက်သုံးဖွဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုကို ပြုလုပ် ဖျော်ဖြေဖို့ ရှိနေပါတယ်။ ဒီပွဲကတော့ သုံးဖွဲ့စလုံးက အပီအပြင်ရော့ခ် ဂီတဖွင့်ဆိုကြမယ့် ပွဲဖြစ်တာ နဲ့အညီ သီချင်းပုံစံတွေကိုလည်း ဒီပွဲအတွက် ဆန်းသစ်ထားတယ်လို့  Rဇာနည်က ဆိုပါတယ်။ “ကျွန်တော်တို့ အနေနဲ့လည်း ပရိသတ်တွေ လာကြည့်တဲ့အခါ စိတ်ကျေနပ်မှု တစ်ခု ရသွားမယ့် ပွဲမျိုးကိုပဲ ဦးစားပေးပြီး လက်ခံဖြစ်တော့တယ်။ ဒီနိုဝင်ဘာလပွဲ မှာတော့ ပရိသတ်တွေလည်း ပျော်ရအောင် အဆင်ပြေအောင် ဖျော်ဖြေမှု တွေကိုလည်း ပုံမှန်ထက် ဆန်းမယ့် ပုံစံလေးတွေ စဉ်းစားထားပါတယ်” လို့ R ဇာနည် ကပြော ပါတယ်။ Rဇာနည်က “ကမ္ဘာသား” စီးရီးရဲ့  DVD ကိုလည်း ထွက်ရှိပြီးပြီဖြစ်ရာ ကမ္ဘာသား DVD ရဲ့ ပျံ့ နှံ့မှု အခြေအနေ ကရော ဘယ်လိုရှိမလဲ ဆိုတော့  “ပုံမှန်ပါပဲ။ ခုနောက်ပိုင်းမှာက CD/DVD ရောင်းတဲ့နှုန်းတွေက ကျွန်တော်တို့စပြီး သီချင်းဆိုတဲ့ အချိန်ကလိုတော့ မဟုတ်တော့ဘူး။ အခွေတွေလည်း ဝယ်တာထက် အွန်လိုင်းမှာလည်း အလွယ်တကူ ကြည့်လို့ ရနေတဲ့ ခေတ်ကြီး ဖြစ်နေ ပြီ။ နိုင်ငံခြားမှာ ရှိတဲ့ CD အချပ် ရောင်းတဲ့ ကုမ္ပဏီကြီးတွေတောင် သိပ်မရောင်းရတော့ဘူး။ ကျွန်တော် တို့ အနေနဲ့လည်း ကိုယ့်ကို ချစ်တဲ့၊  ခင်တဲ့ ကိုယ့်အမာခံ ပရိတ်သတ် မိတ် ဆွေတွေက ဝယ်သိမ်းကြတာမျိုးပဲ ရှိတယ်။ အဲဒီတော့ အွန်လိုင်း ကိုပဲ စည်းစနစ် ကျကျလေး လုပ်နိုင်ဖို့ မျှော်လင့်ရတာပေါ့” လို့  Rဇာနည် ကပြောပါတယ်။

Rဇာနည်က ဒီကြားကာလ အတွင်းမှာပဲ ဇော်ဝင်းထွဋ်၊ ဝေလ တို့နဲ့ အတူ ၃ ယောက်တွဲ ဖျော်ဖြေပွဲ အပြီးမှာတော့ သုံးယောက်တွဲ စီးရီး ခွေတစ်ချပ် ထွက်ရှိလာဖို့ ရှိတယ်လို့ သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here