လူရွှင်တော် ဘိုးဘွားရိပ်သာ ဆောက်လုပ်သွားမည်

0
180

လူရွှင်တော်အသင်း(ရန် ကုန်)ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို စက် တင်ဘာလ ၉ရက်နေ့က ကျိုက္ကဆံဓမ္မာ ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆို ပါနေ့ နှစ်ပတ်လည် အစည်းအဝေးကို ပွင့်လင်းမြင်သာစွာနဲ့ နာယကကြီး များ၊ အသင်းသားများရဲ့ အများ သဘောတူဆန္ဒအတိုင်း လူရွှင်တော် အသင်း(ရန်ကုန်)၏ အမှုဆောင် အဖွဲ့များကို ပြန်လည်ရွေးချယ်ခဲ့ကြပါ တယ်။ အမှုဆောင်အဖွဲ့မှာတော့ ဦး ဒိန်းဒေါင်(ဥက္ကဋ္ဌ)၊ ဦးအောင်သော် (အတွင်းရေးမှူး)၊ ဦးပန်းသီး(တွဲ ဖက်အတွင်းရေးမှူး)၊ ဦးရေချမ်း(ဘဏ္ဍာ ရေးမှူး)၊ ဦးငြိမ်းချမ်း (စာရင်းစစ်)၊ ဦးကောင်းကျော်(ပြန်ကြားရေး၁)၊ ဦး စိန်ပန်းသီး(ပြန်ကြားရေး၂)၊ ဦးကံပွင့် (စည်းရုံးရေးမှူး)၊ ဦးသုတ (စည်းရုံး ရေးမှူး)၊ ဦးချက်ကြီး(အမှုဆောင်)၊ ဦးပိုးလေး(အမှုဆောင်)၊ ဦးပီယ(ရုံး အဖွဲ့မှူး)တို့ပါဝင်ဖွဲ့စည်းကာ လေးနှစ် တာ သက်တမ်းဖြစ်တဲ့ ၂ဝ၁၇ မှ ၂ဝ၂၁ အထိ တာဝန်ထမ်းဆောင်ကြ မှာဖြစ်ပါတယ်။

လူရွှင်တော်အသင်း (ရန်ကုန်)အနေနဲ့ အသင်းတည် ထောင်ခွင့် မှတ်ပုံတင်ကျပြီဖြစ်တဲ့ အတွက်လည်း အသင်းဝင်များအား အသင်းဝင်ကတ်များ ထုတ်ပေးသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။အသင်းဝင်ကတ်ရှိတဲ့ လူရွှင်တော်များ ကိုသာ သာရေး၊နာရေး ၊လူမှုကူ ညီစောင့် ရှောက်ရေးများအတွက် အကူအညီ ပေး သွားမှာဖြစ်ပြီး အသင်းဝင်မဟုတ်သူများ၊ အသင်း ကတ်မရှိသူများအား မည်သည့်အ ကြောင်းကိစ္စများကိုမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း။ ဒါကြောင့် လူရွှင်တော်အသင်းသို့ စိတ်တူကိုယ်တူ လူရွှင်တော်များအနေနဲ့ အသင်းသို့ ဝင် နိုင်ပါကြောင်း လူရွှင်တော်အသင်း (ရန် ကုန်)မှ တိုက်တွန်းနှိုးဆော်ထားပါတယ်။ လူရွှင်တော်အသင်း(ရန်ကုန်)အနေနဲ့   အသင်းမှတ်ပုံတင်မကျခင်ကတည်းက လူရွှင်တော်သက်ကြီးပူဇော်ပွဲကို နှစ်စဉ် ပြုလုပ်ခဲ့ပြီး အခုနှစ်နဲ့ဆိုရင် ၇ကြိမ် မြောက်တောင် ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ လူရွှင်တော်အသင်း(ရန် ကုန်)ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို စက် တင်ဘာလ ၉ရက်နေ့က ကျိုက္ကဆံဓမ္မာ ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆို ပါနေ့ နှစ်ပတ်လည် အစည်းအဝေးကို ပွင့်လင်းမြင်သာစွာနဲ့ နာယကကြီး များ၊ အသင်းသားများရဲ့ အများ သဘောတူဆန္ဒအတိုင်း လူရွှင်တော် အသင်း(ရန်ကုန်)၏ အမှုဆောင် အဖွဲ့များကို ပြန်လည်ရွေးချယ်ခဲ့ကြပါ တယ်။ အမှုဆောင်အဖွဲ့မှာတော့ ဦး ဒိန်းဒေါင်(ဥက္ကဋ္ဌ)၊ ဦးအောင်သော် (အတွင်းရေးမှူး)၊ ဦးပန်းသီး(တွဲ ဖက်အတွင်းရေးမှူး)၊ ဦးရေချမ်း(ဘဏ္ဍာ ရေးမှူး)၊ ဦးငြိမ်းချမ်း (စာရင်းစစ်)၊ ဦးကောင်းကျော်(ပြန်ကြားရေး၁)၊ ဦး စိန်ပန်းသီး(ပြန်ကြားရေး၂)၊ ဦးကံပွင့် (စည်းရုံးရေးမှူး)၊ ဦးသုတ (စည်းရုံး ရေးမှူး)၊ ဦးချက်ကြီး(အမှုဆောင်)၊ ဦးပိုးလေး(အမှုဆောင်)၊ ဦးပီယ(ရုံး အဖွဲ့မှူး)တို့ပါဝင်ဖွဲ့စည်းကာ လေးနှစ် တာ သက်တမ်းဖြစ်တဲ့ ၂ဝ၁၇ မှ ၂ဝ၂၁ အထိ တာဝန်ထမ်းဆောင်ကြ မှာဖြစ်ပါတယ်။ လူရွှင်တော်အသင်း (ရန်ကုန်)အနေနဲ့ အသင်းတည် ထောင်ခွင့် မှတ်ပုံတင်ကျပြီဖြစ်တဲ့ အတွက်လည်း အသင်းဝင်များအား အသင်းဝင်ကတ်များ ထုတ်ပေးသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။အသင်းဝင်ကတ်ရှိတဲ့ လူရွှင်တော်များ ကိုသာ သာရေး၊နာရေး ၊လူမှုကူ ညီစောင့် ရှောက်ရေးများအတွက် အကူအညီ ပေး သွားမှာဖြစ်ပြီး အသင်းဝင်မဟုတ်သူများ၊ အသင်း ကတ်မရှိသူများအား မည်သည့်အ ကြောင်းကိစ္စများကိုမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း။

ဒါကြောင့် လူရွှင်တော်အသင်းသို့ စိတ်တူကိုယ်တူ လူရွှင်တော်များအနေနဲ့ အသင်းသို့ ဝင် နိုင်ပါကြောင်း လူရွှင်တော်အသင်း (ရန် ကုန်)မှ တိုက်တွန်းနှိုးဆော်ထားပါတယ်။ လူရွှင်တော်အသင်း(ရန်ကုန်)အနေနဲ့   အသင်းမှတ်ပုံတင်မကျခင်ကတည်းက လူရွှင်တော်သက်ကြီးပူဇော်ပွဲကို နှစ်စဉ် ပြုလုပ်ခဲ့ပြီး အခုနှစ်နဲ့ဆိုရင် ၇ကြိမ် မြောက်တောင် ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

“ဘိုးဘွားရိပ်သာဆောက်လုပ်ပါ မယ်။ ဘုရားနဲ့လည်းနီးတော့ တရားလည်း အားထုတ်လို့ရတယ်။ ဘိုးဘွားရိပ်သာဆို တာ အသက်ကြီးတဲ့ လူရွှင်တော်တွေပါပဲ။ မိသားစုဝင်တွေကိုတော့ ကျွန်တော်တို့ လက်ခံမှာမဟုတ်ပါဘူး။ လူရွှင်တော်မှာက သင်ရိုးသင်တန်းမရှိဘူး။ အဲဒီတော့ လူရွှင်တော်ဆရာကြီးတွေရှိတဲ့ အချိန်မှာ တောင်ရှည်ဝတ်နည်း၊ ခွန်းတောက်ဆို နည်းစတဲ့ ပညာရပ်တွေကို ဆရာကြီး တွေနဲ့ တိုင်ပင်ပြီးတော့ သင်တန်းလေးပုံစံ နဲ့ပြုလုပ်ဖို့  ကျွန်တော်တို့ အစီစဉ်ရေးဆွဲ ထားပါတယ်” လို့ လူရွှင်တော်အသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးဒိန်းဒေါင်က ပြောပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here