ယခင် နှစ်များထက် ပိုမိုစည်ကားစွာ ကျင်းပမည့် ရေကျော်ပွဲတော်

0
147

နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိတဲ့  ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်မှ ရေကျော်ပွဲ တော်ကို အခုနှစ်မှာတော့ အရင် နှစ်များထက် ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ် ။နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိတဲ့  ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်မှ ရေကျော်ပွဲ တော်ကို အခုနှစ်မှာတော့ အရင် နှစ်များထက် ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ရေကျော်ပွဲတော်ကိုတော့ အောက်တိုဘာလ၂ရက်နေ့မှ ၆ ရက်နေ့ အထိ ၅ ရက်တာ ကျင်းပပြုလုပ် သွားမှာဖြစ်ပြီး ဈေးပွဲ တော်မှာ ရောင်းချမယ့် ဆိုင်ခန်း တွေကိုလည်း လာရောက် ဆက် သွယ်လို့ ရပြီဖြစ်ကြောင်း သိရပါတယ်။ ရေကျော် ပွဲတော်မှာတော့ အမျိုး စုံလင်လှတဲ့ ဈေးဆိုင်ခန်းများအပြင် ချားရဟတ်များနဲ့ အတူ အငြိမ့်၊စတိတ်ရှိုး၊ ပဒေသာကပွဲ တို့လည်း ပါဝင်မှာ ဖြစ် ပါတယ်။

“ဒီနှစ်ကို ပိုစည်ကားအောင် လုပ်ထားတယ်။ ဆိုင်ခန်း အင်အားအရကော၊ ဒီနှစ်က ပိုပြီးတော့ များလာတယ်။ ဒီပွဲတော် က ရန်ကုန်မြို့ပေါ်မှာ အထင်ကရ ပွဲတော်ပါ။ နှစ်စဉ် ကျင်းပမြဲ ပွဲတော် တစ်ခုပေါ့။ ပြီးတော့ ရန်ကုန်မှာ ပွဲတော်ရာသီအရ ဆိုရင် ဒီပွဲတော်က ပွဲတော် အဖွင့်လို့ပဲ ပြောရမှာပါ။ ရေကျော်ပွဲ ပြီးဆုံးသွားတာ နဲ့ ကျန်တဲ့ပွဲတွေ ဆက်တိုက် ရောက်ရှိလာတော့ မယ်။ လမ်းမတော်ပွဲ ကကျတော့ တန်ဆောင်တိုင်ပွဲပေါ့။ မြို့ ပေါ်ပွဲတွေ အရဆိုရင် ထူးထူးခြားခြား ပွဲတော်တွေပေါ့” လို့ ပွဲ စီစဉ်သူများ အဖွဲ့ဖြစ်တဲ့ ဇ အဖွဲ့မှ ကိုဇေယျာ ကပြောပြပါတယ်။ အခုလက်ရှိ အချိန်မှာတော့ မြန်မာပြည် အနှံ့မှာလည်း ဘုရားပွဲတော်တွေ တောက်လျှောက် ကျင်းပလျက်ရှိနေပြီး ဇာတ် အဖွဲ့များက လည်း ဘုရား ပွဲတော်ကြီးများတွင် ကပြလျက် ရှိနေကြပြီ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here