“ကျွန်တော်တို့က သဘင့်ကျွန်ပါ ” သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်

0
163

သဘင်အစည်းအရုံး(ဗဟို)အမှု ဆောင်အဖွဲ့ကို မကြာခင်ကာလမှာ ပြန်လည်ရွေးချယ်တင်မြှောက်တော့မှာ ဖြစ်ပါတယ်။ လက်ရှိတာဝန်ထမ်း ဆောင်နေတဲ့ အမှုဆောင်အဖွဲ့အနေ နဲ့ ၂နှစ်တာသက်တမ်းက အောက်တို ဘာလဆိုရင် ပြည့်မြောက်ပြီလည်း ဖြစ် ပါတယ်။ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ အတွက် သဘင်ညီလာခံကိုတော့ အောက်တိုဘာလထဲမှာ ပြုလုပ်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။  အမှု ဆောင်သက်တမ်း ၂နှစ်တာကာလ အတွင်းမှာ သဘင်လောကနဲ့ ပတ်သက် လို့ လုပ်ဆောင်ပေးခဲ့မှုတွေအပေါ် ဘယ်လိုပြန်သုံးသပ်မိလဲဆိုတာကို ဆက်မေးတဲ့အခါမှာတော့………

သဘင်အစည်းအရုံး(ဗဟို)အမှု ဆောင်အဖွဲ့ကို မကြာခင်ကာလမှာ ပြန်လည်ရွေးချယ်တင်မြှောက်တော့မှာ ဖြစ်ပါတယ်။ လက်ရှိတာဝန်ထမ်း ဆောင်နေတဲ့ အမှုဆောင်အဖွဲ့အနေ နဲ့ ၂နှစ်တာသက်တမ်းက အောက်တို ဘာလဆိုရင် ပြည့်မြောက်ပြီလည်း ဖြစ် ပါတယ်။ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ အတွက် သဘင်ညီလာခံကိုတော့ အောက်တိုဘာလထဲမှာ ပြုလုပ်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။  အမှု ဆောင်သက်တမ်း ၂နှစ်တာကာလ အတွင်းမှာ သဘင်လောကနဲ့ ပတ်သက် လို့ လုပ်ဆောင်ပေးခဲ့မှုတွေအပေါ် ဘယ်လိုပြန်သုံးသပ်မိလဲဆိုတာကို ဆက်မေးတဲ့အခါမှာတော့……

“ကျွန်တော်တို့ ရိုးရိုးသားသားပဲ ပြောပါ့မယ်။ ၂နှစ်ဆိုပေမယ့် နှစ်     ပေါင်း၂ဝစာမက အလုပ်လုပ်ရပါ တယ်။ သို့သော်ငြားလည်း အတိုင်း အတာတစ်ခုထိတော့ ကျေနပ်စရာ ဖြစ်ပါတယ်။ ၁ဝဝ%တော့ ကျွန်တော် တို့ မကျေနပ်ပါဘူး။ လုပ်ရတဲ့ကာလ ရယ်၊ ပြင်ပလုပ်ငန်းတွေလည်း လုပ် နေရတာဖြစ်တဲ့အတွက် ဒီလောက် နိစ္စဓူဝအချိန်ပေးတာတောင်မှ အချိန် နည်းပါတယ်။ အဲဒီတော့ ကျွန်တော် တို့က ဘာလုပ်ရမလဲဆိုတော့ အစည်း အရုံးမှာ တာဝန်မယူပေမယ့် တခြား ပြင်ပ ပညာရှင်တစ်ယောက်အနေနဲ့ သဘင့်အကျိုးကို လုပ်ဆောင်နိုင်တဲ့ အရာတွေ ရှိပါတယ်။ အဲဒါတွေကို ဆက်လက်ပြီးတော့ ကျွန်တော့်အနေ နဲ့ သဘင့်ဘိုးဘွားရိပ်သာလိုဟာမျိုး၊ လူမှု ကူညီစောင့်ရှောက်ရေးလိုမျိုး တွေကိုအများကြီး ကြိုးစားသွားမှာပါ။ ရုံးလုပ်ငန်းအရ၊ ဥပဒေအရ၊  စည်း မျဉ်းစည်းကမ်းအရ အဆင်ပြေမယ့် ကိစ္စရပ်တွေကိုတော့ ဆက်လက်ပြီး တော့ လွှဲပြောင်းပေးရမှာပေါ့” လို့ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦး ဖိုးချစ်က ပြောပါတယ်။ သဘင်ဥက္ကဋ္ဌတစ်ဦးအနေနဲ့ သဘင်လောကသားတွေကို ပြောချင် တာရှိရင် ပြောပေးပါဦးလို့ မေးတဲ့ အခါမှာတော့ …

“ကျွန်တော်တို့က သဘင့် ကျွန်ပါ။ ဥက္ကဋ္ဌဆိုပြီးတော့ ဦးဆောင် သူမဟုတ်ပါဘူး။ သဘင်ထုရဲ့ လို အပ်ချက်ကို ခိုင်းစေတာတွေကို လုပ်ဆောင်ဖို့အတွက် တာဝန်ယူရ တာ။ ကျွန်တော့်သဘောထားနဲ့ ကျွန်တော် လုပ်ဆောင်တာ အလွန် အင်မတန်နည်းပါတယ်။ အများရဲ့ ဆန္ဒ၊ အစည်းအဝေးဆုံးဖြတ်ချက် တွေနဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်တွေကို ဖိတ်ကြားပြီးမှ၊ ဆွေးနွေးပြီးမှ ဆောင် ရွက်တာဖြစ်ပါ တယ်။ အားလုံးထဲမှာမှ ရိုးရာယဉ် ကျေးမှုကို အခြေခံတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ဘာပဲစဉ်းစားစဉ်းစား ၊ ဘာပဲလုပ်လုပ် ကိုယ့်နိုင်ငံရဲ့ ပုံရိပ် ရိုးရာကို အခြေခံရပါတယ်။ စဉ်း စားရပါတယ်။ ပြောရပါတယ်” လို့ ဦးဖိုး ချစ်ကပြောပါတယ်။

 လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here