ဒေါ်စိုးယုဝေ အလှမယ်အေးချမ်းမိုးကို Miss Grand Myanmar 2017 အဖြစ် ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

0
263

6th Miss Universe Myanmar Congratulations Party မှ ထူးခြားတဲ့အစီအစဉ်အနေနဲ့ အလှမယ်ရွှေအိမ်စည် အစား Miss Grand International 2017 ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင် မယ့် အလှမယ်ကို surprise လုပ်ပြီး National Director ဖြစ်သူ ဒေါ်စိုးယုဝေက ကြေညာခဲ့ပါတယ်။ အလှမယ်အေးချမ်းမိုးကို Miss Grand Myanmar 2017 အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပြီး သရဖူ နဲ့ စလွယ်ကိုလည်း ပေးအပ်ခဲ့ပါတယ်။ ဒီပွဲမှာ surprise လုပ်ဖြစ်ခဲ့ပုံကို ဒေါ်စိုးယုဝေက.. .

”သူက အရင် ၂၀၁၃ ခုနှစ်ထဲက ကျွန်မတို့ Organization နဲ့အတူ ရှိနေခဲ့တဲ့သူပေါ့။ ကျွန်မတို့အလုပ်တွေ ရှိရင်လည်း လာကူတယ်။ ပြောစကားလည်း နားထောင်တယ်။ လိမ္မာယဉ်ကျေးတယ်။ လမ်းညွှန် မှုတွေကိုလည်း အမြဲတမ်း နာခံနေတဲ့ ကလေး တစ်ယောက်လည်းဖြစ်တယ်။ ပြိုင်ပွဲလည်း သွားရောက်ယှဉ်ပြိုင် လိုစိတ် ရှိတယ်။ ပွဲတွေရှိရင်လည်း သူသွားပြိုင်လိုစိတ် ရှိတယ်လို့ ကျွန်မတို့ကို ပြောထားတာ ရှိတယ်။ ဒါပေမယ့် ကျွန်မကတော့ တတ်နိုင်သလောက် ကြိုးစားပေးမယ်။ ဘယ်ပွဲရှိလာမယ် ဆိုတာတော့ မသိသေးဘူးပေါ့။ အကြမ်းဖျင်းတော့ သူ့ကို ဒီရက်ပိုင်းထဲမှာ ပြိုင်ပွဲသွားရရင်သွားရလိမ့်မယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဒီပွဲလို့တော့ မပြောထားပါဘူး။ အဲ့ဒါကြောင့် သူလည်း surprise ဖြစ်သွားတာပါ။”လို့ပြောပါတယ်။

အလှမယ် အေးချမ်းမိုးကို Miss Grand Myanmar အဖြစ် ရွေးချယ်စေလွှတ်ဖြစ်ခဲ့ပုံကိုတော့ ဒေါ်စိုးယုဝေက.. .

ပြန်စဉ်းစားလိုက်တော့ ၂၀၁၃ ကနေ 1st Runner Up တွေကို ပြန်ကြည့်လိုက်ပါတယ်။ အဖြစ်သင့်ဆုံးနဲ့ သူက စီနီယာအကျဆုံးလည်း ဖြစ်တယ်။ အခုအချိန် လွှတ်ရင်လည်း အဆင်သင့်ဖြစ်တယ်။ သူကိုယ်တိုင် ကလည်း တက်တက်ကြွကြွရှိတယ်။ စိတ်အားထက်သန်မှုရှိတယ်။ Organization ရဲ့ လမ်းညွှန်မှုကိုလည်း ၁၀၀ရာခိုင်နှုန်း လိုက်နာလိမ့်မယ်လို့လည်း ယုံကြည်တဲ့အတွက် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း ပြိုင်ပွဲကို တစ်ရက်နှစ်ရက်အတွင်း သွားပြိုင်ရမှာဖြစ်တဲ့အတွက် တာဝန်လည်း အရမ်းကြီးပါတယ်။ အခက်​အခဲတွေအများကြီး ရင်ဆိုင်ရမယ်ဆိုတာလည်း သိပါတယ်။ အဲဒီအတွက် ကျွန်မအနေနဲ့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ Organization အနေနဲ့ သူ့ဘက်ကနေရပ်တည်ပြီး အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမှာပါ။ သူလည်းအကောင်းဆုံး လုပ်ဆောင်လာနိုင်မယ် လို့ယုံကြည်ပါတယ်။” လို့ပြောပါတယ်။

Miss Grand International 2017 ပြိုင်ပွဲကို အောက်တိုဘာ ၂၅ရက်နေ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး အလှမယ်အေးချမ်းမိုးက အောက်တိုဘာ ၅ရက် သို့မဟုတ် ၆ရက်နေ့အရောက် ဗီယက်နမ်နိုင်ငံကို အရောက်သွားရမှာ ဖြစ်ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here