လူပျိုကြီးတော့ မလုပ်ပါဘူး အချိန်တန်ရင် မိန်းမယူမှာပါ မင်းသွေး

0
139

သရုပ်ဆောင်တစ်ဦး ဖြစ်သလို အဆိုတော်တစ် ဦးလည်းဖြစ်တဲ့မင်းသွေးကတော့ ပထမဆုံး တေး စီးရီး ဖြစ်တဲ့ ‘ထိုးစစ်’ တေးစီးရီး ဗကိငသ ဃီ ထွက်ရှိ ခဲ့ပြီဖြစ်ပါတယ်။ဒီတေး စီးရီး MTV မထွက်မီ Mini Album တစ်ခွေထွက်ဖြစ်ဖို့လည်း စီစဉ်နေ ကြောင်း သိရပါတယ်။ အဆိုပါ Mini Album နဲ့ပတ်သက်ပြီး ……

“ခု’ထိုးစစ်’ အခွေအတွက် MTV  ရိုက်ကူးနေပါ တယ်။ ကျွန် တော် ဒီကြားထဲမှာ Mini Album လေး တစ်ခုထွက်ဖြစ်ဖို့ ကြိုးစားနေ ပါတယ်။ သီချင်း ၃ ပုဒ် သို့ ၅ ပုဒ် လောက်ပါမယ်ပေါ့။ အခွေထွက်ဖြစ် မလား။ Online ကပဲ ဖြန့်ချိဖြစ်မလားဆိုတာ တော့ မပြောနိုင်သေးပါဘူး။ နှစ်ခုလုံးက ဖြန့်ချိရင် လည်း ဖြန့်ချိဖြစ်မှာပါ။ သီချင်းတွေကိုတော့ကျွန်တော် လည်းကြိုက်ရမယ်၊ ပရိသတ်လည်းခံစားလိုရ မယ့်သီချင်းတွေကိုတော့ရွေးချယ်နေပါတယ်။

သီချင်းတွေက ရှေ့ကထွက်ရှိခဲ့ တဲ့ ပုံစံ တွေနဲ့ နည်းနည်းလေး ကွဲရင် ကွဲမယ်။ ဒါပေမဲ့ rock ထဲကပါပဲ။ ဒီနှစ်မဟုတ်ရင် နောက်နှစ်လောက် တော့ထွက်ဖြစ်မှာပါ” လို့ပြောခဲ့ပါ တယ်။ သူကတော့ သူငယ်ချင်း တွေအားပေးမှုနဲ့သီချင်းတွေ ကြိုးစားရေးသားနေပြီးဒီ Mini Album ထွက်ဖြစ်ရင် လည်း သူကိုယ်တိုင် ရေးသားထားတဲ့ သီချင်းတစ်ပုဒ် လောက်ပါဝင်မှာဖြစ်ကြောင်း ပြော ခဲ့ပါတယ်။

သရုပ်ဆောင်တစ်ဦးလည်း ဖြစ် တဲ့သူက ရုပ်ရှင်ဇာတ်ကားကြီးများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ သူပါဝင်သရုပ်ဆောင် ထားတဲ့ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ် ကားကလည်း ၁၁ လပိုင်းမဟုတ်ရင် ၁၂ လပိုင်းလောက်မှာ ရုံတင်ပြသဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီရုပ် ရှင် ဇာတ်ကားထဲမှာ သူကတော့ မုဆိုးတစ်ဦးအဖြစ် ပါဝင်သရုပ် ဆောင်ထားပါတယ်။သူကတော့ လက်ရှိမှာ video ဇာတ်ကားတစ်ကား ရိုက်ကူး မှာဖြစ် ပြီး ၁၁ လပိုင်းမှာ ဒါရိုက်တာ သြရသ နဲ့အ တူရုပ်ရှင်တစ်ကားရိုက်ကူးဖို့ စီစဉ်ထား ကြောင့် လည်းသိရပါတယ်။ သူ့ရဲ့အချစ်ရေးကို မေးကြည့် တဲ့အခါမှာ လည်းလူပျိုကြီးတော့ လုပ်ဖို့ တော့ မရှိ ပါဘူးအချိန်ရင်မိန်းမယူဖြစ်မှာပါလို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here