ကိုယ်ပိုင် ထုတ်လုပ်ရေးကနေ ပထမဆုံး ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားကြီးအကြောင်း စမိုင်း ပြောပြ

0
125

အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တဲ့ သရုပ်ဆောင် စမိုင်းက အောက်တိုဘာလ၁ရက်နေ့မှာ ကိုယ်ပိုင်ထုတ်လုပ်ရေး ‘သုခုမာလာ’ ရုပ် ရှင်ထုတ်လုပ် ရေးက ပထမဦးဆုံးပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ပုံဖော်ရိုက်ကူးမှာဖြစ်ပြီး ပန်းဖြူ၊ ခိုင်သင်း ကြည်၊ ကြည်လဲ့လဲ့ဦး၊ စမိုင်း နဲ့ အခြားအနုပညာရှင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်မယ့်အကြောင်းနဲ့ ပတ်သက်ပြီး စမိုင်းက အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တဲ့ သရုပ်ဆောင် စမိုင်းက အောက်တိုဘာလ၁ရက်နေ့မှာ ကိုယ်ပိုင်ထုတ်လုပ်ရေး ‘သုခုမာလာ’ ရုပ် ရှင်ထုတ်လုပ် ရေးက ပထမဦးဆုံးပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ပုံဖော်ရိုက်ကူးမှာဖြစ်ပြီး ပန်းဖြူ၊ ခိုင်သင်း ကြည်၊ ကြည်လဲ့လဲ့ဦး၊ စမိုင်း နဲ့ အခြားအနုပညာရှင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်မယ့်အကြောင်းနဲ့ ပတ်သက်ပြီး စမိုင်းက “ဇာတ်လမ်းလေးက အမျိုးသမီးဇာတ်ပါ။ အဓိကကတော့ ဘော်ဒီနဲ့ ပတ်သက်တဲ့ အကြောင်းလေး၊ အခုခေတ်မှာဖြစ်နေကြတာက ဝတာ၊ ပိန်တာတွေပြောနေကြတယ်။ အဆင် ပြေတဲ့မိသားစုမှာလည်း ဝတာ၊ပိန်တာတွေပြောကြလို့ စိတ်ဆင်းရဲရတဲ့ မိသားစုတွေရှိကြတယ်၊ အစ်မတို့လိုမျိုး အသက်၃ဝကျော် ဇာတ်လမ်းလေးကို ပြင်ဆင်ထားတာပါ။ ဇာတ်ကိုတော့ အစ်မကိုယ်တိုင် ရွေးချယ်ဖြစ်တာပါ။ သရုပ်ဆောင်တွေ ရွေးချယ်တာကတော့ ပရိသတ်မြင်နေ ကျသူတွေ မဟုတ်ဘူး။  တကယ်လည်း အပြင်မှာ အစ်မတို့ တွေက အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ ခန္ဓာကိုယ်ပြောင်းလဲသွားတဲ့ သူတွေ၊ မပန်းဖြူရော၊ ကြည်လဲ့လဲ့ဦးရော၊ အစ်မရောက အရင်တုန်းက ပိန်ပိန်လေးတွေလေ။ ပိန်နေတဲ့ သူတွေကို အတုလုပ်ယူတာထက် စာရင် တကယ်ဖြစ်တဲ့သူတွေကို ရိုက်ကူးချင်လို့ စီစဉ်လိုက်တာပါ”လို့ ပြောပါတယ်။

 အဆိုပါဇာတ်ကားအတွက် အမျိုးသမီး သရုပ်ဆောင်သစ် တစ်ယောက်လည်း ရွေးချယ် သွားမှာဖြစ်ပြီး အခုရက်ပိုင်းကတည်း လာရောက်လျှောက်ထားကြတဲ့သူတွေရှိကြောင်း စမိုင်းက ပြောပါတယ်။ “ဒီဇာတ်ကားအတွက်ကို ကောင်မလေး လည်လည်ဝဲဝဲကောင် မလေးတစ်ယောက်လိုတာပါ။ သူ့အခန်းက အရမ်းတော့ မများဘူး၊ သူပါရတဲ့ နေရာလေးကကောင်းတယ်။ အစ်မကမြင်နေကျသူတွေ မဟုတ်ဘဲနဲ့ အသစ်ကလေးတွေထဲက အိုက်တင်လုပ်နိုင်တဲ့ သူတွေကိုထားပြီးတော့ မြေတောင်မြှောက် ပေးချင်တာပါ၊ အခုတော်တော်များများတော့ လျှောက် ထားကြပြီ။ အစ်မတစ်ယောက်တည်းရွေးချယ်မှာ မဟုတ်ဘူး၊ ဒါရိုက်တာရော၊ အစ်မအမျိုးသားရော အကုန်လုံးကြည့်ပြီးတော့ သူတို့တစ်တွေ အိုက်တင်လုပ်နိုင် တဲ့ သူကိုခေါ်မယ်၊ ရီဟာဇယ်အနေနဲ့လည်း အိုက်တင်ကိုစမ်းပြီးတော့ လေ့ကျင့် ခိုင်းမယ်။ မိန်းကလေး တစ်ယောက်တည်း ရွေးချယ်သွားမှာ လို”့ ပြောပါတယ်။ ကိုယ်ပိုင်ထုတ်လုပ်ရေး သုခုမာလာ ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ ဒီနှစ် အတွက်ကတော့ ဒီဇာတ်ကားတစ်ကားပဲ ရိုက်ကူးသွားမှာဖြစ်ပြီး၊ ၂ဝ၁၈ ခုနှစ်မှာတော့ သုံးလတစ်ကားရိုက်ကူးသွားမှာဖြစ်ကြောင်း စမိုင်းက ပြော ပါတယ်။ “အစ်မထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဇာတ်ကားတွေ အကုန်လုံးက တော့ ပရိသတ်ကို အသိပညာတစ်ခုခုပေးမယ့်ဇာတ်ကားမျိုးပဲ အဓိက ရိုက်ကူးသွားမယ်။ ပရိသတ်တွေအတွက် ကိုယ့်ဘက်ကတစ်ခုခု ဘာပေး ဆပ်နိုင်မလဲပေါ့။ ပေးဆပ်နိုင်မယ့်ဇာတ်ကားကိုပဲ အဓိကထားပြီး ရိုက်ကူး သွားမယ်”လို့ ပြောပါတယ်။

တွယ်တာ

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here