မြန်မာ့ဒီမိုကရေစီပွဲတော်၊ အငြိမ့်ပြိုင်ပွဲမှာ ပထမဆု အပါအဝင် ဆု၎ ဆုရရှိခဲ့တဲ့ ဇွဲအငြိမ့်အဖွဲ့

0
320

ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီး မှူးကျင်းပတဲ့ မြန်မာ့ဒီမိုက ရေစီပွဲ တော်၊ အငြိမ့်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာလ၂ဝရက်နဲ့ ၂၁ရက်နေ့ တို့က ည၇နာရီကနေ စတင်ကာ ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီမြန်မာ့ ဒီမိုကရေစီပွဲတော်အငြိမ့်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ တက်ရောက်ယှဉ်ပြိုင် ခွင့်ရခဲ့တဲ့ အငြိမ့်အဖွဲ့တွေကတော့ ခေတ်သစ်ကြေးမုံ၊ ဇွဲ၊လူငယ်စတား၊ မန်းစတား၊ ရွှေညာမြေမှကြယ်ပွင့် များ၊ စကားဝါမြေ၊ ဖူးသစ်ကြယ် စင် ၊ မော်ဒယ်လ် ဟားအငြိမ့်အဖွဲ့တို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေကတော့ ရန်ကုန်နဲ့ မန္တလေးတို့မှာ အုပ်စုပွဲများ ယှဉ်ပြိုင်ပြီးမှ နောက်ဆုံးအဆင့် ဖိုင် နယ်ပွဲစဉ်အထိ တက်လှမ်းလာခဲ့ကြ တဲ့ အငြိမ့်အဖွဲ့တွေပဲဖြစ်ပါတယ်။ အငြိမ့်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များကို အကဲဖြတ်ပေးခဲ့ကြတဲ့ ဒိုင်တွေက တော့ ဦးမိုးဒီ၊ ဦးပေါ် စိန်၊ ဒေါ်အုံးရီ၊ ဒေါ်နန်းခင်မွှေး၊ ဦးငြိမ်းမင်း၊ ဦးညွန့် လှိုင်လှိုင်၊ ဦးကိုကိုနိုင်တို့ပဲ ဖြစ်ပါ တယ်။

ဒီပြိုင်ပွဲမှာတော့ ဇွဲအငြိမ့်အဖွဲ့ က အဖွဲ့လိုက်အကောင်းဆုံးပထမဆု၊ အကောင်းဆုံးလူရွှင်တော်ဆု၊ ပရိသတ်အကြိုက်ဆုံး လူရွှင်တော်ဆု၊ မျိုးဆက်သစ် အဖွဲ့ဆုတို့ကိုရရှိခဲ့ပြီး ခေတ်သစ် ကြေးမုံအငြိမ့်အဖွဲ့က အဖွဲ့လိုက်အကောင်းဆုံး ဒုတိယဆု နှင့် အကောင်းဆုံးဆိုင်းအဖွဲ့ဆုတို့ ကိုရရှိခဲ့ကာ ရွှေညာမြေမှကြယ်ပွင့် များ အဖွဲ့က အဖွဲ့လိုက်အကောင်းဆုံး တတိယဆုနဲ့ အကောင်းဆုံး မင်း သမီးဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အကောင်းဆုံး တေးသီချင်းဆုကို မော်ဒယ်လ်ဟားအဖွဲ့မှ တေးရေး ဆရာ မန္တလေးသားသူရမှ ရရှိခဲ့ပါတယ်။


“ကျွန်တော်တို့ အပျော်လွန်တာ အိပ် မပျော်တော့ဘူး။ ကျွန်တော်တို့ကို သင်ကြား ပြသပေးတဲ့ ဆရာသမားများ၊ ပံ့ပိုးတီးခတ်ပေး တဲ့ ရွာစားဗိုလ်ဗိုလ်ဆင့်နဲ့အဖွဲ့၊ ပွဲခင်းထဲအထိ လာရောက်အားပေးတဲ့ မိဘပြည်သူများ၊ ရုပ်မြင် သံကြားကအားပေးနေတဲ့မိဘပြည်သူများ၊ မြန်မာ့ဒီမိုကရေစီပွဲတော်ဖြစ်မြောက်အောင် စီစဉ်ပေးကြတဲ့ လူကြီးမင်းများ၊ ဝိုင်းဝန်း ကူညီပံ့ပိုးကူညီပေးကြသူများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးအေးချမ်းပါစေ။ ပြည်သူ ပြည်သားများလည်း ကျန်းမာပျော်ရွှင် အဆင်ပြေကြပါစေလို့ ကျွန်တော်တို့ ဇွဲ့အငြိမ့်မိသားစုများမှ မေတ္တာပို့သ လိုက်ပါတယ်”လို့ ဇွဲအငြိမ့်မှ သူတို့ရဲ့ ပီတိစကားကို ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here