အလှမယ် ဇွန်သံစဉ် ဘာကြောင့် မျက်နှာခွဲစိတ်မှု မလုပ်ဖြစ်တော့တာလဲ

0
165

Miss Universe 2017 ပြိုင်ပွဲကြီးကို သွားရောက် ယှဉ်ပြိုင်တော့မယ့် Miss Universe Myanmar 2017 အလှမယ် ဇွန်သံစဉ်က ပြိုင်ပွဲ အတွက် လိုအပ်ချက် များကို အကောင်းဆုံး ပြင်ဆင်နေသလို၊ သူ့ရဲ့မျက်နှာ အလှ အပပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ခွဲစိတ်ပြုပြင် မှုများ ပြုလုပ်သွားဖို့ အစီ အစဉ်တွေ ရှိခဲ့ပါတယ်။ တကယ်ပြုပြင်ခွဲစိတ်ဖို့ အတွက် ဆရာဝန်နဲ့ တိုင်ပင် ကြည့်တဲ့အခါမှာ ဆရာဝန်တွေက ခွင့်မပြုတဲ့ အတွက် ခွဲစိတ်ပြုပြင်မှု မလုပ်ဖြစ်တော့ကြောင်း ကို အလှမယ် ဇွန်သံစဉ်က အခုလို ပြောပြပါတယ်။ “ကိုယ်ကပြင်ချင်တာပေါ့နော်။ လူတိုင်းက တော့ ပြည့်စုံတယ် ဆိုတာ မရှိဘူးပေါ့။ ကိုယ့်ရဲ့ အလှတရားမှာ မကျေနပ်ကြဘူးပေါ့။ ပိုလှ ချင်ကြတယ်။ ဒါပေမယ့်လည်း ညီမက ဆရာဝန်နဲ့ တိုင်ပင်ကြည့်တဲ့အခါမှာ ဆရာဝန် က ခွင့်မပြုပါဘူး။ အခုရုပ်ရည်က ပိုပြီး အဆင်ပြေတယ်လို့ ပြောပါတယ်။ တချို့ကြ တော့ သာမန်ထက် ပိုပြီးတော့ အခြေအနေ ဆိုးသွားတာ မျိုးတွေ ရှိတယ်။ ညီမဆိုရင် လည်း ဆရာဝန်တွေက အားမပေး ဘူး။ ဆရာဝန်တွေ ကတောင် အားမပေးတော့ ကိုယ်ကလည်း စိတ်ကူးနေတော့လည်း အပိုပဲ ပေါ့နော်။ လူတိုင်းကတော့ နဂိုလှတာထက် ကို ပိုလှချင်ကြ တာပဲ။ အဲဒီတော့ ညီမက ကိုယ့် ရဲ့အလှကို ယုံကြည်မှု ရှိတယ်။ ဒီအလှနဲ့ပဲ ကိုယ်ကတော့ ရှေ့ ဆက်သွားမှာပါပဲ။ ဆရာဝန်နဲ့ ထပ်ပြီး ဘာမှ မပြတာ။ တိုင် ပင်တာ မရှိတော့ပါဘူး။ အခု လောလောဆယ် ပရိသတ် တွေ ပြောတာပေါ့နော်။ မျက်နှာ ကိုတော့ သွယ်စေ ချင်တယ်။ ဒီလိုတွေ ရှိတာ ပေါ့နော်။ ဒါပေမယ့်လည်း ကိုယ်က မြန်မာရုပ်ရည်မျိုး ဖြစ်တဲ့အတွက် မြန်မာရုပ် ရည်ပဲ ထွက်မှာ ဆိုတော့ ဒါကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး မရဘူးဆို တော့လည်း မလုပ်တော့ ဘူး။ တခြားဘာမှလည်း လုပ်စရာ မရှိဘူး။ ဒီ မျက်နှာ တစ်ခုတည်းနဲ့ပဲ။ ပြီးတော့ ခန္ဓာကိုယ်ပိုင်း ကလည်း ကိုယ့်အမေ မွေးပေး ထားတဲ့ အတိုင်းပဲ အဆင်ပြေတယ်။ သြိပ လျော့တယ်။ လှအောင် လုပ်တယ်။ မျက်နှာ အလှလည်း မလုပ်တော့ဘူး။ လက်ရှိ အလှနဲ့ပဲ ယှဉ်ပြိုင်သွားမှာပါ” လို့ ပြောပါတယ်။

ဇင်မာနွယ် 

ဓာတ်ပုံ- ဇော်ဝင်းအောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here