သား ၂ယောက်အတွက် ပညာရေးပိုင်းမှာ အကောင်းဆုံး ပံ့ပိုးသွားမယ့် ဟဲလေး

0
288

ဖေဖေ ဟဲလေးရယ်၊ မေမေ မြတ်သီရိလင်းရယ်၊ သားသားဟဲရယ်၊ ညီညီဟဲရယ် ဆိုတဲ့ မိသားစုလေး တစ်ခုရှိပါတယ်။ အေးချမ်းတယ်။ သာယာတယ်။ ပျော်ရွှင်ချမ်းမြေ့ဖွယ် ကောင်းတဲ့ မိသားစု ကမ္ဘာလေးပါပဲ။ မိသားစုဆိုတဲ့ အဓိပ္ပာယ်၊ အနှစ်သာ ရကို အပြည့်အဝ ခံစားနေရတဲ့ ဟဲလေးက ဒီလို ပြောပါတယ်။ဖေဖေ ဟဲလေးရယ်၊ မေမေ မြတ်သီရိလင်းရယ်၊ သားသားဟဲရယ်၊ ညီညီဟဲရယ် ဆိုတဲ့ မိသားစုလေး တစ်ခုရှိပါတယ်။ အေးချမ်းတယ်။ သာယာတယ်။ ပျော်ရွှင်ချမ်းမြေ့ဖွယ် ကောင်းတဲ့ မိသားစု ကမ္ဘာလေးပါပဲ။ မိသားစုဆိုတဲ့ အဓိပ္ပာယ်၊ အနှစ်သာ ရကို အပြည့်အဝ ခံစားနေရတဲ့ ဟဲလေးက ဒီလို ပြောပါတယ်။ “မိသားစုကတော့ အားလုံး၊ အားလုံးထဲမှာ အကောင်းဆုံးသော ဇိမ်ခံပစ္စည်းပေါ့။ အမျိုးမျိုး ပစ္စည်းတွေ ထွက်ပေမယ့် မိသားစုလောက် ကောင်းမွန်တဲ့ ပြည့်စုံခြင်း မရှိဘူး။ အဲဒါကြောင့် မိသားစုကို တန်ဖိုး ထားပါ။ မိသားစုထဲမှာ ပျော်ရွှင် အောင်ဖန်တီးပါ” လို့ ဟဲလေးက ဆိုပါတယ်။ သားသမီးတွေ ဆိုတာ မိဘတွေ အတွက် တကယ်ကို ရတနာ ပါလို့ဆိုတဲ့ ဟဲလေးက သူ့သား ၂ယောက်အကြောင်းနဲ့ ပတ်သက်ပြီး “အကြီးလေးက သူ့အမေနဲ့ ရုပ်ချင်းဆင်တယ်။ စိတ်က အစ်ကို နဲ့ဆင်တယ်။ အငယ်လေး ကကျတော့ အစ်ကိုနဲ့ ရုပ်ဆင်တယ်။ စိတ်က ကျတော့ သူ့အမေနဲ့ ဆင်တယ်။ အကြီးလေးက နည်းနည်း ကြောက် တတ်တယ်။ အစ်ကို့လိုပဲ တစ်ခုခုဆို စိုးရိမ်စိတ် များတယ်။ အငယ်လေး ကကျတော့ သိပ်အားမနာတတ်ဘူး။ ပြတ်ပြတ်သားသားရှိတယ်။ အကြီး လေးကတော့ အားနာတတ်တယ်” လို့ပြောပါတယ်။
သား ၂ယောက်ရဲ့ ပညာရေး အတွက်ကို ဟဲလေး ဘာတွေ စဉ်းစားထားလဲ ဆိုတာကတော့ “ပညာရေးကတော့ အတတ် နိုင်ဆုံး ပံ့ပိုးပေးရမှာပေါ့။ အခုခေတ် ကတော့ အင်္ဂလိပ်စာလည်း သင်ရ တယ်။ မြန်မာစာ ကိုလည်း လက် လွှတ်လို့မရဘူး။ တစ်ယောက် နဲ့ တစ်ယောက် မိဘတွေက ကိုယ့် အယူအဆ နဲ့ကိုယ်ဆိုတော့လေ။ အစ်ကိုကတော့ ကိုယ် အတတ်နိုင်ဆုံး ကိုယ့်ကလေးတွေကို ပညာပေးချင် တယ်။ အဓိကက ကိုယ်တတ်နိုင်တဲ့ ငွေကြေးနဲ့ သူတို့ကို ပညာတွေ သင်ပေးမှာပါ” လို့ပြောပါတယ်။
သားတွေဆိုတာ ယျေဘုယျ အားဖြင့် အဖေတွေထက် အမေ တွေကို ပိုချစ်တတ်ကြတယ်။ သို့သော် ဟဲလေးရဲ့သား ၂ယောက် ကတော့ အမေကို ချစ်ခင်သလို အဖေကိုလည်း ချစ်ခင်ကြတာ တွေ့ရပါတယ်။ မအားလပ်တဲ့ အနုပညာရှင် တစ် ယောက် အနေနဲ့ သားတွေကို ဘယ်လိုထိတွေ့ဖြစ်သလဲဆိုတာ အချက် တစ်ချက်တော့ရှိမှာပါ။ အဲဒီအချက်က “အစ်ကိုတို့ အနုပညာသမား အများစုက ကျတော့ ခရီးတွေ ထွက်ရတယ်။ အိမ်မှာနေရတဲ့ အချိန်က နည်းတယ်။ အဲဒီတော့ ရတဲ့အချိန်မှာ အနွေးထွေးဆုံး သားတွေကို ဆက်ဆံတယ်။ နွေးထွေးမှု မေတ္တာ အမြဲပေးတယ်။ သူတို့ကို စမွေးကတည်းက အိမ်မှာတွေ့ တဲ့အချိန် ဆိုရင် မနမ်းတဲ့နေ့ ဆိုတာ မရှိဘူး။ ခရီးထွက်ချိန်မှ အပပေါ့။ အဲဒီတော့ သူတို့မှာ မေတ္တာ တွေရတယ်။ နောက်တစ်ခုက အစ်ကို တို့ခရီးသွားတဲ့ အခါ ဝုန်းဒိုင်းကျဲပြီး ဂျီကျနေတာမျိုး မဖြစ်အောင်လည်း သင်ထားပေးတာပေါ့။ မိဘနဲ့ရှိတဲ့ အချိန်မှာ သူတို့ကို နွေးထွေးမှုတွေ ပေးတဲ့အတွက် သူတို့မှာ လုံလောက်တယ်။ နောက်ပြီး သူတို့က အစ်ကို ခရီးသွားတဲ့ အခါမှာတာလေးတွေ ရှိတယ်။ အစ်ကိုက သူတို့ လိုချင်တာလေးတွေ ကို အတတ်နိုင် ဆုံးဖြည့် ဆည်းပေးတယ်။ အဲဒီ အတွက်ကြောင့် ဝုန်းဒိုင်းကြဲ ဂျီကျတာမျိုးမရှိဘူး”လို့ ဟဲလေးက ပြောပြပါတယ်။      ဟဲလေးရဲ့ မိသားစုအကြောင်း မေးမြန်းမှုရဲ့ နောက်ဆုံးအနေနဲ့   နောက်ထပ်ရင်သွေး ထပ်ယူဖြစ်ဦး မလားလို့ မေးဖြစ်လိုက်တော့ ဟဲလေးက “နောက်ထပ် ရင်သွေးယူဖို့တော့ အစီအစဉ် မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီသား ၂ယောက်ကိုပဲ အကောင်းဆုံး ပြုစု ပျိုးထောင်သွားမှာပါ” လို့ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here