CCS Page Admin လို့စွပ်စွဲမှုအပေါ် အကယ်ဒမီ အိဖြူစိုး ရဲ့ ဖြေရှင်းချက်

0
166

လတ်တလောမှာ သရုပ်ဆောင် အိဖြူစိုးကို Cele Cele Small Page ရဲ့ Admin ဆိုပြီး အွန်လိုင်းမှာ ဝေဖန်ပြောဆို ရေးသားထားတာ တွေ့ရပါတယ်။ ဒီလို ဝေဖန်စွပ်စွဲမှုတွေ အတွက် များစွာ စိတ်မကောင်းဖြစ်ရပြီး ဘာ့ကြောင့် ဒီလို စွပ်စွဲရသလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရကြောင်း အိဖြူစိုးက ပြောပါ တယ်။ အခုလို စွပ်စွဲမှုတွေကြောင့် သားဖြစ်သူလည်း စိတ်ဒဏ် ရာရရှိသွားခဲ့ တယ်လို့ ဆိုပါတယ်။ ဒီလို စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီးအိဖြူစိုးက အခုလိုဖြေ ရှင်းခဲ့ပါတယ်။

“လွန်ခဲ့တဲ့နှစ် ၂ဝ၁၆ခုနှစ် တုန်းကလည်းအခုလိုပဲ ရှင်းပြီးပြီ။ CCSက အိဖြူစိုးကို အကောင်းပြောတယ်။ ဒါကြောင့်လူတွေက အိဖြူစိုး လို့ထင်ကြ တယ်။ အဲဒီတုန်းကတော့ အေးအေးဆေးဆေး ပြီးသွား တယ်။ အိဖြူစိုးက မဟုတ် ဘူးဆိုပြီးရှင်းခဲ့တယ်။ ဒီနှစ်လည်း အဲဒီကိစ္စပဲ ထပ်ပြီး ပြန်ပေါ်လာတယ်။ ကိုယ် လည်း အစက မနှစ်ကလိုပဲ ဒီအတိုင်း ပြီးသွားမယ်လို့ ထင်ခဲ့တာပါ။ တကယ်ကမဟုတ်မှ မဟုတ်တာလေ။ အခုစပြီး အပြင်ကို လျှားထက်ပိုင် ဆိုတဲ့ တစ်ယာက်က မရှိတဲ့ သက်သေတွေနဲ့ စွပ်စွဲလာတယ်။ အမှန်တကယ် ဆို သူယူထားတဲ့ပုံတွေ အားလုံးက ညီမရဲ့ဖေ့စ်ဘုတ် Wall ထဲမှာ ရှိပြီးသား။ သူက မဟုတ်၊ ဟုတ်တာတွေ၊ မရှိရှိတာတွေ စွဲပြီး တင်ထားတယ်။ တော်တော် ကလေးဆန်တာပဲ။ သူဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက ဘာလဲ ပေါ့။ သိချင်ပေမယ့်လည်း မမေးတော့ပါဘူး။ ဒီလိုလူတွေနဲ့ ညီမက ပြန်ပြီး မပြောချင်တော့ပါဘူး။ နောက်ပြီး ဒီလို “အိဖြူစိုး” လို့ လူတွေက ဝေဖန်ကြတယ်။ သူတို့ဘာလို့ အဲဒီလို ဝေဖန်ရတာလဲ။ အိဖြူစိုးကို သူတို့သိလို့လား။ အိဖြူစိုးက အကယ်ဒမီ အိဖြူစိုး မို့လို့ သိတယ် ပဲထားဦး။ အခု လက်ရှိ ညီမရဲ့ အခြေအနေကို သူတို့ သိလား။ သူတို့မသိဘူး။ အိဖြူစိုးက အခုချိန်မှာ ကလေး တစ်ယောက် အမေ၊ အိမ်ထောင်ရှင်၊ ကိုယ့်မိသားစု နဲ့ ကိုယ်ဖြစ်နေပြီ။ အေးအေးဆေးဆေး အိမ်မှာပဲ နေတယ်။ ဒါပေမဲ့ လူတွေက ဘယ်လိုဖြစ် လို့ ဒီလိုမျိုး Page ရဲ့ Admin ဖြစ်ပါတယ်လို့ စွပ်စွဲတာလဲ။ ညီမမှာလည်း ကိုယ်ချစ်တဲ့ အနုပညာရှင်၊ မချစ် တဲ့အနုပညာရှင် ဆိုတာရှိတယ်။ ဒီလိုပဲ CCS မှာလည်း ဒီလိုရှိမှာပါပဲ။ ဒါက လည်းသူလည်း လူပဲကိုး။ အခုညီမ စိတ်ကိုထိန်းထားတယ်။ တဖြည်း ဖြည်းနဲ့ လည်း ရင်ထဲမှာ ဝမ်းနည်း လာတယ်။ ငါ့ကိုအခုချိန်ထိ အထင် လွဲနေကြတုန်း။ အကယ်၍ သူတို့တိတိကျကျ သိချင်တယ်ဆိုရင် အချိန်မရွေး စစ်ဆေး မေးမြန်း လို့ရတယ်။ နောက်ပြီး ညီမရဲ့ ပတ်ဝန်း ကျင်အသိုင်းအဝိုင်း၊ ညီမရဲ့ လက်ရှိ နေထိုင်နေတဲ့ အိမ်၊ ရပ်ကွက်၊ အကုန် လုံးမှာ မေးလို့ရတယ်။ ညီမကို ထိခိုက် ရုံအပြင် အခုညီမရဲ့သားကိုပါ ထိခိုက်လာတယ်။ အတိုင်းထက် လွန်လာခဲ့ရင် ညီမမိသားစု ဂုဏ်သိက္ခာတွေ ဒီထက်မက ထိခိုက် လာရင် ညီမစီစဉ် ထားတဲ့အတိုင်း ညီမရှေ့နေနဲ့ တိုင်ပင်ထားတဲ့ အတိုင်း ရှေ့ဆက်လုပ်မယ်။ တခြား Page တွေကလည်း စည်းကမ်း တစ်ခုထား သင့်တယ်။ ညီမဆိုတာကို တိတိကျကျ မသိသေးဘဲ တခြား တင်တာတွေ ကို အဟုတ်မှတ်ပြီး လိုက်ဖွရင် တော့ နည်းနည်းများသွားပြီ။ အဲဒီ Page တွေလည်း ပါလာပါလိမ့်မယ်။ အခု သားလေးလည်း စိတ်ဒဏ်ရာရပြီး မနေ့ကဆို ထမင်းတောင် လုံးဝမစားပါဘူး။ ကလေးကို တိုက်ခိုက်ရင် ညီမ လုံးဝခွင့်မလွှတ်ဘူး။ ဒီထက်ဆက် တိုးလာရင် သူတို့ကို တရားစွဲ ရပါလိမ့်မယ်”လို့ ပြောပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here