ဇာတ်ဝင်ခန်း ဓာတ်ပုံအကြောင်း ဖြေရှင်းလိုက်တဲ့ ခင်ဇာခြည်ကျော်

0
232

အခုလတ်တလော “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ် ဆောင် ဇေရဲထက်နဲ့ ခင်ဇာခြည်ကျော်တို့ရဲ့ ဇာတ်ဝင်ခန်းဓာတ်ပုံ facebook ပေါ်မှာ ပျံ့နှံ့သွားတာကြောင့် ဇာတ်ဝင်ခန်းကို ပရိသတ် တော်တော်များများ စိတ်ဝင်စားကြတာကို တွေ့ရပါတယ်။ ဒီဇာတ်ဝင် ခန်းက ပရိသတ် စိတ်ဝင်စား အောင် ဖန်တီး ထားတာဖြစ်ကြောင်းကိုလည်း သရုပ်ဆောင် ခင်ဇာခြည်ကျော်က အခုလို ဖြေရှင်းခဲ့ပါတယ်။ “အစ်မဒီလိုရိုင်းတဲ့ ဇာတ်ဝင်ခန်းကို တစ်ခါမှမရိုက်ကူး ခဲ့ဖူးပါဘူး။ ဇာတ်ဝင်ခန်းထဲမှာလည်း ဒီလောက် မဆိုးပါဘူး။ ရိုးရိုးတန်းတန်းပါပဲ။ အဲဒါကို လူတွေစိတ်ဝင်စားမှု ရအောင် တစ်စုံတစ်ယောက် ပြုလုပ်ပါတယ်။ ဒီလို ဇာတ်ဝင်ခန်းမျိုး ရိုက်ကူးထားရင်လည်းဆင်ဆာရမှာ မဟုတ်ပါဘူး။ ဒီ ဇာတ်ကားရိုက်ကူး ပြီးပြီဆိုတော့ အားရကျေနပ်ခဲ့တယ်။ ဒီဇာတ်ကား ထွက်ရှိ လာရင်လည်း အစ်မရဲ့ကြိုးစားမှုကိုသိရမှာပါ”လို့ခင်ဇာခြည်ကျော် ကပြောပြခဲ့ပါ တယ်။ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင် ဇာတ်ကားက ဒါရိုက်တာ ရွှေရေးထင်ထင် ရိုက်ကူးတဲ့ ခေတ်မီ ဇာတ်ကားတစ်ကားဖြစ်ပြီး ခင်ဇာခြည်ကျော်က သူကိုယ် တိုင်ပါဝင် သရုပ်ဆောင်ရတဲ့ ကာရိုက်တာ ကိုတော့ “ဒီဇာတ်ကားမှာ အစ်မရဲ့ ကာရိုက် တာက အိမ်ထောင်ရှိတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးမှာ သာယာမှုမရှိတဲ့ အတွက် ဇေရဲထက်ကို စပွန်ဆာပေးတယ်။ ကောင်လေးနဲ့ ငြိနေတယ်။ ဒီဇာတ် လမ်းက ကိုရီး ယားဆန်တယ်။ အစ်မအနေ နဲ့ အရင်တုန်းက ရိုးရိုးယဉ်ယဉ်တွေ၊ ဒရာမာတွေ ရိုက်ကူးတာများတယ်။ ဟာသ ဇာတ်ကားတွေလည်း ရိုက်ကူးတယ်။ အခုဇာတ်ကားရဲ့ ကာရိုက်တာက နည်းနည်းဆန်းပါတယ်”လို့ ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here