ပြည်သူတွေကိုကျေးဇူးဆပ်တဲ့အနေနဲ့ လူနာတင်ယာဉ် အခမဲ့ ပိုဆော့င်ပေးနေတဲ့ အောင်သော် (Five Star)

0
164

Five Star အဖွဲ့မှ လူရွှင်တော် အောင်သော်က မဇ္ဈိမလူမှု ကယ်ဆယ်ရေးအသင်းကို တည်ထောင်ထားပါတယ်။ ဒီအသင်း အနေနဲ့ကတော့ အခြေခံလူတန်းစားတွေအတွက် အခမဲ့စနစ် အနေနဲ့၂၄နာရီ လူနာတင်ယာဉ်ပြေးဆွဲပေးနေပါတယ်။ လက်ရှိ မှာတော့ လူနာတင်ယာဉ် တစ်စီးတည်းနဲ့ကူညီပို့ဆောင်ပေး လျက်ရှိပြီး လှိုင်သာယာမှာ အခြေစိုက်ထားတယ်လို့ သိပါတယ်။ Five star အဖွဲ့မှ လူရွှင်တော် အောင်သော်က မဇ္ဈိမလူမှု ကယ်ဆယ်ရေးအသင်းကို တည်ထောင်ထားပါတယ်။ ဒီအသင်း အနေနဲ့ကတော့ အခြေခံလူတန်းစားတွေအတွက် အခမဲ့စနစ် အနေနဲ့၂၄နာရီ လူနာတင်ယာဉ်ပြေးဆွဲပေးနေပါတယ်။ လက်ရှိ မှာတော့ လူနာတင်ယာဉ် တစ်စီးတည်းနဲ့ကူညီပို့ဆောင်ပေး လျက်ရှိပြီး လှိုင်သာယာမှာ အခြေစိုက်ထားတယ်လို့ သိပါတယ်။

“လူနာတင်ယဉ်တွေထပ်မံတိုးပွားလာအောင်တော့ လုပ်ဖို့ရှိ ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကတော့လည်း ကျွန်တော့်မှာ ရှိတဲ့ ငွေကြေးလေးရယ်၊ လှူတန်းကြတဲ့ငွေ ကြေးလေးရယ် အား လုံးပေါင်းစပ်ပြီး တော့လုပ်ကြရတာပါ။ ဘတ်ဂျက်ကလည်း တောင့်တင်းတဲ့အသင်း မဟုတ်ပါဘူး။ အလှူရှင်များရဲ့အလှူ ငွေများနဲ့ပဲ လည်ပတ်နေရတဲ့ အသင်းဆိုတော့ ကြိုးစားရမှာပါ။ အသင်းရဲ့ရေရှည် Plan ကတော့ ကျွန်တော်တို့နဲ့အတူ လက်တွဲ နေတဲ့ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတစ်ခုဖြစ် အောင်တော့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်”လို့ အသင်းနဲ့ ပတ်သက်လို့ ကိုအောင်သော်က ပြောပါတယ်။ အခုလို မျိုးပြည် သူတွေအတွက် ကူညီပေးရတာကို လည်း သူ့အနေနဲ့ ပီတိဖြစ်ရပြီး ဒီအလုပ်က သူလုပ် ချင်တဲ့အလုပ်ပဲ ဖြစ်တယ်လို့ သူကပြောပါတယ်။ “ကျွန်တော်ကလှိုင်သာယာမှာ နေခဲ့တာကိုး။

ကျွန်တော့်အမေကလည်း လှိုင်သာယာမှာ ဆုံးပါး သွားတာဗျ။ အဲဒီအချိန်တုန်းက ဒီလို အသင်းတွေ မပေါ်သေးဘူး။ မပေါ် သေးတော့ ကျွန်တော့်အမေ က ဆေးရုံတက်ဖို့အခက်အခဲရှိတော့ ဆေးရုံကား ခေါ်တဲ့အခါမှာ လွန်ခဲ့တဲ့၁ဝနှစ်ကျော်တုန်းကပေါ့ လူနာတင်ယာဉ်ငှားရမ်းခ ၆သောင်းကျပ် တောင်း တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ မိသားစု ၆သောင်းကျပ်မပြောနဲ့ ၆ထောင်ကျပ်တောင် မရှိခဲ့ဘူး။ မနက်မိုးလင်းကျမှ အမေ့ကိုဆေးရုံတင် တော့ အမေ့အသက်မမီတော့ဘူး။ အားလုံး ကျွန်တော့်အမေလိုမဖြစ်ရအောင် အချိန်နဲ့တစ် ပြေးညီဆောင်ရွက်နိုင်အောင် ကျွန်တော်နေခဲ့တဲ့ နေရာလေးကို ကျေးဇူးပြန်ဆပ်တာပါ။ နောက် ပိုင်းမှာလည်း ကျွန်တော့်အနေနဲ့တတ်နိုင်တဲ့ ဘက်ကနေ ကျွန်တော်တို့ကို အားပေးတဲ့ပရိသတ် တွေ၊ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေကို တတ်နိုင်တဲ့ ဘက်ကနေ ကူညီပံ့ပိုးပေးသွားပါ့မယ်။ ကျေးဇူး ပြန်ဆပ်သွားပါမယ်”လို့ လူနာတင်ယာဉ်အခမဲ့လုပ် ဆောင်ပေးဖြစ်ရခြင်းအကြောင်းကို အောင်သော် က ပြောပြပါတယ်။ ကိုအောင်သော်က လူရွှင်တော်အသင်း (ရန်ကုန်)မှာလည်း အတွင်းရေးမှူးတစ်ဦးအဖြစ် ဆောင် ရွက်လျက်ရှိနေပြီး သူ့အနေနဲ့လူရွှင် တော်အသင်းရဲ့လုပ်ဆောင်မှုတွေမှာ တစ်တပ် တစ်အား လုပ်ဆောင်ပေးနေလျက်ရှိပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here