ကျောင်းသားတွေ၊ စာမေးပွဲနဲ့ ပတ်သက်တဲ့သီချင်းတွေကို အွန်လိုင်းကနေ ဖြန့်ချိဦးမယ့် ICE COLD

0
151

ဟစ်ဟော့ပ်အဆိုတော် Ice Cold က သိပ်မကြာသေး ခင်တုန်းကမှ ‘ဆင်းရဲပါတယ်’ဆိုတဲ့ သီချင်းတစ်ပုဒ် ကို အွန်လိုင်း ကနေဖြန့်ချိခဲ့ပါတယ်။ Ice Cold ရဲ့ ထိမိတဲ့ ရက်(ပ်)စာ သား၊ ဖီးချားရင်းသီဆိုပေးထားတဲ့ နန့် ချစ်နဒီဇော်ရဲ့ အသံချိုချိုစွဲ ငင်အားတို့ကြောင့် ‘ဆင်းရဲပါတယ်’ သီချင်းဟာ လူငယ် ပရိသတ်တွေ ကြားမှာ ပျံ့နှံ့ခဲ့တယ်လို့ ဆိုရမှာပါ။ တစ်ကိုယ် တော်အခွေ ထွက်မယ်၊ ထွက်မယ်နဲ့ ကြန့်ကြာနေတှဲု့ခန Ice Cold တစ်ယောက် အခွေမထွက်ခင် သီချင်းတွေ အွန် လိုင်းကနေ ၃ပုဒ်၊ ၄ပုဒ်လောက်လိုင်းတင်ဖြန့်ချိ ရှိသွား ဖို့လည်း အစီ အစဉ်ရှိနေပါတယ်။ နောက်ထွက်ရှိလာမယ့် သီချင်းတွေနဲ့ ပတ်သက်ပြီးလည်း Ice Cold က.. .

ဟစ်ဟော့ပ်အဆိုတော် Ice Cold က သိပ်မကြာသေး ခင်တုန်းကမှ ‘ဆင်းရဲပါတယ်’ ဆိုတဲ့ သီချင်းတစ်ပုဒ် ကို အွန်လိုင်း ကနေဖြန့်ချိခဲ့ပါတယ်။ Ice Cold ရဲ့ ထိမိတဲ့ ရက်(ပ်)စာ သား၊ ဖီးချားရင်းသီဆိုပေးထားတဲ့ နန့် ချစ်နဒီဇော်ရဲ့ အသံချိုချိုစွဲ ငင်အားတို့ကြောင့် ‘ဆင်းရဲပါတယ်’ သီချင်းဟာ လူငယ် ပရိသတ်တွေ ကြားမှာ ပျံ့နှံ့ခဲ့တယ်လို့ ဆိုရမှာပါ။ တစ်ကိုယ် တော်အခွေ ထွက်မယ်၊ ထွက်မယ်နဲ့ ကြန့်ကြာနေတဲ့ Ice Cold တစ်ယောက် အခွေမထွက်ခင် သီချင်းတွေ အွန် လိုင်းကနေ ၃ပုဒ်၊ ၄ပုဒ်လောက်လိုင်းတင်ဖြန့်ချိ ရှိသွား ဖို့လည်း အစီ အစဉ်ရှိနေပါတယ်။ နောက်ထွက်ရှိလာမယ့် သီချင်းတွေနဲ့ ပတ်သက်ပြီးလည်း Ice Cold က.. .

“နောက်တစ်ခေါက်က စာမေးပွဲ တွေနဲ့ ပတ်သက်တဲ့၊ ကျောင်း သားတွေနဲ့ပတ်သက်တဲ့ Funny သီချင်းပုံစံ လေး တွေကို ထွက်ရှိလာဖို့များပါမယ်” လို့ ပြောပါတယ်။ တစ်ဖက်မှာလည်း သဘောင်္အရာရှိစာမေးပွဲဖြေဆိုဖို့ စာတွေ ကျက်လိုက်၊ အခွေ ထွက်ရှိဖို့သီချင်းတွေစုလိုက်နဲ့ လှုပ်ရှား ဖြစ်နေတဲ့ Ice Cold က သူ့ရဲ့ တစ်ကိုယ်တော်အခွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကိုလည်း  “အခွေကတော့ လောလော ဆယ်သီချင်းတွေ စုနေရတဲ့အပိုင်း ပေါ့နော်။ နောက်ပြီးတော့ တချို့ဟာ တွေကျတော့လည်း Official ဆိုပြီး တော့ ခေါင်းစဉ် အောက်ရောက်သွား ရင် အားမရတာတို့ ဘာတို့ဆိုရင် ပြန်ပြီးတော့ ပြင်နေရတဲ့ အပိုင်းတွေ ရှိတယ်။ အဲဒီ အတွက် ကြောင့်မို့လို့ အခွေကတော့ နည်းနည်းလောက် တော့ ကြာဦး မယ်ထင်တယ်။ နှစ်ကုန် ပိုင်းလောက် ထွက်ဖို့တော့ ကျွန်တော် ခန့်မှန်းထားတယ်။ ဒါပေမယ့် နှစ်ကုန်ပိုင်းမှာ ကျွန်တော့် သူငယ် ချင်းတွေ အခွေထွက်ဖို့ရှိတယ်ဆိုရင်တော့ ကျွန်တော့် အခွေ နောက်ကို ရွှေ့သွားမှာပေါ့” လို့ ပြောပြခဲ့ပါတယ်။

 မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here