ဇာတ်ပို့ဇာတ်ရံတွေ ရိုက်ကွင်းပေါ်မှာ အနှိမ်ခံရတာတွေ အများကြီးရှိတယ် အကယ်ဒမီ အောင်ခိုင်

0
318

ရုပ်ရှင်အမှုဆောင်သစ် ရွေးချယ်ပွဲမှာတော့ ရုပ်ရှင်လောက အလွှာအသီးသီးမှ အနုပညာရှင်များ ပါဝင်အရွေးချယ်ခံကြမယ်လို့လည်း သိရပါတယ်။ ဒီရုပ်ရှင်ရွေးကောက်ပွဲမှာ ရုပ်ရှင်လောကမှာ နှစ် ပေါင်းများစွာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ် ဆောင် ဦးအောင်ခိုင်ကလည်း ဇာတ်ပို့ဇာတ်ရံ အလွှာမှ ဝင်ရောက်အရွေးခံမယ်လို့သိရပါတယ်။  ရုပ်ရှင်အမှုဆောင်သစ် ရွေးချယ်ပွဲမှာတော့ ရုပ်ရှင်လောက အလွှာအသီးသီးမှ အနုပညာရှင်များ ပါဝင်အရွေးချယ်ခံကြမယ်လို့လည်း သိရပါတယ်။ ဒီရုပ်ရှင်ရွေးကောက်ပွဲမှာ ရုပ်ရှင်လောကမှာ နှစ် ပေါင်းများစွာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ် ဆောင် ဦးအောင်ခိုင်ကလည်း ဇာတ်ပို့ဇာတ်ရံ အလွှာမှ ဝင်ရောက်အရွေးခံမယ်လို့သိရပါတယ်။

  “ရွေးချယ်ခံဖို့အတွက် စာရင်းတော့ တင်ထားတယ်။ ဦးအောင်ခိုင်က လက်ရှိ လည်း ဇာတ်ပို့ဇာတ်ရံအလွှာရဲ့ ဥက္ကဋ္ဌတစ် ယောက်ဖြစ်နေတယ်။ ဇာတ်ပို့ဇာတ်ရံအလွှာက ဘယ်လိုပြောမလဲဆိုတော့ အားနည်းချက်တွေ အများကြီးရှိတယ်။ ဇာတ်ပို့ဇာတ်ရံတွေ ရုပ်ရှင် ရိုက်ကွင်းတွေအပေါ်မှာ အနှိမ်ခံရတာတွေ အများကြီးရှိတယ်။ ဦးအောင်ခိုင်ကတော့ အမှန်တရားကို တည့်တည့်ပြောတတ်တယ်။ တည့်တည့်ပြော တတ်တဲ့အခါကျ တော့ တချို့က တည့်တည့်ကြည့် တယ်။ အဲဒီအခါကျတော့ ဦးအောင်ခိုင်ကို မုန်းတယ်။ ဒါပေမဲ့လို့ ဦးအောင် ခိုင်သိပ်တော့ ဂရုမစိုက်ပါဘူး။ ကိုယ်က ကိုယ့်အလွှာ (ဇာတ်ပို့ဇာတ်ရံ)အတွက် ကိုယ်ရင်းပေးရတာ ကျေနပ် ပါတယ်။ အများ အကျိုးအတွက် အများအမုန်းခံရလည်း စိတ်ထဲမှာ ဘယ်လိုမှ မမြင်ပါဘူး။

ကိုယ်က အမုန်းခံလိုက်ရလို့ အများတကာ အကျိုးထူးတစ်ခုရ မယ်ဆိုရင် ဦးအောင် ခိုင်ကျေနပ်တယ်။ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲမှာလည်း ဦးအောင်ခိုင် ဝင်အရွေးခံဖို့ စာရင်းပေးထားပါတယ်။ အမှန်တရားကို အမှန်လို ပဲမြင်တတ်တဲ့ အမှန်တရားဘက်ကလက်ခံတတ်တဲ့ ဘက်တော် သားတစ်ယောက်အဖြစ်နဲ့ ဦးအောင်ခိုင် ဒီပွဲမှာ မှန်ကန်တဲ့ယှဉ်ပြိုင်မှုနဲ့ ဝင်အရွေးခံမှာပါ”လို့ ဦးအောင်ခိုင်က အမှုဆောင်သစ်ရွေးချယ်ပွဲမှ ဝင် ရောက်ယှဉ်ပြိုင် အရွေးခံမယ့်အကြောင်း ပြောပြခဲ့ ပါတယ်။  ဦးအောင်ခိုင်အနေနဲ့ ဇာတ်ပို့ ဇာတ်ရံအမှုဆောင် ဥက္ကဋ္ဌအဖြစ် ရုပ်ရှင်အစည်းအရုံးမှာ တာဝန်ကျေ ပွန်စွာ လောကအကျိုး သယ်ပိုးခဲ့သလို အခုရွေး ကောက်ပွဲမှာလည်း ပြန်လည်အရွေးချယ်ခံရပါက တာဝန် ကျေပွန်စွာ ထမ်းရွက်သွားမယ့်အကြောင်း ကိုလည်းသူက…

“ဦးအောင်ခိုင်လုပ်ပေးခဲ့တဲ့ ၆နှစ်တာကာလ အတွင်းမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ အခွင့်အရေး တစ်ပြားတစ်ချပ်မှ မယူခဲ့ဘူး။ တစ်ပြား တစ်ချပ်မှ မယူခဲ့ဘူးဆိုရင် လိမ်ရာကျဦးမယ်။ အစည်း အရုံးအမှုဆောင် အင်္ကျီထုတ်ပေးတဲ့ ယူနီဖောင်းတော့ ဝတ်ခဲ့တယ်။ အစည်းအရုံးက ရုံးတက်တဲ့အချိန်မှာ ကျွေးတဲ့နေ့လယ်စာ ထမင်းတော့ စားခဲ့တယ်။ ကျန်တဲ့ ငွေရေးကြေးရေးအပိုင်း၊ အဲဒီအပေါ်မှာ တစ်ပြားတစ် ချပ်မှ အခွင့်အရေးမယူခဲ့ဘူး။ လောကအတွက်ပေါ့။ ကိုယ့်အလွှာကနေပြီး တစ်လောကလုံးအတွက် တတ်နိုင် တဲ့ဘက်က လုပ်အားပေးတယ်။ တကယ်လို့ အရွေး ချယ်ခံခဲ့ရမယ်ဆိုရင်လည်း ဦးအောင်ခိုင်ရဲ့ လုပ်အားက တစ်ပြားမှလျှော့သွားမှာ မဟုတ်ပါဘူး++လို့ ဦးအောင် ခိုင်က ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here