ဦးညွန့်ဝင်း အကြောင်းပြောပြတဲ့ တင်မောင် ဆန်းမင်းဝင်း

0
131

တင်မောင်ဆန်းမင်းဝင်းက မင်းသားကြီး ဦး ညွန့်ဝင်းရဲ့ တူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်က တည်းက ဘဘကြီးဖြစ်သူ  ဦးညွန့်ဝင်းကို အားကျ အတုယူခဲ့ရတဲ့ သူ့ အနေနဲ့ ဦးညွန့်ဝင်း နဲ့အတူတူ ပြ   ဇာတ်တွေမှာ တွဲကခဲ့ဖူးတယ်လို့  သိရပါတယ်။ ပြဇာတ် အတူတူတွဲကပြခဲ့တဲ့ အချိန်တုန်းကလည်း ပညာတွေ အများကြီး ရရှိခဲ့ပြီး အခုလက်ရှိ အချိန် မှာလည်း ဘဘကြီး ဦးညွန့်ဝင်းကခဲ့တဲ့ ပြဇာတ် တွေကို သူ့အနေနဲ့  ပြန်လည် ကပြခဲ့တာမျိုးတွေ လည်း ရှိကြောင်းသူက ဆိုပါတယ်။တင်မောင်ဆန်းမင်းဝင်းက မင်းသားကြီး ဦး ညွန့်ဝင်းရဲ့ တူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်က တည်းက ဘဘကြီးဖြစ်သူ  ဦးညွန့်ဝင်းကို အားကျ အတုယူခဲ့ရတဲ့ သူ့ အနေနဲ့ ဦးညွန့်ဝင်း နဲ့အတူတူ ပြ   ဇာတ်တွေမှာ တွဲကခဲ့ဖူးတယ်လို့  သိရပါတယ်။ ပြဇာတ် အတူတူတွဲကပြခဲ့တဲ့ အချိန်တုန်းကလည်း ပညာတွေ အများကြီး ရရှိခဲ့ပြီး အခုလက်ရှိ အချိန် မှာလည်း ဘဘကြီး ဦးညွန့်ဝင်းကခဲ့တဲ့ ပြဇာတ် တွေကို သူ့အနေနဲ့  ပြန်လည် ကပြခဲ့တာမျိုးတွေ လည်း ရှိကြောင်းသူက ဆိုပါတယ်။

“မနှစ်ကဆိုရင် ဘဘကခဲ့တဲ့အချစ်ဇော်ဆို တဲ့ပြဇာတ်ကို ကခဲ့တယ်။ သူ့အသံတိုင်း တူအောင် လိုက်ပြောပြီးကခဲ့တာပါ။ ပြီးတော့ ဘဘကအင်္ဂလိပ်  ဘာသာစကား ကလည်း တအားကောင်းတယ်။ အချိန်ကိုတအား လည်း လေးစားတဲ့ အနုပညာရှင် ကြီးတစ်ယောက်ပါ။ အဲဒါကတော့ ဘယ်သူမှ လိုက် မမီနိုင်ဘူး။ ကျွန်တော် ဆိုရင်ခြေမှုန်တောင် မီမှာ မဟုတ်ဘူး။ အခုလည်း ကျွန်တော့် အနေနဲ့ အတတ် နိုင်ဆုံးတော့ ဘဘလိုဖြစ်အောင် ကြိုးစားနေပါ တယ်။ အနုညာသမား ဆိုတာ အချိန်ကို လေးစား ရမယ်။ ကိုယ့်အလုပ်ကို ကိုယ် တန်ဖိုးထားရမယ်  တဲ့။ အဲဒါလေးတွေက တအားကောင်းတဲ့ အချက် လေးတွေပါ။ ပြောတဲ့ “စကားကို လက်တွေ့အကောင် အထည် မဖော်နိုင်တာတွေ ရှိကြတယ်လေ။ ဒါပေမဲ့ ဘဘက တကယ်ကို အကောင်အထည် ဖော်တယ်။ အခုဆိုရင် ဘဘဆီက  Idea တွေကို ကျွန်တော်တို့ အတွက် အများကြီး အသုံးချလို့ရပါတယ်။ ကိုယ် လည်း မင်းသားဖြစ်ပြီ ဆိုတော့လေ။ ဘဘကိုမီမှာ တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါလေးတွေက လိုက်ပြီး ယူရတာပေါ့လေ” လို့ ဘဘ ဦးညွန့်ဝင်း နဲ့ပတ်သက် လို့ တင်မောင်ဆန်းမင်းဝင်း က ပြောပြပါတယ်။

မိုးရာသီ အပတ်စဉ် အထူးဖျော်ဖြေပွဲနဲ့ ပတ် သက်လို့လည်း ဘဘ ဦးညွန့်ဝင်းဆီက အကြံဥာဏ် တွေ ယူခဲ့ရတာတွေရှိပြီး ဘဘကလည်း ကောင်းတာ တွေကိုကောင်းသလို ပြောပြီး ၊ မကောင်းတာတွေကို လည်း မကောင်းသလိုပြောပြကာ ဒါလေးတွေတော့ ပြင်လိုက်ပါဦးဆိုတာ တွေကို အကြံဥာဏ်ပေးလေ့ရှိ ကြောင်း၊ ဘဘဆီက အကြံဥာဏ်၊ တွေကသူ့အတွက် လည်း တအားအသုံးဝင်ကြောင်း တင်မောင်ဆန်း မင်းဝင်းက ဆက်ပြောပါတယ်။

ဦးညွန့်ဝင်းက အခုဆိုရင် အသက်၇၈နှစ် ရှိပြီ ဖြစ်ပြီး ကျန်းမာရေး အရလည်း ကောင်းမွန်လျက် ရှိတယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here