အလှမယ် ထက်ထက်ထွန်း ဖွင့်လှစ်တဲ့ Model Museum Myanmar Model Agency and Training School

0
246

Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်း ဦးစီးဖွင့်လှစ်တဲ့Model Museum Myanmar Model Agency and Training School ဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာလ ၉ ရက်နေ့  ည ၅ နာရီ၊ ဇောတိကလမ်း  အမှတ် ၅၆ဝ ဗ ၊သင်္ကန်းကျွန်း မြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲ အထူးအစီစဉ်အနေနဲ့ ပထမဆုံး သင်တန်းလာအပ် သူ၉ဦးကို သင် တန်းကြေး ၅ဝရာခိုင်နှုန်းလျော့ချ ပေးသွားမှာဖြစ်ကြောင်း သိရပါ တယ်။

 ဒီသင်တန်း ဖွင့်လှစ်ဖြစ်ပုံကို တော့ အလှမယ် ထက်ထက်ထွန်းက “ထက်မော်ဒယ်လုပ်လာတဲ့ သက်တမ်းတစ်လျောက်မှာ ထက်ရဲ့ စိတ်ကူးယဉ် အိမ်မက်တစ်ခုပေါ့ နော်။ ထက်တစ်နေ့ကျရင် ဒီလိုလေး သင်တန်းလေးဖွင့်ပြီး ထက်လိုပဲ  ဝါသနာပါတဲ့ ဝါသနာရှင်တွေအတွက် လမ်းကြောင်းမှန်လေးတစ်ခု ကိုယ် ကနေ Supporting လေးလုပ်ပေး ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေး နဲ့ ထက်လုပ်ဖြစ်တာပါ။ အခုချိန်မှာ ထက်လည်း ထိုက်သင့်တဲ့အနုပညာ ဝမ်းစာတွေ လည်းရှိလာပြီ။ Image တစ်ခုလည်း ရှိလာပြီလို့ ကိုယ့်ကိုယ် ကိုယ်ယုံကြည် လာတဲ့အတွက် ထက် ဒီသင်တန်းလေးကို စပြီးလုပ်ဖြစ်သွား တာပါ”လို့ ပြောပြပါတယ်။အဆိုပါ သင်တန်းကို တက်ရောက်မယ့် သင် တန်းသားများကို course နှစ်ပိုင်းဖြင့် သင်တန်းများ ပို့ချပေးသွားမှာဖြစ် ကြောင်းနဲ့သင်ကြားပေးမယ့် Trainner များအကြောင်းကို ထက်ထက်ထွန်းက အခုလိုပြောပြပါတယ်။

“သင်တန်းမှာ course နှစ်ခုခွဲထားပါတယ်။ မော်ဒယ်တွေ၊ Mister တွေ  Miss တွေ ဖြစ်ချင်တဲ့ သူတွေမှမဟုတ်ဘူး။ သာမန်လူတွေ၊ ရုံးသမားတွေ ဝန်ထမ်းတွေ အားလုံး အတွက် သူတို့ရဲ့ နေ့စဉ်လုပ်ငန်းခွင် မှာ စမတ်ကျကျနဲ့ နေထိုင်သွားလာမှု ပုံစံတွေ၊ စားသောက်ပုံတွေ၊ ဝတ်စား ဆင်ယင် ပုံတွေ၊ အဲဒါတွေ အကုန် လုံးကို သင်ကြားပေးနိုင်တဲ့ course နှစ်ခုတစ်ခုအဖြစ် ခွဲထားတာရှိပါ တယ်။ ဒါတွေအတွက်ကို သက်သက် လာ တက်ချင်လည်းရပါတယ်။ ဒီအတွက်ဆိုရင် သင်တန်းကြေးက တစ်သိန်းယူပါတယ်။course နှစ်ခုအနေနဲ့ကျတော့ Modelling နဲ့ ပတ်သက်တဲ့ အပိုင်းလေး Mister တွေ၊ Miss တွေအတွက် CatWalk ပိုင်းတွေ တခြားဖိုတိုရှုတင်ပိုင်း တွေပါမယ်ပေါ့နော်။ အဲဒီအပိုင်း တွေကတော့ Course 2 ပေါ့။ ဒါကို လည်း သင်တန်းကြေး ကျပ်တစ် သိန်းယူပါတယ်။ သင်တန်း သားတွေ ကိုတော့ လက်ခံနေပါပြီ။  သင်တန်း ကိုတော့ စက်တင်ဘာလ တတိယ အပတ်လောက်မှာ စဖွင့်ပါမယ်။ နောက်တစ်နှစ်တစ်ကြိမ်ကို သင်တန်း သား၊သင်တန်းသူတွေ ယှဉ်ပြိုင်ဖို့ အတွက်  Mister and Miss ပြိုင်ပွဲလေးလည်း လုပ် ပေးသွားဦးမှာ။ ထက်တို့ရဲ့ Brand Ambrassador အနေနဲ့ Mister Miss တွေ မွေးထုတ်သွားဦးမှာပါ”လို့ ထက်ထက်ထွန်းက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here