ဂျပန်သို့ သင်တန်းသား အဖြစ် သွားရောက်လုပ်ကိုင်ပြီး ပြန်လာသူများကို ပြည်တွင်းတွင် အလုပ်ရှင်များနှင့် ချိတ်ဆက်ပေးမည်

0
173

ဂျပန်နိုင်ငံကို အေဂျင်စီတွေ ကတစ်ဆင့် သင်တန်းသား အဖြစ် တရားဝင်သွားရောက် အလုပ်လုပ် ကိုင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ လုပ်သားတွေကို မိမိတို့လုပ် ကိုင်ခဲ့တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီ မယ့် အလုပ်နေရာတွေ ပြည်တွင်း မှာပဲ ခန့်ထားနိုင်ဖို့ ဆောင်ရွက်မယ်လို့ သိရပါတယ်။ ကုမ္ပဏီတွေ က အလုပ် သမားလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေကို တိုက်ရိုက်ခေါ်ယူသွား မှာဖြစ်ပြီး အလုပ် လုပ်ချင်တဲ့လုပ်သား တွေအနေနဲ့ အလုပ်သမားနှင့် လူဝင် မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို အလုပ် လျှောက်လွှာပေးပို့ လျှောက်ထားရမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနကနေ သိ ရပါတယ်။ လာမယ့် အောက်တို ဘာလ ၂၇ ရက်နေ့ကျရင် ရန်ကုန်မြို့ မှာ “နည်းပညာ သင်တန်းသားများ အတွက် အလုပ်အကိုင် ချိတ်ဆက်ပွဲ အခမ်းအနား (Job Matching Event for the Technical Intern Trainess)” လို့အမည်ရတဲ့ အခမ်း အနားကို ကျင်းပပြုလုပ် သွားမှာ ဖြစ်ပြီး အဲဒီအခမ်းအနားမှာ အလုပ် လုပ်ကိုင်လို သူတွေနဲ့ အလုပ်ခေါ်ယူ လို့တဲ့ ကုမ္ပဏီတွေ အကြားချိတ်ဆက် ကာ အလုပ်ခန့်အပ် သွားမှာဖြစ်တယ် လို့ သိရပါတယ်။ဂျပန်နိုင်ငံကို အေဂျင်စီတွေ ကတစ်ဆင့် သင်တန်းသား အဖြစ် တရားဝင်သွားရောက် အလုပ်လုပ် ကိုင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ လုပ်သားတွေကို မိမိတို့လုပ် ကိုင်ခဲ့တဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီ မယ့် အလုပ်နေရာတွေ ပြည်တွင်း မှာပဲ ခန့်ထားနိုင်ဖို့ ဆောင်ရွက်မယ်လို့ သိရပါတယ်။ ကုမ္ပဏီတွေ က အလုပ် သမားလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေကို တိုက်ရိုက်ခေါ်ယူသွား မှာဖြစ်ပြီး အလုပ် လုပ်ချင်တဲ့လုပ်သား တွေအနေနဲ့ အလုပ်သမားနှင့် လူဝင် မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို အလုပ် လျှောက်လွှာပေးပို့ လျှောက်ထားရမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနကနေ သိ ရပါတယ်။ လာမယ့် အောက်တို ဘာလ ၂၇ ရက်နေ့ကျရင် ရန်ကုန်မြို့ မှာ “နည်းပညာ သင်တန်းသားများ အတွက် အလုပ်အကိုင် ချိတ်ဆက်ပွဲ အခမ်းအနား (Job Matching Event for the Technical Intern Trainess)” လို့အမည်ရတဲ့ အခမ်း အနားကို ကျင်းပပြုလုပ် သွားမှာ ဖြစ်ပြီး အဲဒီအခမ်းအနားမှာ အလုပ် လုပ်ကိုင်လို သူတွေနဲ့ အလုပ်ခေါ်ယူ လို့တဲ့ ကုမ္ပဏီတွေ အကြားချိတ်ဆက် ကာ အလုပ်ခန့်အပ် သွားမှာဖြစ်တယ် လို့ သိရပါတယ်။ “ကျွန်မတို့ အခုချိတ်ဆက်နေ တုန်းပါ။ ပထမ အောက်တိုဘာ ၁၃ ရက်နေ့လုပ်ဖို့ စီစဉ်ထားတာ။ ဒါ ပေမဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ကိုရွှေ့ဆိုင်းလိုက်တယ်။ လျှောက် လွှာပိတ်ရက်ကိုလည်း ပထမ ၉လ ပိုင်း ၂၄ ရက် လို့ကြေညာ ထားပေမယ့် ရွှေ့ဆိုင်းလိုက်ပါတယ်။ ရက်တော့ အတိအကျ မသိသေးဘူး။ ဒီကြားထဲ လျှောက်လို့ ရပါတယ်” လို့ အလုပ် သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက တာဝန် ရှိသူ တစ် ဦးကဆိုပါတယ်။
အလုပ်လျှောက်ထားလိုတဲ့ သူတွေအနေနဲ့ အချက် ၅ ချက်နဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။
အဲဒါတွေကတော့ –

(၁) မြန်မာနိုင်ငံသားဖြစ်ရမည်။

(၂) ဂျပန်နိုင်ငံ၏ လူဝင်မှုကြီးကြပ် ရေးနှင့် သက် ဆိုင်သည့် ဥပဒေအရ Technical Intern Training System ဖြင့်နေထိုင်ခဲ့ပြီး ဂျပန်နိုင်ငံ တွင် အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိရမည်။

(၃) ဂျပန်ကုမ္ပဏီ များတွင် အလုပ်လုပ်ကိုင်လိုသော စိတ်ရှိရမည်။ (၄င်းတို့ကို အလုပ် သမားအဖြစ် စုဆောင်းရန်ရည်ရွယ် သော မြန်မာကုမ္ပဏီများ အပါ အဝင်ဖြစ်ကောင်းဖြစ်နိုင်မည်)

(၄) အလုပ်ရှိသောသူများကို စာရင်းမှ ဖယ်ရှားနိုင်မည် မဟုတ်ပါ ။ သို့ရာ တွင် ယခုကျင်းပသည့် အလုပ်အကိုင် ချိတ်ဆက်ပွဲမှ တစ်ဆင့် ဂျပန်ကုမ္ပဏီ များက ၄င်းတို့ကို အလုပ်သမားအဖြစ် စုဆောင်းခြင်း ခံရပါက လက်ရှိ အလုပ်နှင့်ချုပ်ဆို ထားသောစာချုပ် ကို ၄င်းတို့ဘာသာအဆုံးသတ်ရမည်။

(၅) ပါဝင်မည့်သူသည်ဂျပန် ဘက်က ပြုစုထားသော ဝင်ခွင့် စာရွက် တွင်လိုအပ်သော အချက်များကို ရိုး သားစွာဖြည့်စွက်ရမည်။ ၄င်းစာရွက် ကိုဖြည့်စွက်ထားသော အချက်များကို သဘောတူရမည်။ (ပါဝင်သည့် ကုမ္ပဏီ များကို၎င်း စာရွက်ကို ပေး မည်ဖြစ်သည်)စတဲ့အချက်တွေပဲ ဖြစ် ပါတယ်။

အသေးစိတ် သိရှိလိုသူတွေ အနေနဲ့ အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ဝ၆၇-၄၃ဝ၁၈၃ ကိုဆက်သွယ်စုံစမ်းမေးမြန်း ကြဖို့လည်း ဝန်ကြီးဌာနကပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here