ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဘယ်သူဖြစ်မလဲ

0
209

 မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်ပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နဲ့ ၂၄ရက် နေ့တို့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ အမှုဆောင်သစ်ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ် သူ ပန်းချီစိုးမိုးက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်ပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နဲ့ ၂၄ရက် နေ့တို့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ အမှုဆောင်သစ်ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ် သူ ပန်းချီစိုးမိုးက “အပြုသဘော မဆောင်တဲ့ ပြောနည်းကို ကျွန်တော် ဘယ်သူ့မှ လက်မခံဘူး။ ရွေးကောက်ပွဲနဲ့ ပတ် သက်လို့ ကြိုတင်ပြင်ဆင်မှု အား ကောင်းကောင်းနဲ့ လုပ်ထားတဲ့    အတွက် အခုမြင်တဲ့အတိုင်းပဲ စည်စည်   ကားကားနဲ့ တိတိကျကျဖြစ်သွားပါ တယ်”  လို့ပြောပါတယ်။ ဆက်လက် ပြီး ဒါရိုက်တာ အခြေခံအလွှာမှ ဆန္ဒ မဲ လာရောက်ပေးခဲ့တဲ့ ဒါရိုက်တာ ဝိုင်းက “ဒါကတော့ ကိုယ့်လောက သားတစ်ယောက်အနေနဲ့ ကိုယ့် တာဝန် ကိုယ်ကျေအောင်တော့ မဲလာထည့်ရတာပေါ့။ အဲဒီတော့ ကိုယ်ကြိုက်တဲ့သူပဲ ကိုယ်မဲထည့်ခဲ့ပါ တယ်” လို့ ပြောပါတယ်။  ထို့နောက် ဒါရိုက်တာမိုက်တီး ကလည်း “ရွေးကောက်ခံ ကိုယ်စား လှယ်ကလည်း ဒီမှာလာရောက် ရွေး တဲ့အထဲမှာ တော်တော်နည်းတယ်။ ပြောစရာထွေထွေ ထူးထူးကတော့ မရှိဘူး။ ဥပမာ  Constitution  မပြင် ရသေးတဲ့အခါ ကျတော့ ဒါကလည်း နီးမှ ကပ်ပြင်လို့ ရတာ မဟုတ်ဘူး။ ဥပမာ ပြဇာတ်လို အလွှာမျိုး၊ လူ နှစ် ယောက်လောက်ပဲ ရှိတဲ့ အလွှာမျိုးဆို တာ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ဒါက ရုပ်ရှင်လောက အတွက် သိပ်နစ်နာ တယ်။ နောက်တစ်ခါ ကျတော့ အသက် ကြီးလွန်းသူများ၊ အသက်ကြီးပြီးတော့ ကျန်းမာရေးပါ ချို့ယွင်းတဲ့ သူတွေ မဖြစ်သင့်ဘူး။ သေသေချာချာ လုပ် နိုင်တဲ့သူ ဖြစ်ရမယ်။ စေတနာပါတဲ့သူ ဖြစ်ရမယ်။ ငွေရေး ကြေးရေး တောင့် တင်းတဲ့သူဖြစ်မှ ဒီလိုမျိုး ပရဟိတ အလုပ်ကို ကိုယ်ကျိုး စွန့်ပြီး လုပ်နိုင် မှာပါ”လို့ လာရောက် မဲပေးစဉ် ပြော ကြားခဲ့တာ ဖြစ်ပါတယ်။
အသစ်ပြန်လည် ရွေးချယ်တင် မြှောက်မယ့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ်တွေ က ဘယ်လို အနုပညာရှင်၊ အတတ် ပညာရှင်တွေ ဖြစ်ကြမလဲ ဆိုတာနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအသစ်အဖြစ် ဘယ်လိုလူမျိုး ကို မဲပေးရွေးချယ် တင်မြှောက်ကြမလဲ ဆိုတာ စိတ်ဝင်စားစရာ အချက် တစ်ချက် ဖြစ်ပါတယ်။ မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here