ချစ်သူက နားလည်မှု အပြည့်အဝ ရှိပြီးသားပါ အောင်လေး

0
256

သရုပ်ဆောင်အောင်လေးနဲ့ ဟန်လေးတို့ရဲ့ ချစ်သူသက်တမ်းကတော့ နှစ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာကို ကျော်လွန်လာခဲ့ပြီဖြစ်ပါ တယ်။ ချစ်သူ ရည်းစားအနေနဲ့ တွဲလာတဲ့အချိန်ကစလို့ ဒီနေ့အချိန်အထိ တစ်ယောက်နဲ့တစ် ယောက် နားလည်မှုတွေဖြင့် တည်ဆောက်ထားတယ်လို့ဆိုတဲ့ အောင်လေးတို့ရဲ့Relationship က…………….

“ကျွန်တော်တို့ရဲ့ လတ်တလော အချစ်ရေးကတော့ အေးဆေးပါပဲ။ တွဲ လာတာတော့ နှစ်နှစ်နဲ့ တစ်လရှိပါပြီ။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ် ယောက်က အပြည့်အဝနားလည်ပြီးသားပါ။ သူလည်းသူ့အလုပ်တွေသူ လုပ် တဲ့အချိန် အေးဆေးပါပဲ။ ကိုယ်လည်းကိုယ့်အလုပ်ကိုယ်လုပ်တယ်။ နှစ်ယောက် မုန့်စားစရာရှိရင် အတူသွားစားတယ်။ သူငယ်ချင်းတွေနဲ့ Night Out ဆိုရင် သွားကြတယ်။ ဓာတ်ပုံရိုက်ရင်လည်း ရိုက်ကြတယ်။ ထွေထွေထူးထူးတော့ သိပ်မရှိပါဘူး။ စိတ်ကောက်၊ စကားများတာတွေလည်း သိပ်မရှိဘူး”လို့ အောင်လေးက ပြောပြပါတယ်။

လတ်တလော အောင်လေးကမှာ ဇင်ဇင်ဇော်မြင့်၊ ဇေရဲ ထက်တို့နဲ့အတူ ဒါရိုက်တာ ရွှေရေးထင်ထင် ရိုက်ကူးတဲ့ ‘ရာဇဝင်ရိုင်းခဲ့သည်’ ရုပ် ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် လျက်ရှိပါတယ်။ ဒီလိုအနုပညာ လှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့အတွက် အောင်လေးက သူဝါသနာပါတဲ့ တက် တူး ထပ်ထိုးချင်တဲ့စိတ်ကို မနည်းထိန်းချုပ်ထားရတယ်       လို့ ဆိုပါတယ်။ ဒါကြောင့်အောင်လေးရဲ့ တက်တူးအပေါ် ခုံမင်မှုနဲ့ အခုခေတ်  လူငယ်တွေအပေါ် တက်တူးထိုးခြင်း အကြောင်း မေးမြန်းတော့ ………..

“ကျွန်တော်သရုပ်ဆောင်အ လုပ်မလုပ်ဘူးဆိုရင် တက် တူး တစ်ကိုယ်လုံး ပြန့်နေလောက်ပြီထင်ပါတယ်။ တက်တူး ထိုးရတာ ကျွန်တော် အကြိုက်ဆုံးပါပဲ။ တက်တူးကို ကျွန်တော် ၉ တန်းကတည်းကစပြီး ထိုးထားတာပါ။ ထိုးပြီးရင်း ထိုးချင် တာပေါ့။ လည်ပင်းတွေရော၊ လက်တွေရော အပြည့်ထိုးချင်တာပါ။ အနုပညာအလုပ်တွေ လုပ်နေတော့  တက်တူးထိုးချင်စိတ်ကို မနည်း ထိန်းထားရတယ်။ ကိုယ်လည်းအောင်မြင် သေးတာမဟုတ်ဘဲ၊ ကြိုး စားနေတုန်းဆိုတော့ ဒါကသိပ်အဆင်မပြေဘူး။ ဒါတောင်တော်တော်ကြီး ကို များပြီလို့ ထင်လို့ပါ။ နောက်ထပ်ထိုးခွင့်ရမယ် ဆိုရင်တော့ လက် တစ်ခုလုံး အပြည့်ထိုးချင်တယ်။ ကျွန်တော်က တက်တူး  crazy တစ်ယောက်ပါ။ ဒါကလည်း ခေတ်တစ်ခုလိုဖြစ်လာပြီ။ အရင်က ဆိုရင် တက်တူးထိုးရင် လူမိုက်လို့ ထင်ကြတယ်။ တက်တူးထိုးတိုင်း လည်း  လူမိုက်မဟုတ်ဘဲ၊ လူလိမ္မာလေးတွေ ရှိပါသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here