ပြည်တွင်း ပြည်ပ ဂီတဖျော်ဖြေပွဲများ အားပြိင်မှု ဖြစ်လာနိုင်မလား

0
243

ပွင့်လင်းမြင်သာမှု ရှိလာပြီဖြစ် တဲ့ခေတ်နဲ့ အညီ မြန်မာ့အနုပညာ လောကဟာ လည်း အရင်ထက် ပိုမို အခွင့်အလမ်းတွေ ပွင့်လန်းလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုပွင့် လန်းလာတာနဲ့ အမျှ နိုင်ငံတကာက ဂီတဖျော်ဖြေပွဲ တွေဟာလည်း ပြည်တွင်းမှာလာ ရောက်ကျင်းပ ပြုလုပ်ဖို့  စိတ်ဝင်စား လာသလို ပြည်တွင်းမှာ လာရောက် ကျင်းပပြု လုပ်ဖို့ အတွက် နိုင်ငံတကာ Artist  တွေကို ဖိတ်ခေါ် လာကြတာမြင်တွေ့ ရပါတယ်။ ဒီလို ဖိတ်ခေါ်လာတာ နဲ့အညီ ပြည်တွင်း ဂီတ ဖျော်ဖြေပွဲတွေ အနေနဲ့လည်း အပြင်အဆင်တွေက အစ နိုင်ငံ တကာ စံနှုန်းကိုမီ လာဖို့ ပြင်ဆင်ရ မယ့် အပိုင်းတွေလည်း ရှိလာပါ တယ်။ပြည်ပက ဂီတဖျော်ဖြေပွဲ တွေဝင် လာတာနဲ့ အမျှ ပြည်တွင်း ဂီတဖျော်ဖြေပွဲတွေနဲ့ အနည်းနဲ့ အများဆိုသလို အားပြိုင်မှုတွေ ရှိလာမှာ ဖြစ်သလို ပြည်တွင်း Artist  တွေအနေနဲ့လည်း အရည်အသွေး တွေကို ပိုမို မြှင့်တင်လာဖို့ လိုလာ ပါတယ်။ ပြည်တွင်းက Artist  တွေရဲ့ ဖျော်ဖြေပွဲတွေနဲ့ ပြည်ပကလာ ရောက်တဲ့ နိုင်ငံတကာအနုပညာ ရှင်များရဲ့ ဖျော်ဖြေပွဲတွေမှာ စိတ် ဝင်စားမှုနဲ့လက်မှတ်ဈေးနှုန်း ထား အရ ပြည်တွင်း ဂီတဖျော်ဖြေ ပွဲတွေ က ပိုမိုလူများတာကိုတော့ တွေ့ ရပေမယ့် ဒီအရပ် ဒီဇာတ်အရ ထက် ပိုမိုတဲ့အပြင်အဆင်မျိုး နဲ့ International Stage တွေကို မီနိုင်တဲ့ ပြင်ဆင်မှု တွေလည်း ရှိလာဖို့ လိုပြီဖြစ်ပါတယ်။ လက်မှတ် ဈေးနှုန်း နဲ့ညီမျှတဲ့ ဂီတ ဖျော်ဖြေပွဲပိုင်း ဆိုင်ရာ အပြင်အဆင်တွေ ကိုပိုမို ပြင်ဆင်ပြီး နိုင်ငံတကာ တန်းမီတဲ့ စင်မြင့်တွေ ဖန်တီးသင့်လာပြီ ဖြစ်ပါ တယ်။ပွင့်လင်းမြင်သာမှု ရှိလာပြီဖြစ် တဲ့ခေတ်နဲ့ အညီ မြန်မာ့အနုပညာ လောကဟာ လည်း အရင်ထက် ပိုမို အခွင့်အလမ်းတွေ ပွင့်လန်းလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုပွင့် လန်းလာတာနဲ့ အမျှ နိုင်ငံတကာက ဂီတဖျော်ဖြေပွဲ တွေဟာလည်း ပြည်တွင်းမှာလာ ရောက်ကျင်းပ ပြုလုပ်ဖို့  စိတ်ဝင်စား လာသလို ပြည်တွင်းမှာ လာရောက် ကျင်းပပြု လုပ်ဖို့ အတွက် နိုင်ငံတကာ Artist  တွေကို ဖိတ်ခေါ် လာကြတာမြင်တွေ့ ရပါတယ်။ ဒီလို ဖိတ်ခေါ်လာတာ နဲ့အညီ ပြည်တွင်း ဂီတ ဖျော်ဖြေပွဲတွေ အနေနဲ့လည်း အပြင်အဆင်တွေက အစ နိုင်ငံ တကာ စံနှုန်းကိုမီ လာဖို့ ပြင်ဆင်ရ မယ့် အပိုင်းတွေလည်း ရှိလာပါ တယ်။ပြည်ပက ဂီတဖျော်ဖြေပွဲ တွေဝင် လာတာနဲ့ အမျှ ပြည်တွင်း ဂီတဖျော်ဖြေပွဲတွေနဲ့ အနည်းနဲ့ အများဆိုသလို အားပြိုင်မှုတွေ ရှိလာမှာ ဖြစ်သလို ပြည်တွင်း Artist  တွေအနေနဲ့လည်း အရည်အသွေး တွေကို ပိုမို မြှင့်တင်လာဖို့ လိုလာ ပါတယ်။ ပြည်တွင်းက Artist  တွေရဲ့ ဖျော်ဖြေပွဲတွေနဲ့ ပြည်ပကလာ ရောက်တဲ့ နိုင်ငံတကာအနုပညာ ရှင်များရဲ့ ဖျော်ဖြေပွဲတွေမှာ စိတ် ဝင်စားမှုနဲ့လက်မှတ်ဈေးနှုန်း ထား အရ ပြည်တွင်း ဂီတဖျော်ဖြေ ပွဲတွေ က ပိုမိုလူများတာကိုတော့ တွေ့ ရပေမယ့် ဒီအရပ် ဒီဇာတ်အရ ထက် ပိုမိုတဲ့အပြင်အဆင်မျိုး နဲ့ International Stage တွေကို မီနိုင်တဲ့ ပြင်ဆင်မှု တွေလည်း ရှိလာဖို့ လိုပြီဖြစ်ပါတယ်။ လက်မှတ် ဈေးနှုန်း နဲ့ညီမျှတဲ့ ဂီတ ဖျော်ဖြေပွဲပိုင်း ဆိုင်ရာ အပြင်အဆင်တွေ ကိုပိုမို ပြင်ဆင်ပြီး နိုင်ငံတကာ တန်းမီတဲ့ စင်မြင့်တွေ ဖန်တီးသင့်လာပြီ ဖြစ်ပါ တယ်။ “ပြည်တွင်းပွဲတွေ အနေနဲ့ ပြည် ပကပွဲတွေ အများကြီး ဝင်လာပြီး ဒီ မှာ လာလုပ်ကြပြီ ဆိုတဲ့အခါ အား ပြိုင်မှုတွေတော့ ရှိလာမှာပဲ။ နိုင်ငံတ ကာကပွဲတွေ ဝင်လာတဲ့ အချိန်မှာ ကျွန်တော်တို့ဆီက ပွဲတွေက ပုံမှန် အတိုင်းပဲ သွားနေမယ် ဆိုရင်တော့ မလွယ်ဘူး။ ကျန်ခဲ့မှာပဲ။ ဒါကလည်း ချက်ချင်းကြီး ထလုပ်လို့မရဘူး။ ဖြည်း ဖြည်းချင်း လုပ်ယူသွားရမှာပဲ။ ကျွန်တော်တို့ ဆိုရင်လည်း ကျွန်တော် တို့ပွဲတွေကို တဖြည်းဖြည်းချင်း ပို ကောင်းအောင် လုပ်ပြီး ဆွဲခေါ်ရတာ ပဲ။  Local Artist ကို Local ပရိသတ်တွေက အသိဆုံးပဲ။ တစ်နိုင်ငံလုံးက သိတဲ့ သူတွေရဲ့ ပွဲလုပ်တဲ့ အခါအဲဒီပွဲက လူများတာပဲ။ ပြောရ ရင် နိုင်ငံတကာက လာလုပ်တဲ့ ပွဲတွေ နဲ့ ပြည်တွင်း Artist တွေလုပ်တဲ့ ပွဲ တွေ ကြည့်ရင် ပြည်တွင်း Artist တွေ ရဲ့ ပွဲက လူပိုဝင်တာတော့ မှန် တယ်။ အဲ့ဒီလို လူပိုဝင်တဲ့အပေါ်မှာ ပို ကောင်းအောင် လုပ်ရမယ်။ အဲဒီမှာ တန်ရာတန်ကြေးထက် အနည်းငယ် ပိုသွားတာမျိုး ရှိရင် ရှိမယ်။ ဒါပေမယ့် အဲဒီလို ပိုလာတဲ့ အနောက် မှာဘာ တွေထပ်လုပ်နိုင်မလဲ ဆိုတဲ့ ဝန် ဆောင်မှု ရှိရမယ်။ဈေးကလည်း တက် ချင်တိုင်းတက်လို့ မရဘူး။ ကိုယ့် ဘက်က အများကြီး လုပ်ပြပြီးမှ နည်းနည်းစီ ဆွဲခေါ်ရမယ်။ ရေရှည် ကို ကြည့်ရမယ်။ ရေတိုကိုကြည့်ပြီင်္း ဒီတစ်ပွဲပဲ မြတ်ဖို့လုပ်မယ် ဆိုရင် မြန် မာနိုင်ငံက Local Artist တွေရဲ့ ပွဲ က ဒုံရင်းဒုံရင်းပဲ ဖြစ်နေမှာပဲ။ ဒါကြောင့် ကွာလတီ ကောင်းကောင်း ပွဲတွေ ပိုလုပ်လာသင့်တယ်” လို့  ပွဲစီ စဉ်သူ တစ်ဦးဖြစ်တဲ့ Nine Planet  မှ ကိုသက်ဖုန်းနိုင်က ပြောပါတယ်။

ဒီလိုနိုင်ငံတကာ ပွဲတွေ များပြားလာ ခြင်းနဲ့အတူ ပြည်တွင်း အနုပညာရှင် တွေ အနေ နဲ့လည်း နိုင်ငံတကာပွဲ ဆို တဲ့နေရာမှာ အာရှက ပဲဖြစ်ဖြစ် အ နောက်နိုင်ငံတွေ ကလာတဲ့ ဂီတဖျော် ဖြေပွဲပဲ ဖြစ်ဖြစ် အဓိကတော့ Plan  ကောင်း ကောင်းချပြီး လေ့ကျင့်ထား တဲ့အဖွဲ့တွေကို လေ့ကျင့်မထားတဲ့ အဖွဲ့တွေက မမီတာတော့ အမှန်ပါ ပဲ။ “အနုပညာရှင်တွေ ပေါင်းပြီး တင်ဆက်တဲ့ အနုပညာတစ်ခုဟာ  ကိုယ်စိတ်နှလုံး အားလုံးပေါင်းပြီး လုပ်တာနဲ့ မလုပ်တာနဲ့ ကွာခြား တယ်။ အနုပညာ သီးသန့်ဖော်ပြတာနဲ့ အနုပညာအပြင် အခြားကဏ္ဍတွေက အစသေချာ စိတ်နှစ်ပြီး လုပ်တာ ကွာခြားတယ်။ ဥပမာ-ဟာမိုနီ၊ အတီး ပိုင်းကအစ သီချင်းမှာ Dancer ထည့်ဖို့လိုတာမျိုး ဆိုရင် ကိုယ်တိုင် ကပါလိုက်ကနိုင် အောင် လေ့ကျင့် တာမျိုးအထိ လိုအပ်တယ်။ အဖွဲ့လိုက် တင်ဆက်ရတဲ့ အခါမျိုး မှာလည်း အားလုံးတညီ တညွှတ်တည်း ပေါ့။ အဲဒါမျိုးဆိုရင်တော့ နိုင်ငံတကာ ပွဲတွေနဲ့ ယှဉ်နိုင်ပါတယ်။ ပြီးတော့ စက်ပိုင်း ဆိုင်ရာပေါ့။ အနုပညာအရ ဘယ်လောက်ပဲ အားထုတ် အားထုတ် စက်ပိုင်းဆိုင်ရာ အားနည်းမယ်ဆို ရင်လည်းနိုင်ငံတကာ နဲ့ယှဉ်ရင်အား နည်းမှာပဲ။ အဖက်ဖက်က အပြည့် စုံဆုံး ဖြစ်အောင် လုပ်နိုင် ရင်တော့ ယှဉ်နိုင်ပါတယ်”လို့ လည်း မြန်မာ ပြည်ရဲ့အဆိုကောင်း တေးသံ ရှင် တစ်ဦးဖြစ်တဲ့ မတင်ဇာမော်က ပြော ပါတယ်။
ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင် လာတာနဲ့အညီ ပြည်တွင်း ဂီတ ဖျော် ဖြေပွဲ တွေအနေ နဲ့လည်း ပြည်တွင်း ပရိသတ်ရဲ့ စိတ်ဝင်စားမှု ကို ပိုမိုရယူ လာနိုင်ဖို့ လိုအပ်လာပြီလည်း ဖြစ်ပါ တယ်။ ဒီအတွက်ကြောင့် ပြည်တွင်းပွဲ စီစဉ်သူ တွေရော၊ ပြည်တွင်း အနု ပညာရှင်တွေပါ အရင်ကထက် ပိုမို တဲ့ အားစိုက်မှုတွေနဲ့အတူ အနုပညာ အား၊ အတတ်ပညာ အားတွေကို ပိုမို အားထည့် မောင်းနှင်သင့်ပါကြောင်း လည်း ယူဆမိပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here