ဖခင်ဖြစ်သူ ဦးမေတ္တာနဲ့အတူ သီချင်းတွေသီဆိုမယ့် မေတ္တာမြင့်မြတ်ဟိန်း

0
251

လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဦးမေတ္တာရဲ့သားဖြစ်တဲ့ မေတ္တာမြင့်မြတ် ဟိန်းကလည်း အနုပညာလောကထဲမှာ လူရွှင်တော်တစ်ဦးအဖြစ် ရပ်တည်နေသူ တစ်ဦးပါ။ သူဟာ လူရွှင်တော်တစ်ဦး အပြင် ပြဇာတ်တွေမှာ ပါဝင်သရုပ်ဆောင် လေ့ရှိသလို ဂီတဘက်မှာလည်း စီးရီးခွေ တစ်ခွေထုတ်ဖို့ စီစဉ်နေတယ်လို့သိရပါ တယ်။ ဒီအခွေမှာတော့ သူ့ရဲ့ဖခင်ဖြစ်သူ ဦးမေတ္တာနဲ့အတူ တွဲပြီး သီဆိုထားတဲ့ သီချင်းတစ်ပုဒ်၊ နှစ်ပုဒ် လောက်ပါဝင်မှာ ဖြစ်ပြီး ကိုယ်တိုင်ရေး တေးသီချင်းတွေ လည်း ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခွေကိုထုတ်ဖို့တော့ စဉ်းစားပြီး ပါပြီ။ ဒါပေမဲ့ ဒီကြားထဲမှာသီချင်းရေး တာတွေရှိဦးမယ်။ ပြီးတော့အဖေနဲ့အတူ တွဲသီဆိုမယ့်သီချင်းကိုIdea လေးတွေ စဉ်းစားနေတယ်။ဟာသလေးလည်း ဖြစ် အောင်၊ ရယ်လည်းရယ်ရအောင်၊ ကောင်း လည်းကောင်းအောင်လို့  အချိန်ယူပြီး စဉ်းစားနေပါတယ်။ ကျွန်တော်ကတော့R&B နဲ့ Hip Hop  ဘက်ကို အားသန် တယ်” လို့ စီးရီးခွေနဲ့ပတ်သက်ပြီး မေတ္တာ မြင့်မြတ်ဟိန်းက ပြောပြပါတယ်။ သူ့ အနေနဲ့ နောက်ပိုင်းမှာလည်း သီချင်း တွေ သီဆိုသွားမှာဖြစ်ပြီး အဖေဖြစ် သူလို စွယ်စုံရအနုပညာရှင် တစ်ဦးဖြစ်ဖို့ ကြိုး စားသွားမယ်လို့  ပြောပါတယ်။

“အဖေကသူဖောက်ခဲ့တဲ့လမ်းမှာ အကောင်းဆုံးဖြစ်အောင် လျှောက်ခဲ့ပြီးပြီ။ သူ့သားကတော့ သူလျှောက်ခဲ့တဲ့ လမ်းကို လျှောက်မယ်။ ဒါပေမဲ့ အဖေနဲ့မတူတဲ့ နည်းလမ်းနဲ့ လျှောက်မယ်။ အဖေက လည်း ကျွန်တော်လျှောက်တဲ့လမ်းကို အားပေးပါတယ်။ လုပ်ဆိုတာချည်း ပဲ။ သို့ပေမယ့် သားဒီနေရာ ဒါ ကောင်းတယ်။ ဒါကိုတော့ မလုပ် နဲ့ဦး။ မသင့်တော်သေးဘူး။ ဒီပြက် လုံးက တော့ဘယ်အချိန်မှာ ပြက် တာ။ ဒီအချိန်မှာပြက်လို့ မရသေး ဘူး။ အဲဒီလို အမြဲတမ်း Support တော့ လုပ်ပေးနေ တယ်” လို့ ဖခင်ဖြစ်သူက အနု ပညာနဲ့ ပတ်သက်လို့ ကူညီ ပံ့ပိုးပေး မှုအပိုင်းကို မေတ္တာ မြင့်မြတ်ဟိန်းက ပြောပါ တယ်။

လင်းအက္ခရာ

LEAVE A REPLY

Please enter your comment!
Please enter your name here