သဝန်တိုတဲ့ ကိစ္စတွေနဲ့ အမြဲတမ်းခဏခဏ ပြဿနာတက်ရတယ် သန္တာဗိုလ်

0
237

မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကကို ရောက်ရှိလာတဲ့ သန္တာဗိုလ်က အခုနောက်ပိုင်းမှာ သရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင် ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။သူမကတော့ မကြာခင် ရုံတင်ပြသတော့မယ့် ‘ဇွတ်ကျား’ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ပတ်သတ်ပြီး မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကကို ရောက်ရှိလာတဲ့ သန္တာဗိုလ်က အခုနောက်ပိုင်းမှာ သရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင် ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။သူမကတော့ မကြာခင် ရုံတင်ပြသတော့မယ့် ‘ဇွတ်ကျား’ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး  “ဒီဇာတ်ကားက ဟာသဇာတ်ကားလေးဆိုတော့ ညီမရဲ့ကာရိုက်တာက ပေါ့ပေါ့ပါးပါးလေးပါ။ ညီ အစ်မလေးယောက် ထဲက တစ်ယောက်ပေါ့။ အဲဒီလေးယောက်ထဲမှာ ကိုယ်က အရပ်အရှည်ဆုံးဖြစ်နေ တယ်ဆိုတော့ အိုင်တင်လုပ်လိုက်ရင် တစ်မျိုးကြီးဖြစ်နေမလားလို့ စိုးရိမ်စိတ်ရှိခဲ့ပါတယ်။အားလုံး အနုပညာမောင်နှမတွေ စည်းစည်း လုံးလုံးနဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင် ရတယ်။ အနုပညာမောင်နှမတွေ အားလုံး စုံစုံလင်လင်တွေရတဲ့ အတွက်လည်း အမှတ်တရဖြစ်ခဲ့ တယ်။

အရမ်းလည်း ပျော်စရာ ကောင်းခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း  ချစ်သူသက်တမ်းရှည်ကြာလာတာနဲ့ သံယောဇဉ်ကလည် ပိုကြီးမားလာပါ တယ်ဆိုတဲ့ သူမက “အချစ်ရေးကတော့ အေးဆေးပါပဲ။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပေါ့။ ချစ်သူသက်တမ်းရှည်ကြာ လာတာနဲ့ အမျှလည်း သံယောဇဉ်က ပိုပြီးတော့ကြီးမားလာတယ်။ အရင်တုန်းကဆိုရင်တော့ သဝန်တိုတဲ့ကိစ္စတွေနဲ့ အမြဲ တမ်းခဏခဏ ပြဿနာ တက်ရတယ်။ အခု နောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မပြတ်နိုင်တဲ့အခါကျတော့ လက်တွဲ လာတာလည်း ကြာပြီမို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေယူပြီး ရှေ့ဆက်နေရပါတယ်”လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here