YBS ယာဉ်စီးခကို ကတ်စနစ်ဖြင့် ငွေပေးချေမှု၂ဝ၁၈ခုနှစ်တွင် စတင်မည်

0
91

YBS ဘတ်‌စ်‌ကားတိုင်း တွင်‌ ခ ရီးမိုင်‌ အလိုက်‌‌ စီးနင်းခ ‌ဖြတ်‌‌တောက် မည့်‌ ကတ်‌စနစ်‌‌ငွေ‌ပေး‌ချေမှုကို ၂ဝ၁၈ခုနှစ်‌တွင်‌ စတင်‌ လုပ်‌‌ဆောင်မည်‌ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ “ကျွန်‌‌တော်‌တို့ ၁၉ရက်‌‌ နေ့က အစည်းအ‌ဝေး လုပ်‌တယ်‌။ စက်တင်‌ဘာလ ၂၉ ရက်‌‌နေ့‌မှာ တင်‌ဒါပိတ်‌ မယ်‌။ တင်‌ဒါရတဲ့ ကုမ္ပဏီနဲ့ လုပ်‌‌ဆောင်‌မှာပါ။‌ နောက်‌နှစ်‌ဆန်းပိုင်း‌ လောက်‌ စတင်‌လုပ်‌‌ဆောင်‌သွားမယ်‌” ဟု ‌ဒေါက်‌‌တာ‌မောင်‌‌အောင်‌က‌ပြောသည်‌။

လက်‌ရှိ YBS ကားများတွင်‌ အသုံးပြု‌နေ‌သော‌ ‌ငွေထည့်‌ပုံးထဲသို့ ပုံ‌သေ ကားခထည့်‌ကာ စီးနင်း‌နေသည့်‌ စနစ်‌ကို ကျင့်‌သုံး‌တော့ မည်‌မဟုတ်‌ဘဲ ခရီး စဉ်‌မိုင်‌အ‌လိုက်‌ စီးနင်းမှုအ‌ပေါ် မူတည်‌၍ ယာဉ်‌စီးခ ဖြတ်‌‌တောက်‌မည့်‌ စနစ်‌ကို ကျင့်‌သုံးသွား‌ရန်‌ လုပ်‌‌ဆောင်‌ခြင်းဖြစ်‌‌ကြောင်း ၄င်းက‌ပြောသည်‌။

‌ကတ်‌စနစ်‌ လုပ်‌‌ဆောင်‌ခြင်းအားဖြင့်‌ အ‌ကြွေ‌ဆောင်‌ထားရန်‌ မလိုအပ်‌‌တော့ ဘဲ လွယ်‌ကူစွာ စီးနင်းနိုင်‌မည်‌ဖြစ်‌ပြီး ကတ်‌အတွင်း‌ငွေ လက်‌ကျန်‌ မရှိသည့်‌ အခါမျိုးတွင်‌ ‌ငွေသားဖြင့်‌ ‌ပေး‌ချေနိုင်‌ရန်‌လည်း စီစဉ်‌‌ထား‌ကြောင်း ၄င်းက ဆက်‌‌ပြောသည်‌။ ထို‌ငွေ‌ပေး‌ချေမှု ကတ်‌စနစ်‌ လုပ်‌‌ဆောင်‌မှုအ‌ပေါ် YBS ဘတ်‌စ်‌ ကားစီးနင်းသူ တစ်‌ဦးက “အခုလိုကတ်‌စနစ်‌လုပ်‌လိုက်‌တာ ‌ကောင်းပါတယ်‌။ အ‌ကြွေကို တကူးတက ‌ဆောင်‌စရာ မလို‌တော့ဘူး။‌ တစ်ခါ‌တ‌လေဆို အ‌ကြွေ မရှိလို့ ပိုထည့်‌စီးလိုက်‌ရတာလဲ ရှိတယ်‌။ ‌ငွေမထည့်‌ဘဲစီးနင်းတဲ့ လူ‌တွေလဲ ရှိမှာ မဟုတ်‌‌တော့ဘူး။ မှန်‌မှန်‌ကန်‌ကန်‌ ဖြတ်‌‌တောက်‌‌ပေးမယ့်‌ စနစ်‌ တစ်‌ခုဖြစ်‌ရင်‌‌ တော့ ပို‌ကောင်းတာ‌ပေါ့”ဟု ‌ပြောသည်‌။


LEAVE A REPLY

Please enter your comment!
Please enter your name here