၂ဝ၁၈လောက် မှ ကိုယ်တိုင် ဒါရိုက်တာ အနေနဲ့ ထပ်မံ ရိုက်ကူးသွားမယ့် ဟိန်းဝေယံ

0
270

 ဟိန်းဝေယံ ပါဝင် သရုပ်ဆောင် ထားတဲ့ “ဘာညာဘာညာ” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ဟိန်းဝေယံ၊ ရွှေမှုံရတီနဲ့ အခြား အနုပညာရှင်ပေါင်း များစွာက ပါဝင် သရုပ်ဆောင် ထားကြပါတယ်။ ဒီ ဇာတ်ကား ရိုက်ကူးခဲ့စဉ်တုန်းက အမှတ် တရ နဲ့ပတ်သက်ပြီးတော့… အဲဒီဇာတ်ကား ရိုက်ကူးကတည်းက အရမ်းရယ်ရတာ၊ ပျော်ဖို့လည်း အရမ်းကောင်းပါတယ်၊ အဲဒီဇာတ်ကား ရိုက်ကူးတုန်း ကလည်း ကျွန်တော့် မွေးနေ့က ဒီဇာတ်ကား ရိုက်ကူးနေချိန်နဲ့ တိုက်ဆိုင်တာ၊ အဲဒါနဲ့ မွေးနေ့ကို ကျွန်တော်တို့ မေမြို့မှာပဲ ဖြတ်သန်းလိုက်တယ်။ ပျော် စရာ လည်းကောင်းတယ်။ အမှတ်တရတွေလည်း အများကြီး ပါပဲ။ ဇာတ်လမ်းလေးကတော့ ဟာသကားလေးပါပဲ” လို့ ဟိန်းဝေယံက ပြောပါတယ်။   မကြာခင်ကလည်း ဟိန်းဝေယံက ဒါရိုက်တာ ကျော်ဇော်လင်း ရိုက်ကူး ပုံဖော်တဲ့ “ဆွေမနိုင် မျိုးမနိုင်” ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း ဝတ်မှုံရွှေရည်၊ ခင်ဝင့်ဝါနဲ့ အခြား အနုပညာရှင်များစွာနဲ့ အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ပါတယ်။ နောက်ထပ်လည်း ဇာတ်ကားတွေအများကြီး ရိုက် ကူးဖို့ရှိတဲ့ ဟိန်းဝေယံက ဒါရိုက်တာ အနေနဲ့ပါ ဇာတ်ကား တွေ ထပ်မံရိုက်ကူးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

“နောက်ထပ်လည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖို့ ရှိပါတယ်။ ဇာတ်လမ်း ပုံစံတွေကတော့ ရိုမန့်တွေပါ မယ်၊ ဒရာမာတွေပါမယ်။ ဟာသတွေလည်း ပါပါမယ်။ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးဖို့ကတော့ နောက်နှစ်လောက်မှ ရိုက်ကူးဖြစ်တော့မယ် ထင်တယ်။ အခုတောင် ၉ လ ပိုင်းဖြစ်နေပြီ။ ကြားထဲမှာလည်း ကျွန်တော် ရိုက်ကူးဖို့ လက်ခံထားတာ တွေလည်း ရှိသေးတယ်၊ အဲဒါ့ကြောင့် နောက်နှစ်ထဲမှာမှ ရိုက်ကူးဖြစ်တော့မှာပါ။ အနည်းဆုံး တစ်ကားလောက်တော့ ရိုက်ကူးဖြစ်မှာပါ။ ဒီထက်ပိုပြီး ရိုက်ကူး ဖြစ်ရင်လည်း ရိုက်ကူးဖြစ်သွားမှာပါ” လို့ ပြော ပါတယ်။

တွယ်တာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here