Faith ဆိုတဲ့ နာမည်နဲ့ ထွက်ရှိလာမယ့် နင်ဇီမေ ရဲ့ တစ်ကိုယ်တော်စီးရီး

0
107

အဆိုတော် နင်ဇီမေရဲ့ ပထမဆုံး ထွက်ရှိလာမယ့် တစ်ကိုယ်တော် စီးရီးခွေအမည်ကတော့ “Faith” လို့ ပေးထား တယ်လို့ သိရပါတယ်။ ပရိသတ်တွေ ကတော့ နင်ဇီမေကို ကို သီချင်း အချိုလေးတွေ သီဆိုတာကို သဘောကျတာကြောင့် တစ်ကိုယ်တော်စီးရီးခွေ ထဲမှာပါရှိတဲ့ သီချင်းပုံစံတွေက သူ့အတွက် စွန့်စားမှု တစ်ခုပါပဲလို့ သူက ဆိုပါတယ်။ ကိုယ်လုပ်ချင်တဲ့ ဖန်တီးမှုတွေ အတွက် စိန်ခေါ်မှုတွေ များကြားထဲက နင်ဇီမေရဲ့ တစ်ကိုယ်တော်စီးရီးခွေ အကြောင်း ပြောပြတာကတော့ အဆိုတော် နင်ဇီမေရဲ့ ပထမဆုံး ထွက်ရှိလာမယ့် တစ်ကိုယ်တော် စီးရီးခွေအမည်ကတော့ “Faith” လို့ ပေးထား တယ်လို့ သိရပါတယ်။ ပရိသတ်တွေ ကတော့ နင်ဇီမေကို ကို သီချင်း အချိုလေးတွေ သီဆိုတာကို သဘောကျတာကြောင့် တစ်ကိုယ်တော်စီးရီးခွေ ထဲမှာပါရှိတဲ့ သီချင်းပုံစံတွေက သူ့အတွက် စွန့်စားမှု တစ်ခုပါပဲလို့ သူက ဆိုပါတယ်။ ကိုယ်လုပ်ချင်တဲ့ ဖန်တီးမှုတွေ အတွက် စိန်ခေါ်မှုတွေ များကြားထဲက နင်ဇီမေရဲ့ တစ်ကိုယ်တော်စီးရီးခွေ အကြောင်း ပြောပြတာကတော့  “ဒီ င်္Faith ဆိုတဲ့ နာမည်လေးက နင်ဇီရဲ့အစ်မပြောပြတာပါ။ Faith ဆိုတဲ့နာမည်လေး လုပ်ပါလား။ စာလုံး တစ်လုံးတည်းနဲ့ ရှင်းရှင်း လင်းလင်းလေးနဲ့ Simple ဖြစ်တယ်လို့ အကြံပေးတယ်။ နင်ဇီကလည်း ကြားလိုက် တဲ့အချိန်တည်းက ကြိုက်သွားလို့ ဒီလိုလေး ပေးဖြစ်တာပါ။ သီချင်းကတော့ ၁ဝ ပုဒ်ကျော်တယ်။ သီချင်း တော်တော်များများ ထည့်ပေးဖို့တော့ စဉ်းစားတယ်။ စောင့်မျှော်နေရတဲ့ ပရိသတ်တွေ အတွက်လည်း အချိန် နည်းနည်း ကြာသွားခဲ့တာကြောင့်ပါ။ ၂ဝ၁၇ ခုနှစ်ကုန်ပိုင်း လောက်ကတော့ Audio CD ထွက်ရှိနိုင်ဖို့ မှန်းထားပါ တယ်။ အခွေကတော့ ပြီးသွားပါပြီ။ Mixing ကပ်ထားပါတယ်။ ပရိသတ်ကြိုက်တဲ့ ပုံစံရော၊ Rock ပုံစံတွေပါ ထည့်ထားတယ်။ ကောင်းကောင်း လေးဖြစ်ချင်လို့ နင်ဇီက အချိန် သေသေချာချာ ယူခဲ့တာပါ။ ပရိုဂျူဆာနဲ့ မလုပ်ဘဲ၊ ကိုယ့်ဘာသာကိုယ်ပဲ လုပ်တော့ အချိန်လေး နည်းနည်း ကြာသွားခဲ့ပါတယ်”လို့ နင်ဇီမေက ပြောပြပါတယ်။
အခု မြန်မာ့ဒီမိုကရေစီ ပွဲတော် မှာ ပြသနေတဲ့ “သရစောထိ” ရုပ်ရှင် ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းကို လည်း နင်ဇီမေက သီဆိုထားတာဖြစ်ပါတယ်။ တေးရေး လင်းထက် ရေးစပ်ထားတဲ့ ဒီသီချင်းကို သီဆိုဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း နင်ဇီမေက “ဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း၊ နာမည်ကလည်း “သရစောထိ” ပါပဲ။ ဒီဇာတ်ကားထဲ မှာပါတဲ့ ကျောင်းဆရာရဲ့ အနစ်နာခံတဲ့အ ကြောင်း၊ ပေးဆပ်တဲ့ အကြောင်းလေး တွေနဲ့ သီချင်းလေးကို ပုံဖော် ထားတာပါ။ သီချင်း လုပ်တဲ့အခါမှာလည်း အခက်အခဲ မရှိခဲ့ဘူး။ နင်ဇီ သီဆိုတဲ့ အချိန် မှာ လည်း ကိုလင်းထက်တို့ ရှိတယ်။ အား လုံး တိုင်တိုင်ပင်ပင် နဲ့ပါပဲ။ ပထမတစ် ခေါက် အကြမ်း သွင်းခဲ့တယ်။ နောက် တစ် ခေါက်တော့ အချောသွင်းခဲ့တယ် ပေါ့”လို့ ပြောပါတယ်။   လတ်တလောမှာ ပရိသတ်တွေရဲ့ မြင်ကွင်း အလယ်မှာ သိပ်မမြင် တွေ့ရတဲ့ နင်ဇီမေက အခုတော့ ခန္ဓာကိုယ်ဝိတ် အနည်းငယ် ပြန်တက်လာနေတယ် လို့ လည်းဆိုပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here