ကိုယ့်ပတ်ဝန်းကျင်ကိုအမြဲငြိမ်းချမ်းအောင်ထားတဲ့ ဖြူဖြူကျော်သိန်း

0
188

အဆိုတော် ဖြူဖြူကျော်သိန်းက စက်တင်ဘာလဆန်းအတွင်းက မလေးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး Peace is Possible ဆိုတဲ့ Concert မှာ ပါဝင်ဖျော်ဖြေခဲ့ပါ တယ်။ ဒီပွဲမှာတော့ ဖြူဖြူကျော် သိန်းက တောင်ဆူဒန်၊ အမေရိကန် စတဲ့နိုင်ငံတွေက အဆိုတော်တွေနဲ့ အတူဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံ၊ ငြိမ်းချမ်းရေးဂီတပွဲမှာ ပါဝင် ဖျော်ဖြေခဲ့သလို ပြည်တွင်းမှာ ဖြစ်ပွားနေ တဲ့မငြိမ်းချမ်းတဲ့ ကိစ္စရပ်တွေ၊ လူမှုကွန်ရက်တွေမှာ မဟုတ်မမှန် သတင်းမှားတွေ ဖြန့်ဝေနေတဲ့ အကောင့်တုတွေနဲ့ ပတ်သက် ပြီးလည်း သူ့အမြင်ကို ခုလိုပြောပြတယ်။

 “ငြိမ်းချမ်းရေး အတွက်ကတော့ ဖြူဖြူတို့ အမြဲဆုတောင်းနေရ တာ ပါပဲ။ ဒါပေမဲ့ အရင်က ထက်စာရင် တော့ သတင်းရင်းမြစ်တွေက အစ အရင်လို တစ်ဖက်ပိတ် မဟုတ်တော့ ဘဲ သတင်းရင်းမြစ်တွေကို နှစ်ဖက် သေချာ Counter Check လုပ်နိုင် လာတယ်။ ဖြူဖြူ့အနေ နဲ့တော့အဆိုတော်တစ်ယောက်ဖြစ်တာနဲ့အညီ ငြိမ်းချမ်းရေးနဲ့ ပတ် သက်တဲ့သီချင်းတွေဆိုတာမျိုးပေါ့။ပြီးတော့ ငြိမ်းချမ်းရေး အတွက် ဆိုတာ အရမ်းအကြီးကြီးတွေ လုပ်ဆောင်နေမှ မဟုတ် ဘူး။ ကိုယ်နိုင်တဲ့ သေးသေးလေး တွေကစပြီး လုပ်လို့ရ တယ်။

အနီးစပ်ဆုံးပြောရရင် ဖြူဖြူ့ရဲ့ လူမှု ကွန်ရက် တရားဝင် စာမျက်နှာဖြစ် တဲ့ Phyuphyukyawthein Page မှာ ဆိုရင် Hate Speech ကို လုံးဝလက်မခံဘူး။တစ်ယောက်နဲ့တစ် ယောက် စော်ကားလှောင် ပြောင် သရောပုတ်ခတ် တိုက်ခိုက်တဲ့ အကောင့်မျိုး ဆိုရင် Ban/Block/Report/ Remove လုပ်တယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့   Fan Page လေးထဲမှာ ငြိမ်းချမ်းမှုကို ဖန်တီးတဲ့သဘောပဲ။ ဒါ ဖြူဖြူ အသေးဆုံးလုပ်ဆောင်တဲ့ အလုပ်တစ်ခု ပေါ့။ဒါ ဖြူဖြူမှမဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့် တရားဝင် အကောင့်မှာ ဒီလိုမဟုတ်မမှန်တဲ့ အကောင့်တွေကို Block / Ban လုပ်နိုင်ပါတယ်။အဲဒီလိုအားဖြင့် ကိုယ့်ရဲ့Facebook ပတ်ဝန်းကျင်ကို ငြိမ်းချမ်းသန့် ရှင်းအောင် လုပ်လို့ရပါတယ်။ဒီလို အသေး လေးကစပြီး ငြိမ်းချမ်းမှုကို မပေးတဲ့ အရာတွေကို ရှောင်ရှား ဖယ်ရှား ထားနိုင်ရင် ကိုယ့်ဝန်း ကျင်ဟာ ငြိမ်းချမ်း တဲ့ ပတ်ဝန်း ကျင် ဖြစ်မယ်။ အဲဒီလို သေးသေးလေးတွေ ပေါင်း လိုက်တဲ့အခါ ငြိမ်းချမ်းတဲ့ ဝန်းကျင်အကြီးကြီး ဖြစ်လာမှာပါ” လို့ ဖြူဖြူ ကျော်သိန်းကပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here