ဘရုစ်လီ နေရာက နောက်ခံစကားပြော သရုပ်ဆောင်ခဲ့တဲ့ စည်သူမောင်

0
225

သရုပ်ဆောင် စည်သူမောင်က လက်ရှိ ရုပ်သံလိုင်း တစ်ခုက ထုတ် လွှင့်ပြသ လျက်ရှိတဲ့ “The Legend Of Bruce Lee” ဘရုစ်လီရဲ့ ဘဝ ဇာတ်ကြောင်း ရုပ်သံ ဇာတ်လမ်းတွဲ အတွက် နောက်ခံစကားပြော အသံနဲ့ ပါဝင် အားဖြည့်ထားပါတယ်။ စည်သူမောင်က နောက်ခံ စကားပြော အတွေ့အကြုံ တွေ ရှိထားပေမယ့် ဘရုစ်လီရဲ့ နောက်ခံအသံ စကားပြောပေးတဲ့ အခါမှာတော့ အခက် အခဲအနည်းငယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အပိုင်း ၅ဝ ပါဝင်တဲ့ဒီဇာတ် လမ်းတွဲအတွက် အသံသွင်းချိန်မှာစည်သူမောင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့ အကြုံ တွေကတော့… “ကျွန်တော် အရင်ကတော့ တရုတ်ဇာတ်လမ်းတွဲ ၂ ခု၊ ၃ ခုမှာ နောက်ခံ စကားပြောဖူးတယ်။ အခုတစ်ခေါက်ကတော့ ဘရုစ်လီရဲ့ အသံအတွက်ဆိုပြီး ကမ်းလှမ်းတယ်။ ကျွန်တော် အနေနဲ့ အတွေ့အကြုံ ရှိ ပြီးသားဆိုတော့ သိပ်တော့ အခက်အခဲ မရှိပေမယ့်တစ်ခု ရှိတာက ဘရုစ်လီ တိုက်ခိုက်ခါနီး၊ သိုင်းချခါနီး လောက်ဆို အော်တဲ့အသံလေးပါ။ အဲဒီ အသံက ထူးခြားပြီး သူတစ် ယာက်တည်းမှာ ပဲရှိတာ ဆိုတော့ ဒါလေးက ကွဲထွက်နေတယ်။ အဲဒီ အသံကို ကိုယ်ဘယ်လို လုပ်မလဲ ဆိုပြီးစဉ်းစားတယ်။ ဒါကြောင့် ဇာတ်လမ်း တွေ ပြန်ကြည့်ပြီး လေ့ကျင့်တယ်။ အကောင်းဆုံး ထပ်တူ ကျနိုင်မယ့် အသံကို ကြိုးစားခဲ့ရတယ်။ အဲဒီအသံကို အော်နေရင်းနဲ့ တစ်ခါတလေကျရင် ရယ်ချင်မိတယ်။ ပြန်နားထောင်ရင်လည်း ရယ်ချင် နေတာ ပါ။ အသံကောင်းအောင်ပဲ အရင်က ပြောဖူးတာ ဆိုတော့ဒါလေး ကအခက် အခဲလေးတစ်ခုပေါ့” လို့ စည်သူမောင်က ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here