ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေဆဲ EDM ပွဲတော်များ

0
228

မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့တာ မှတ်မှတ်ထင်ထင် ပြောရမယ် ဆိုရင် ၂ဝ၁၄ ခုနှစ်လောက်ကလို့ ဆိုရမှာပါ။ အဲဒီ ပွဲတော်တွေ ကတော့ EDM ပွဲတော်တွေ ပဲဖြစ်ပါတယ်။ Electronic Dance Music  လို့ခေါ် တဲ့ EDM ပွဲတော်တွေရဲ့ လက်ရှိ ပရိသတ် စိတ်ဝင်စားမှု အခြေအနေ ဟာ တစ်နှစ်ထက် တစ်နှစ်ကို Tempo  မြင့်တက်လို့နေပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ ဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် အကြောင်းအရာ တွေအများကြီး ရှိပါတယ်။ ဟစ် ဟော့ပ် အဆိုတော် ရန်ရန်ချမ်းက တော့ သူ့အမြင်ကို အခုလိုပြောပါ တယ်။ မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့တာ မှတ်မှတ်ထင်ထင် ပြောရမယ် ဆိုရင် ၂ဝ၁၄ ခုနှစ်လောက်ကလို့ ဆိုရမှာပါ။ အဲဒီ ပွဲတော်တွေ ကတော့ EDM ပွဲတော်တွေ ပဲဖြစ်ပါတယ်။ Electronic Dance Music  လို့ခေါ် တဲ့ EDM ပွဲတော်တွေရဲ့ လက်ရှိ ပရိသတ် စိတ်ဝင်စားမှု အခြေအနေ ဟာ တစ်နှစ်ထက် တစ်နှစ်ကို Tempo  မြင့်တက်လို့နေပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ ဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် အကြောင်းအရာ တွေအများကြီး ရှိပါတယ်။ ဟစ် ဟော့ပ် အဆိုတော် ရန်ရန်ချမ်းက တော့ သူ့အမြင်ကို အခုလိုပြောပါ တယ်။

“ဒါတွေက ရှင်းရှင်းပြောရရင် အခုမှ ဝုန်းဆိုပြီး ဖြစ်ပေါ်လာတဲ့ အ ရာတွေ မဟုတ်ပါဘူး။ ဒီလိုမျိုးဖြစ် လာဖို့ အတွက် ရှေ့မှာ အများကြီး လှမ်းခဲ့ရတယ်။ EDM ကဒီမှာ တင်မဟုတ်ဘူး။ ကမ္ဘာမှာလည်း ဒီ လိုပဲ။ EDM ဆိုတာ အခုမှပေါ် တယ်လို့ ထင်ရပေမယ့် Club ဆိုတာ ၁၉၉၃ ၊ ၁၉၉၄ခုနှစ်ဝန်းကျင် လောက်ကတည်းက ဒီနိုင်ငံမှာစပြီး ခေတ်စားခဲ့တာပေါ့။ အဲဒီတော့ သူလည်းလျှောက်လှမ်းခဲ့ရတာ မနည်းပါဘူး။ အခုမှ ဝုန်း ဆိုပြီးပေါ် လာခဲ့တာမဟုတ်ပါဘူး။ အဲဒီတော့ သူဖြစ်သင့်တဲ့အချိန်ရောက်လို့ ဖြစ်လာခဲ့တယ်လို့ပဲမြင်ပါတယ်” လို့ သူ့အမြင်ကိုပြောပါတယ်။ လတ်တလော Current  အရဆိုရင် စက်တင်ဘာလ ၂၃ရက် နေ့က ကျင်းပခဲ့တဲ့ Moonsoon Madness Music Festival ပါ။ မကြာခင်မှာလည်း အောက်တိုဘာလ ၆ရက်နေ့မှာ Road To Fullmoon Party  ကို ရန်ကုန်မြို့၊ The One Entertainment Park မှာ ကျင်းပ တော့မှာပါ။ EDM ပရိသတ်တွေအ နေနဲ့ကတော့ ဘယ်လိုသွားကြမယ်၊ လက်မှတ် Pre Order  တွေဝယ်ပြီး သွားပြီ။ သူတို့ကြိုက်တဲ့ ပြည်ပက DJ Artist တွေက ဘယ်လိုစသဖြင့် ပွဲမကျင်းပမီ လူမှုကွန်ရက် စာမျက်နှာ အသီးသီးမှာ ပြောဆိုနေကြတာ လေးတွေ တွေ့ရပါတယ်။ ပြည်တွင်း က DJ Artist  တစ်ယောက်ဖြစ်တဲ့ DJ Wine  ကို့ မြန်မာနိုင်ငံမှာ ကျင်းပလာတဲ့ EDM ပွဲတော်တွေနဲ့ ပတ်သက်ပြီး သူဘယ်လိုမြင်သလဲဆို တာ မေးကြည့်တဲ့အခါ  “တအားကို ဝမ်းသာပါတယ်။ ငယ်ငယ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်ပေါ့နော်။ ကျွန်တော်တို့ ၂ဝဝ၂၊ ၂ဝဝ၃ခုနှစ် DJ စဖြစ်လာ ကတည်းက အဲဒီလိုမျိုးတွေ မျှော်လင့် ခဲ့ရတာပါ။ ဒါပေမဲ့ ကြားထဲမှာ Festival ဆို ကြီးကြီးမားမားဆိုလို့ သင်္ကြန်ပဲရှိတယ်။ အခုလို Festival တွေ ပေါ်လာတာ အရမ်းကောင်း ပါတယ်။ သယ်ဆောင် လာပေးတဲ့ သူတွေကိုလည်း အရမ်းကျေးဇူး တင်တယ်။ ယိုးဒယားမှာ ဆိုရင် ဒီလို Festival မျိုးတွေက တစ်နှစ်ကို ၂၄ပွဲ၊ ၂၅ပွဲ လောက်ရှိတယ်။ ဒီမှာက သိပ်မရှိခဲ့ဘူး။ ဒီဘက်နှစ်ပိုင်းတွေ မှာတော့ များလာပါပြီ။ ကျွန်တော် တို့ ကြိုဆိုပါတယ်။ ကောင်းလည်း ကောင်းပါတယ်”လို့ပြောပါတယ်။

EDM ပွဲတွေကို သွားရောက် ကြည့်ရှုကြတယ်ဆိုတာက တကယ် တမ်းပြောရမယ် ဆိုရင် ရန်ကုန်၊ မန္တလေးမြို့ပေါ်တွေက ငွေကြေး တတ်နိုင်တဲ့ လူငယ်တွေလောက်သာ သွားရောက် ကြည့်ရှုကြတဲ့ ပွဲတွေ လို့ပြောရမှာပါ။ ဘာကြောင့်လည်းဆို ရင် EDM ပွဲတွေရဲ့ မြင့်မားလှတဲ့ ဈေး နှုန်းတွေကြောင့်လို့ ပြောရင် ဒါဟာ လည်း မမှားနိုင်ပါဘူး။ EDM  ပွဲတွေ ရဲ့ ဈေးနှုန်းမြင့်မားမှုတွေနဲ့ ပတ်သက် ပြီး DJ Wine ဘာပြော သလဲဆို တော့ “ကျွန်တော်တို့ပေးနိုင်တဲ့ ရသက PLUR လို့ အတိုကောက် ခေါ်တာပေါ့။ Peace, Love, Unity, Respect ပေါ့။ လာတဲ့သူ တွေက Rave မှာရန်ဖြစ်တယ်ဆိုတာ နည်းတယ်။ အကုန်လုံးက စည်းစည်း လုံးလုံးနဲ့ တအားပျော်ပြီးတော့ ဒါကြီးကို အကုန်လုံးက ဝင်ရောက် ဆင်နွှဲကြတဲ့သဘော ဆိုတော့   Rave  နဲ့ အပြင် Club သွားတာနဲ့က လုံးဝတူကိုမတူဘူး။ ကျွန်တော်တို့ ကိုယ်တိုင်တောင်မှ ဖွင့်ပြီးလို့ ဝင်ကြည့်ရင် အရမ်းစိတ် လှုပ်ရှား တယ်။ ပျော်တယ်ပေါ့။ နောက်တစ်ခု ကကျတော့ ကျွန်တော်တို့ DJ တွေ ပေါ့။ DJ တွေကလည်း သူတို့ပေး နိုင်တာကို အပြည့်အဝ ပေး တဲ့ အတွက် ဖွင့်တာတော့ ဒီသီချင်းပဲ။ ဒါပေမဲ့ Club မှာနားထောင်တာနဲ့ Rave  မှာ နားထောင် တာမတူပါဘူး။ နောက် တစ်ခုက Production ပိုင်းပေါ့။ မီးရှုး၊ မီးပန်း တွေ၊ LED တွေ၊ Lighting တွေ၊ှSound System တွေ အဲဒီဟာ တွေအားလုံး ပေါင်းစပ် လိုက်တဲ့အခါမှာ တကယ့် ကို ပြီးပြည့်စုံတဲ့ ပွဲတစ်ခု ဖြစ်သွားတယ်။ အဲဒီလိုပွဲမျိုးက ဈေးနှုန်း အနေနဲ့ တန်းတစ်ခုတော့ ရှိမှာပဲ။ ဒီမှာမကြည့်ချင်လို့ နိုင်ငံ ခြားမှာ သွားကြည့်မယ် ဆိုရင်လည်း ဒီ့ထက်ပို ကုန်မှာပဲလေ” လို့ သူက ပြောပါတယ်။
နောက်ထပ် ကျင်းပပြုလုပ်မယ့် ပွဲတွေလည်း ရှိပါသေးတယ်။ သိရသ လောက်ဆိုရင် 808 Yangon, Water Zonic, New Count Down Yangon တို့လို EDMပွဲတွေလည်း လာဦးမှာပါ။ EDM ပွဲတော်တွေ မြန်မာနိုင်ငံမှာ ကျင်းပလာတာ ကြို ဆိုတယ် ဆိုပေမယ့် ပွဲတွေအ များကြီး တစ်ပွဲနဲ့ တစ်ပွဲ သိပ်မကွာ ဘဲတော့ မလုပ်စေချင်သေး ဘူးလို့ဆိုတဲ့ ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချမ်းက “ကျွန်တော့် အမြင်ကတော့ Festival တွေ အများကြီးမလုပ် စေချင်သေးဘူး။ ရာသီတစ်ရာသီမှာ ၆ ပွဲလောက် ဆိုတာကတော့များ တယ်။
ကြည့်ရတဲ့သူလည်း ရိုးသွား နိုင်တယ်။ ပိုက်ဆံကလည်း မနည်းဘူး ဆိုတော့ ရာသီ တစ်ရာသီမှာ ၃ပွဲ လောက်ပဲ လုပ်သင့်တယ်။ ဒီနိုင်ငံ အ နေနဲ့ပေါ့။ ပွဲလည်း တန်ဖိုးပိုရှိတယ်။ ကြည့်ရတာမျှော်တလင့် လင့်နဲ့ပေါ့” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here