“ရဲလေး ရဲ့ ၉ ခွေမြောက် တစ်ကိုယ်တော်ခွေ ဘာတွေထူးခြားမလဲ”

0
311

အဆိုတော် ရဲလေးက သူ့ရဲ့ ၉ ချပ်မြောက် တစ်ကိုယ်တော်ခွေကို ၂ဝ၁၈ ခုနှစ်မှာ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီအခွေ အတွက်လည်း သီချင်းဖန်တီး မှုတွေ ပြုလုပ်နေပြီး ရဲလေးရဲ့ နဂို ပုံစံအတိုင်း Hip Hop နဲ့ R & B  စံချိန်စံနှုန်း အတိုင်းပဲ ထွက်ပေါ်လာ မယ်လို့ ရဲလေးက ဆိုပါတယ်။ ပရိ သတ်တွေ အတွက် ကြိတ်ကြိုးစားနေတယ် ဆိုတဲ့ ရဲလေးရဲ့ ၉ ခွေမြောက် အယ်လ်ဘမ် အတွက် ပြင်ဆင်မှု အကြောင်းအရာ တွေကတော့…အဆိုတော် ရဲလေးက သူ့ရဲ့ ၉ ချပ်မြောက် တစ်ကိုယ်တော်ခွေကို ၂ဝ၁၈ ခုနှစ်မှာ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီအခွေ အတွက်လည်း သီချင်းဖန်တီး မှုတွေ ပြုလုပ်နေပြီး ရဲလေးရဲ့ နဂို ပုံစံအတိုင်း Hip Hop နဲ့ R & B  စံချိန်စံနှုန်း အတိုင်းပဲ ထွက်ပေါ်လာ မယ်လို့ ရဲလေးက ဆိုပါတယ်။ ပရိ သတ်တွေ အတွက် ကြိတ်ကြိုးစားနေတယ် ဆိုတဲ့ ရဲလေးရဲ့ ၉ ခွေမြောက် အယ်လ်ဘမ် အတွက် ပြင်ဆင်မှု အကြောင်းအရာ တွေကတော့…

“ကျွန်တော့်ရဲ့ ၉ ခွေမြောက် အယ်လ်ဘမ် မှာလည်း ပရိသတ်တွေ လက်ခံထားတဲ့ ရဲလေးရဲ့ ပုံစံထဲကပဲ လာမှာပါ။ ၂ဝ၁၈ ခုနှစ်ထဲမှာပေါ့။ အယ်လ်ဘမ် ထွက်လာတဲ့ အခါမှာ လည်း Music Video လေးတွေ ဆက်တင်သွားမယ်။ Hip Hop  နဲ့ R & B ကို ကြိုက်နှစ်သက်တဲ့ ပရိသတ် တွေ အားလုံး အတွက်တော့ ဒီစံချိန် စံနှုန်း အတိုင်းပဲလာမယ်။ သီချင်း အသစ်တွေလည်း အများကြီး လုပ်နေပြီး Featuring အသစ်တွေလည်းပါမယ်။ ပုံမှန်မြင်နေကျထက် အများကြီး ဆန်းသစ် သွားတာမျိုး တွေတော့ မပါပါဘူး။ ဒီအခွေ ထွက်ရှိမယ့်အချိန် အတိအကျ ကိုတော့ အချိန်တန် ရင် အကုန်အသိပေးသွားမှာပါ။ အကောင်းဆုံး လုပ်နေတယ်လို့ပဲ ပရိသတ်တွေ သဘောထား ပေးစေချင်တယ်။ ပရိသတ်တွေကို ကျွန်တော် ကြိတ်ပြီး ကြိုးစားနေတယ်လို့ ဆိုရင် ပိုပြီး မှန် ပါလိ့်မယ်” လို့ ရဲလေးက ပြောပြပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ ကလည်း ရဲလေးရဲ့ “အောင်မြင်မှုခရီးစဉ်” အယ်လ်ဘမ်ထဲက “ကျောက်ဆောင်” ဆိုတဲ့ သီချင်းရဲ့ Music Video ကို YLJK Page က တစ်ဆင့် ပရိသတ် တွေအတွက် ဖြန့်ချိ ပေးခဲ့ပါတယ်။ ညီအစ်ကို နှစ်ယောက် ပြလုပ်ထားတဲ့ YLJK Page နဲ့ ပရိ သတ်တွေ ထိတွေ့မှု အကြောင်းကို မေးမြန်းတော့…

“YLJK Page လေးကိုတောာ့ ပရိသတ်တွေ တော်တော်များများ လက်ခံကြတယ်။ ဒီ Page လေးမှာတော့ ဟာသတွေရော၊ သီချင်းလေးတွေ၊ MTV လေးတွေ တင်ပေးလေ့ရှိတယ်။ ဂျိုကာနဲ့ကျွန်တော် နှစ်ယောက်ပူး ပေါင်းလုပ်ထားတာကို ပရိသတ်တွေ ကြိုက်ကြတဲ့ အတွက် လည်း ကျေးဇူးတင်တယ်။ နောက်ထပ်လည်း ကဗျာတွေတင်သွားဦးမှာပါ” လို့ ရဲလေးက ပြောပြပါတယ်။

မြတ်မိုးပွင့် ၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here