ချစ်စရာကောင်းတဲ့ သီတင်းကျွတ် ပွဲတော်အကြောင်းကို သီချင်းအဖြစ် ဖန်တီးထားတဲ့ ပိုပို

0
269

မကြာခင် ရောက်ရှိ လာတော့မယ့် ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယကာလမှာ ပိုပိုက သီတင်း ကျွတ်နဲ့ပတ်သက်တဲ့ သီချင်းတစ်ပုဒ် ကိုအွန်လိုင်ကနေဖြန့်ချိဖို့ဖန်တီးထားပါတယ်။ အဲဒီသီချင်း အကြောင်းနဲ့ ပတ်သက်ပြီးတော့ ပိုပိုက…  မကြာခင် ရောက်ရှိ လာတော့မယ့် ဝါလကင်းလွတ် သီတင်းကျွတ် အခါ သမယကာလမှာ ပိုပိုက သီတင်း ကျွတ်နဲ့ပတ်သက်တဲ့ သီချင်းတစ်ပုဒ် ကိုအွန်လိုင်ကနေဖြန့်ချိဖို့ဖန်တီးထားပါတယ်။ အဲဒီသီချင်း အကြောင်းနဲ့ ပတ်သက်ပြီးတော့ ပိုပိုက…

“သီတင်းကျွတ်ပွဲတော်ဆိုတဲ့ သီချင်းလေးကို မဒီးဒီနဲ့ ပိုပိုနဲ့ ၂ ယောက် ပေါ့နော်။ အွန်လိုင်းမှာ အမ်တီဗီအနေနဲ့ ရိုက်ကူးပြီးတော့ တင် မှာပါ။ သီတင်းကျွတ် ပွဲတော်ဆိုတဲ့ သီချင်းလေးကို ပိုပိုရေးထားပါတယ်။ ဒီ သီချင်းလေးကို နားထောင် လိုက်လို့ရှိရင် ငယ်ငယ်တုန်းက ကလေးဘဝ မှာ မီးပန်းတွေဖောက်တယ်။ ဗျောက် အိုးတွေဖောက်တယ်။ နောက်ပြီး တော့ လူကြီးတွေဆီက မုန့်ဖိုးတွေ တောင်းပြီး တော့ မုန့်တွေသွားစား တယ်။ ကလေးတွေရဲ့ ထုံးစံအတိုင်း ပေါ့နော်။ ပိုပိုတို့ ငယ်ငယ်တုန်းက အရမ်းချစ်ဖို့ကောင်းတဲ့ ဓလေ့လေး တွေကို ရေးထားတာပါ” လို့ ပြောပါတယ်။

နောက်ထပ် အနုပညာဖန်တီးမှု အနေနဲ့လည်း ပိုပိုက အဆိုတော် မနော အတွက် တေးသီချင်းတစ်ပုဒ်ကို ရေးသား ပေးထားပါသေးတယ်။အ လှူအတန်းနဲ့ ပတ်သက်လို့ ကတော့ ‘ကျွန်မဘဝမှာပေးကမ်းစွန့်ကြဲခြင်းဟာ ကျွန်မကို ပျော်ရွှင်စေတဲ့အရာတစ်ခုပါပဲ’လို့ ဆိုပြီး အမှတ်တမဲ့မှ အမှတ်တရဖြစ်သွားအောင်အလှူတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီ အလှူက…

“ပိုပို့ရဲ့ အမေလိုချစ်ရတဲ့ မာမီ ခိုင့်မွေးနေ့မှာ မာမီခိုင်က ဒံပေါက် အထုပ် တစ်ထောင်လှူတာပါ။ အဲဒါ ကို ပိုပိုတို့က ဝိုင်းကူပြီးတော့ လှူပေး ရင်းနဲ့ ပဌာန်းစာအုပ်က အုပ် ၆ဝ လှူဖြစ်တယ်။ အဲဒါနဲ့ပြန်လာ တော့ ရွှေပြည်သာတံတားနားမှာ ပလက် ဖောင်းပေါ်မှာ ကလေးတွေက ဆော့ နေကြတယ်။ သူတို့ကိုတွေ့တော့ တစ်ခုခုပေးချင်တယ်။ ဒါပေမဲ့ ဒံပေါက်တွေက ကုန်သွားပြီ။ ဘာမှမရှိတော့ဘူး။ အဲဒါနဲ့တွေ့တဲ့ ကလေးတိုင်းကို ပိုပိုက မုန့်ဖိုးတစ်ထောင်စီပေးတယ်။ တောက်လျှောက် လမ်းမှာတွေ့တဲ့ က လေးတိုင်းကို မုန့်ဖိုးပေးတယ်။ ဗိုက်ကြီးသည် တွေလည်း ပေးတယ်။ ဒါက တော့သက်သက်ကြီး ရည်ရွယ်ထား ပြီးလုပ် တဲ့ အလှူတော့ မဟုတ်ပါဘူး။  မာမီ့မွေးနေ့ အတွက်ကို လှူပေးတာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here