အစာအိမ် ဝေဒနာကြောင့် အနုပညာလုပ်ငန်းကို ခေတ္တရပ်နားခဲ့ရတဲ့ ရွှေပိုးအိမ်

0
194

အစာအိမ် ဝေဒနာကြောင့် သရုပ်ဆောင် အလုပ်တွေကို ခဏ ရပ်နားလိုက်ရတဲ့ သရုပ်ဆောင် ရွှေ ပိုးအိပ်က အခုချိန်မှာတော့ ဓာတ်ပုံ ရိုက်ကူးမှုတွေနဲ့ အနုပညာလှုပ်ရှားမှု တွေကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ် ပါတယ်။ ရွှေပိုးအိမ်က အစာအိမ် ရောဂါအတွက်လည်းအစစအရာရာ ဂရုစိုက်နေပြီး လက်ရှိ ခန္ဓာကိုယ် အ လေးချိန်ကိုလည်း ထိန်းထားတယ်လို့ ဆိုပါတယ်။ အစာအိမ် ဝေဒနာကြောင့် သရုပ်ဆောင် အလုပ်တွေကို ခဏ ရပ်နားလိုက်ရတဲ့ သရုပ်ဆောင် ရွှေ ပိုးအိက အခုချိန်မှာတော့ ဓာတ်ပုံ ရိုက်ကူးမှုတွေနဲ့ အနုပညာလှုပ်ရှားမှု တွေကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ် ပါတယ်။ ရွှေပိုးအိမ်က အစာအိမ် ရောဂါအတွက်လည်း အစစအရာရာ ဂရုစိုက်နေပြီး လက်ရှိ ခန္ဓာကိုယ် အ လေးချိန်ကိုလည်း ထိန်းထားတယ်လို့ ဆိုပါတယ်။

“ညီမအစာအိမ်ရောင်ပြီး အောင့်တာနဲ့ပဲ အနု ပညာအလုပ်တွေ ခဏရပ်နားလိုက်တာပါ။ လွန်ခဲ့ တဲ့ သုံးလ လောက်က အစာအိမ်နာတာကြောင့် ပြောထားတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်း မရိုက်ကူးဖြစ်ဘူး။ လက်လွှတ်လိုက်ရတယ်။ အခုတော့ ပြန်ကောင်းသွားပါပြီ။ ညီမလည်းကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက် တယ်။ အစာအိမ် ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ လည်း အစားအသောက်တွေ ကို ဆင်ခြင်ပြီးစားရတာပေါ့။  ကိုယ်လက် လေ့ ကျင့်ခန်းတွေလည်း ပုံမှန်လုပ် တယ်။ Real Skin လည်း သောက်တော့ အရင်ကထက် ဝိတ်လည်းပိုပြီး တက်မလာတော့ဘူး။ အဆီတွေကျပြီး အသားလည်း ပြန်ကျစ်လာပါပြီ။ အခုတော့ ဇာတ်ကားတွေ ရိုက်ကူးဖို့ ပြန်လက်ခံ ထားတယ်။ နောက်လလောက် ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့လည်း ရှိပါတယ်” လို့ ရွှေပိုးအိမ်က ပြောပါတယ်။

 ကျန်းမာရေး မကောင်းတဲ့ အချိန်က ‘We Love ‘အဖွဲ့ကလည်း ဂရုစိုက်ကြတယ်လို့ ဆိုတဲ့ ရွှေပိုးအိမ် က ဒီအဖွဲ့တွေနဲ့ အမြဲထိတွေ့ဖြစ်တယ် လို့ ဆိုပါတယ်။’We Love ‘ အဖွဲ့တွေ ကို အပြင်မှာ တွေ့ဖို့အစီအ စဉ်တွေ ရှိတယ်လို့ဆိုတဲ့ ရွှေပိုးအိမ်က သူရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ဖို့ အကြောင်းကို…

” ရွှေပိုးကတော့ ပရိသတ်တွေ ‘We Love ‘ တွေနဲ့ အဆက်အသွယ် မပြတ်အောင် စကားတွေ ပြောဖြစ် ကြတယ်။ ရွှေပိုး live လွှင့်ရင်လည်း ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ပါးပါး ပြော ဖြစ်တယ်။    ‘We Love ‘ အဖွဲ့နဲ့လည်း အပြင်မှာ တွေ့ကြဖို့တွေလည်း ရှိတယ်။ မုန့်တွေ သွားစားကြမယ်။ စကားတွေ ပြောကြမယ်ပေါ့။ ဒီအဖွဲ့တွေက ညီမကို တအားချစ်ကြ တယ်။ မနက်မိုးလင်းတာနဲ့ သူတို့တင် ပေးထားတဲ့ Post တွေ တွေ့ရတယ်။ ညီမနေမကောင်းရင်လည်း ဂရုစိုက်ကြတယ်။ ကြည့်ပေး ကြတယ်။ အဲဒီအတွက် ညီမကသူတို့ကိုတအား ကျေးဇူးတင်တယ်။ လေးစားတယ်။ ညီမလည်း ရရှိလာတဲ့ အခွင့်အရေး အပေါ်မှာ ကိုယ့်ရဲ့ အနုပညာတွေကို အကောင်းဆုံး ချပြနိုင်အောင် ဆက် လက်ကြိုးစား နေဦးမှာပါ” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here