အောင်မြင်ချင်လို့ အနုပညာ အလုပ် လုပ်တာ မဟုတ်ဘူး ဥာဏ်လင်းအောင်

0
209

အဆိုတော် ဥာဏ်လင်းအောင် က တတိယမြောက် တစ်ကိုယ်တော် စီးရီးခွေထွက်ရှိ နိုင်ဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။ သီချင်းတွေ ရှာရင်း အကြိုက်မတွေ့လို့ အနည်းငယ် ကြာသွားခဲ့တဲ့ ဥာဏ်လင်းအောင် က သူ့ရဲ့ တတိယမြောက် အခွေပြင်ဆင်မှု အပိုင်း ကိုတော့ အခုလို ပြောပြခဲ့ပါတယ်။အဆိုတော် ဥာဏ်လင်းအောင် က တတိယမြောက် တစ်ကိုယ်တော် စီးရီးခွေထွက်ရှိ နိုင်ဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။ သီချင်းတွေ ရှာရင်း အကြိုက်မတွေ့လို့ အနည်းငယ် ကြာသွားခဲ့တဲ့ ဥာဏ်လင်းအောင် က သူ့ရဲ့ တတိယမြောက် အခွေပြင်ဆင်မှု အပိုင်း ကိုတော့ အခုလို ပြောပြခဲ့ပါတယ်။ “လတ်တလောမှာ ကျွန်တော် နယ်ရှိုးပွဲတွေ သိဆိုဖြစ်နေပါတယ်။ တတိယ အခွေမှာ သီချင်း ၆ပုဒ်ပါဝင်ပြီး ထွက်ရှိဖို့ ပြင်ဆင်နေပါတယ်။ ဒုတိ ယအခွေ ထွက်ပြီးတော့ ကြားထဲမှာ သီချင်းဟောင်းတွေပဲ ထွက်ရင်ကောင်း မလားဆိုပြီး တွေဝေနေခဲ့တယ်။ သီချင်းတွေ ရှာရင်းနဲ့ အကြိုက်မတွေ့တာနဲ့ အချိန်ကြာသွားတာပါ။ ဒုတိယအခွေမှာ ကျွန်တော် အကြိုက်ကြီးပဲဖြစ်သွား  တဲ့အတွက်တတိယအခွေမှာ ပရိသတ်အကြိုက်တွေ ထည့်ထားပါတယ်။ဒီ အခွေကိုဒီဇင်ဘာလ မထွက်ဖြစ် ရင်တောင်နောက်နှစ်သင်္ကြန်မ ရောက်ခင် ထွက်ဖြစ်မှာပါ” လို့ ဥာဏ်လင်းအောင် က ပြောပါတယ်။

နယ်ရှိုးပွဲတွေမှာ သီဆိုရင်း နယ်ပရိသတ်တွေက သူ့ကို မောင်နှမ လို အချစ်ခံရကြောင်းလည်း အဆိုတော် ဥာဏ်လင်းအောင် ကပြောပါတယ်။ ဂီတလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ အချိန်မှာကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဥာဏ်လင်းအောင် က ဘာတွေ ပြန်ပြောဖြစ်လဲ ဆိုတော့.. . “ကျွန်တော် အခုအခြေအနေကို အားရကျေနပ်တာတော့ မရှိပါ ဘူး။ ဘာလို့လည်း ဆိုတော့ ပရိသတ်အတွက် အမြဲကြိုးစားနေတာပါ။ အောင်မြင်ချင် လို့ နာမည်ကြီးချင်လို့  ဒီအလုပ်ကို လုပ်တာ မဟုတ်ပါဘူး။ ဒီဂီတလောကထဲကို ၂ဝဝ၅ ခုနှစ်လောက်က သူငယ်ချင်းတွေ နဲ့ အခွေလုပ်တယ်။ အဲမှာကတည်း က သူငယ်ချင်း သီချင်းကရှိတယ်။ ကျွန်တော် အရင်တုန်းက အခက်အခဲတွေကို ပြန်တွေးရင်း ထပ်မကြုံ ချင်တော့ဘူး။ စပြီး ဝင်တဲ့ လူတွေရဲ့ အခက်အခဲကို ပြောပြလို့တောင် မတတ်ဘူး။ ပြန်ပြီး ဖြစ်စရာအကြောင်း လည်းမရှိပါဘူး” လို့ ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here