အချစ်ရေးမှာ ကျွန်တော် စိတ်ချမ်းသာပါတယ် G-Fatt

0
241

အဆိုတော် G-Fatt က လတ်တလောမှာ ဒုတိယ အခွေထွက်ရှိ နိုင်ဖို့ အတွက် စီစဉ်နေပြီး ပုံစံခွက်ထဲကဘဝများ music video နဲ့ ချယ်ရီ FM မှာ သီဆိုထားတဲ့ စစ်ဆိုတဲ့ သီချင်းတွေကို music video ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခြား အဆိုတော်တွေ သီဆို ဖို့အတွက် သီချင်းတွေ ရေးပေးဖြစ်နေတဲ့ G-Fatt ကို မိန်းကလေးတွေ အတွက်ရော သီချင်းတွေရေးပေး ဖြစ်လားလို့ မေးကြည့်တော့ “လတ်တလောမှာတော့ အရင် ကရေးပေးထားတဲ့ သီချင်းတွေ ရှိတယ်။ သူများကိုရေးပေးဖြစ်တာရှိတယ်။ ထွက်လာတဲ့ သီချင်းတွေလည်း ထွက်လာကြတယ်။ တချို့ကြတော့ရေးပေးထား ပြီးမဆိုကြသေးတာလား မသိဘူး။ ရေးထား ပေးထားတာရှိပါတယ်” လို့ ပြောပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူ့ရဲ့ အချစ် ရေးကို မေးကြည့်တဲ့ အခါမှာတော့ G-Fatt က “ပရိသတ်တွေကို အမြဲတမ်းပြောပါတယ်။ အချစ် ရေးက အေးဆေးပါပဲ။ တချို့ပရိသတ်တွေက သူတို့ ကို ဖုံးကွယ်ထားတယ်တို့၊ အဲဒါ ကို မပြောပြ ချင်လို့တို့၊ သူတို့က သိပါတယ်တို့ ဆိုတာမျိုးတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ personal ဖြစ်နေတော့ အဲဒါကို ကန့်ထားချင်ပါတယ်။ ပြောပြချင် တယ် ဆိုတဲ့နေ့ကျရင် အားလုံး ကို ပြောပြပါ့မယ်။ မပြောချင်ဘူး ဆိုတာ ကတခြား အကြောင်းအရာဘာ ကြောင့်မှမဟုတ်ပါဘူး။ ကျွန်တော်တို့ အလုပ်တွေအေးဆေး လုပ်ချင်လို့ပါ။ ကျွန်တော်အေးဆေးပါပဲ။ စိတ်ချမ်းသာပါ တယ်။ ကျွန်တော် စိတ်ချမ်းသာတာ ပရိသတ် တွေ မြင်ချင်မယ်လို့ထင်ပါတယ်။ ကျွန်တော် ပြောချင်တာ ကတော့ အချစ်ရေးမှာ ကျွန်တော် စိတ်ချမ်းသာပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here