အောက်တိုဘာလမှာ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့ ရှိလို့ မြန်မာနိုင်ငံကို ပြန်လာတော့မယ် ဥက္ကာမင်းမောင်

0
189

အမေရိကန် နိုင်ငံမှာနေထိုင်နေတဲ့ ဥက္ကာမင်းမောင်က  စက်တင်ဘာလ ၁၈ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက်၃၂ နှစ် ပြည့်မွေးနေ့ကို အမေရိကန်နိုင်ငံ၊ Queens ပြည်နယ်မှာရှိတဲ့ မြန်မာဘုန်းတော်ကြီး ကျောင်းမှာ အလှူပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အ မှတ်တရ နဲ့ပတ်သက်ပြီး ဥက္ကာမင်းမောင်က…”ကျွန်တော့်မွေးနေ့မှာ ဒီနိုင်ငံမှာရှိတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာပဲ အလှူလုပ်ခဲ့ပါတယ်။ နောက်ထပ်လည်း အလှူ တစ်ခု ထပ်လုပ်ဖို့ရှိပါသေးတယ်။ အလုပ်က တစ်ပတ် ၆ ရက်လုပ် နေရတော့ မအားသေးလို့ မလုပ်ဖြစ်သေးတာပါ။ မွေးနေ့ အမှတ်တရ ကတော့ သူငယ်ချင်းတွေနဲ့ ညစာစား ဖြစ်တယ်။ နောက်မြန်မာပြည် ပြန်လာမှ အလှူထပ်လှူသွားမှာပါ” လို့ ပြောပါတယ်။အမေရိကန် နိုင်ငံမှာနေထိုင်နေတဲ့ ဥက္ကာမင်းမောင်က  စက်တင်ဘာလ ၁၈ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက်၃၂ နှစ် ပြည့်မွေးနေ့ကို အမေရိကန်နိုင်ငံ၊ Queens ပြည်နယ်မှာရှိတဲ့ မြန်မာဘုန်းတော်ကြီး ကျောင်းမှာ အလှူပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အ မှတ်တရ နဲ့ပတ်သက်ပြီး ဥက္ကာမင်းမောင်က…”ကျွန်တော့်မွေးနေ့မှာ ဒီနိုင်ငံမှာရှိတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာပဲ အလှူလုပ်ခဲ့ပါတယ်။ နောက်ထပ်လည်း အလှူ တစ်ခု ထပ်လုပ်ဖို့ရှိပါသေးတယ်။ အလုပ်က တစ်ပတ် ၆ ရက်လုပ် နေရတော့ မအားသေးလို့ မလုပ်ဖြစ်သေးတာပါ။ မွေးနေ့ အမှတ်တရ ကတော့ သူငယ်ချင်းတွေနဲ့ ညစာစား ဖြစ်တယ်။ နောက်မြန်မာပြည် ပြန်လာမှ အလှူထပ်လှူသွားမှာပါ” လို့ ပြောပါတယ်။

ဥက္ကာမင်းမောင်က  အောက်တိုဘာလမှာ “မရဲ့အေးခဲသွားကြ သူများ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတစ်ကား ရိုက်ကူးဖို့ ရှိတဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာတော့မှာ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကို ဒါရိုက်တာ သီဟကျော်စိုးက ရိုက်ကူးမှာဖြစ် ပြီး မင်းသား၃ ယောက်နဲ့ ရိုက်ကူးပုံဖော် မှာဖြစ်ပါတယ်။ ဒီဇာတ်ကား ရိုက်ကူးဖို့ လက်ခံဖြစ်ပုံ နဲ့ ပတ်သက်ပြီး ဥက္ကာမင်းမောင်က… “ကျွန်တော့်ကိုလာကမ်းလှမ်း လာတယ်။ နေရာလည်း ကောင်းတယ်။ လုပ်ကွက် လည်းရှိတယ်။  ဇာတ်ကတော့ ဗီလိန်ဇာတ်ရုပ် ပုံစံပါ၊ ဇာတ်ပုံစံတော့ ကြမ်းတယ်၊ ကျွန်တော်က ဗီလိန် ကာရိုက်တာ လည်း ကြိုက်တယ်။ အရင်ကလည်း ဗီလိန်ဇာတ်တွေ သရုပ်ဆောင်ဖူးပါတယ်၊ အဲဒါကြောင့် လက်ခံဖြစ် သွားတာပါ” လို့ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ၈နှစ်ကြာ နေထိုင် နေပြီး မြန်မာနိုင်ငံ ကိုတော့ လေးလတစ်ခါ ပြန်လာဖြစ်တဲ့ ဥက္ကာမင်းမောင်က အနုပညာ အလုပ်ကိုတော့ အခွင့်အရေး ကြုံလာရင် လုပ်ဖြစ်ကြောင်းလည်း ဆိုပါတယ်။
တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here