ဒုတိယ ရင်သွေးလေးကလည်း သားလေး ပဲ ဖြစ်ကြောင်း ဝမ်းေ ပြာ ပြ

0
156

အဆိုတော် R ဇာနည်ရဲ့ ဇနီးဖြစ်သူ ဝမ်းက ဒုတိယရင်သွေးငယ်ကို ကိုယ်ဝန် လွယ်ထားရပြီဖြစ်ပြီး ကိုယ်ဝန်က ၅ လရှိ နေပြီလို့ သိရပါတယ်။ ဒုတိယရင် သွေးလေးကလည်း သားယောက်ျားလေးပဲဖြစ်ပြီး သားကြီးနဲ့ ၈နှစ် ကျော် လောက်အချိန်ကွာတယ်လို့ ပြောပါတယ်။ ဒုတိယရင်သွေးလေး ကိုယ်ဝန် လွယ်ထားရတာဖြစ်တဲ့အတွက် သူ့ရဲ့ခံစားချက်ကို မေးတော့…

အဆိုတော် R ဇာနည်ရဲ့ ဇနီးဖြစ်သူ ဝမ်းက ဒုတိယရင်သွေးငယ်ကို ကိုယ်ဝန် လွယ်ထားရပြီဖြစ်ပြီး ကိုယ်ဝန်က ၅ လရှိ နေပြီလို့ သိရပါတယ်။ ဒုတိယရင် သွေးလေးကလည်း သားယောက်ျားလေးပဲဖြစ်ပြီး သားကြီးနဲ့ ၈နှစ် ကျော် လောက်အချိန်ကွာတယ်လို့ ပြောပါတယ်။ ဒုတိယရင်သွေးလေး ကိုယ်ဝန် လွယ်ထားရတာဖြစ်တဲ့အတွက် သူ့ရဲ့ခံစားချက်ကို မေးတော့…

“ဒုတိယရင်သွေးလည်း စိတ်ခံစားချက်က ပထမရင်သွေးလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့က နည်းနည်းလည်း ဝေးသွားတယ်။ သားလည်း ၈နှစ်ရှိပြီဆိုတော့ အသစ်လိုဖြစ်နေတယ်။ ပျော် ပါတယ်။ ဒုတိယရင်သွေးကလည်း သားလေးပဲဆိုတော့။ သားကြီးနဲ့က အခု ၈နှစ်ရှိပြီဆိုတော့ မွေးဖွားမှာနဲ့ ဆိုရင် ၈နှစ်ခွဲ ၉ နှစ်နီးပါးလောက် အချိန်ကွာမှာပါ။ အိုဂျီ ကိုတော့ သားကြီးကို မွေးပေးတဲ့ ဒေါက်တာမေသူမျိုးညွှန့်နဲ့ အပ် ထားပါတယ်” လို့ ပြောပါတယ်။ ရင်သွေးလေးကို ဘယ်ဆေးရုံမှာ မွေးဖွားရမလဲ ဆိုတာတော့ မစဉ်းစား ရသေးဘူးလို့ သူကပြောပါတယ်။ ပထမ ရင်သွေးလေးကို ရိုးရိုးပဲ မွေးဖွားခဲ့သလို ဒုတိယ ရင်သွေးလေးကိုလည်း ရိုးရိုးပဲမွေးဖွားမယ်လို့ဆိုတဲ့ ဝမ်း က ဗိုက်ခွဲမွေးရမှာ ကြောက်တဲ့အတွက် ရိုးရိုးပဲ မွေးဖွား တာဖြစ်ကြောင်း ပြောပါတယ်။ ရင်သွေးလေးကို မွေးဖွားရလွယ်ကူအောင် လေ့ကျင့်ခန်းတွေ လုပ်ဖြစ် သလိုအစားအသောက်ကိုလည်း ဂရုတစိုက် စားသောက် နေထိုင်ဖြစ်ကြောင်းကို ဝမ်းက…

“အစ်မက ကျန်းမာ ရေးအတွက် ကိုယ်လက်လှုပ်ရှားမှုက ယောဂဆော့ တယ်။ ရေကူးတယ်။ အစားအသောက်ကို အကုန်စား တယ်။ ဘာမှရှောင်တာ မရှိဘူး။ ဒါပေမဲ့ အလွန်အ ကျွံ ဘာတစ်ခုမှ မစားဘူး။ အတွေ့အကြုံကတော့ ရှိတယ်။ ဒါပေမဲ့ တချို့ဟာတွေကျတော့ မေ့သွားပြီ။ နီးနီးစပ် စပ်မွေးထားတဲ့ သူငယ်ချင်းတွေ အသိမိတ် ဆွေတွေကို ပြန်မေးရတာပေါ့။ ကိုယ်က မိဘဖြစ်တဲ့ အတွက် သားသမီးကို အကောင်းဆုံးပဲ ဖြစ်စေချင် တယ်။ အကောင်းဆုံးကိုပဲ ကိုယ်တတ်နိုင်သလောက် ကိုယ်သိသလောက် ပြုစုပျိုး ထောင်သွားမှာပါ” လို့ပြောပါ တယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here