ဝါလကင်းလွတ် သီတင်းကျွတ် အနုပညာရှင်တို့ရဲ့ ဖြတ်သန်းမှု

0
196

နှစ်စဉ်နှစ်တိုင်း ဝါတွင်းကင်း လွတ်သီတင်းကျွတ်ပြီ ဆိုရင် သက် ကြီးဘိုးဘွား ဆရာသမား များကို ပူ ဇော်ကန်တော့ ကြလေ့ရှိသလို မြန်မာ့ ယဉ်ကျေးမှု ဆိုင်ရာဓလေ့ထုံး တမ်း အစဉ်အလာများထဲက မြန်မာ့ စိတ်ရင်း မြန်မာ့ အလှတရားများ ဖော်ညွှန်းပြ ဆိုတဲ့ မြန်မာ့ လူ့ အဖွဲ့အစည်း အတွင်းမှ တန်ဖိုးအရှိ ဆုံး ချစ်စရာပြယုဂ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝါကျွတ်ချိန် ကာလမှာ သက်ကြီးဘိုးဘွား မိဘဆရာသမား များကို ပူဇော် ကန်တော့ကြပြီး သီတင်းကျွတ် မီးထွန်း ပွဲတော်များ ဆင်ယင်ကျင်းပမှုမှာ ပါဝင် ဆင်နွှဲ ပျော်ကြရတဲ့ ဝါကျွတ် အလှူ၊ ဝါကျွတ် အပျော်တို့အပေါ် ကိုယ်တိုင် ဖြတ်သန်းကြမယ့် အနုပညာရှင် တို့ရဲ့ ကြည်နူးပီတိ စကားသံများ စု စည်းဖော်ပြလိုက်ရပါတယ်။

ဝင်းသပြေထွန်း

ငယ်ငယ်ကဆို သီတင်းကျွတ်ရင် အဖေ လုပ်ပေးတဲ့ မီးထွန်းကားလေးနဲ့ လမ်းလျှောက် ရတာ သတိရတယ်။ သူငယ်ချင်းတွေနဲ့ ငရဲမီး ဆော့ဖို့ ဖယောင်းတိုင်တွေ စုထားရတာ၊ ဆော့ ရတာ၊ မီးကြည်လေးတွေ ကိုင်ထားရတာ ပျော် စရာကြီး။ သူငယ်ချင်းတွေနဲ့ ဖန်ဂေါ်လီပစ် တိုင်း ကစားတော့ နိုင်တာလေးတွေ သိမ်းထား ပြီး၊ မောင်လေးကို ပေးမယ်ပေါ့။ အဲဒီမှာ တစ် ယောက်က သူ့ဟာတွေ ပျောက်လို့ သူခိုးစွဲခံရလို့ငိုဖူးတယ်။ နောက်မှ သူငယ်ချင်းမက သူ တကယ်နိုင်ထားတာပြောမှ အရှက်ပြေခဲ့ရတာ ခုထိမမေ့ပါဘူး။ အခုအရွယ် မှာတော့ သီတင်း ကျွတ် ပျော်ဖို့ထက် ပွဲကနေရတော့ အပျော်ဆို တာ ကရင်း ကုန်ဆုံးသွားတာပါပဲလေ။ ခုနောက် ပိုင်းရန်ကုန်မှာ အနေများတော့ ရေကျော်ပွဲဈေး နာမည်ကြီးတော့ လျှောက်ဖူးချင်တာပေါ့နော်။ တစ်နှစ်မှ မလျှောက်ဖြစ်သေးဘူး။သီတင်းကျွတ် ရင် ငယ်ငယ်ထဲက၊ ဆရာသမားတွေ၊ ဘိုးဘွား တွေ၊ ရပ်ကွက်ထဲက လူကြီးတွေကို အဖေနဲ့ အမေလိုက် ကန်တော့ခိုင်းခဲ့တော့ ကလေးတုန်း ကတော့ မုန့်ဖိုးပြန်ပေးရင်ပျော်နေတာ။ မပေး လည်းတောင်းတာပဲလေ။ အသက်အရွယ်ရ လာတာနဲ့အမျှ မုန့်ဖိုးပြန်ရဖို့ထက် ကိုယ်ချစ်ခင် ရသူတွေ ဆုံးရှုံးရမှာ မဖြစ်ချင်ဆုံးပဲ။ ကျန်းမာ ပျော်ရွှင်ဖို့ ကိုယ်ကပြန်ဆု တောင်းပေးမိနေပြီ။ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ရိုသေတတ်မှုလေးက ချစ်စရာကောင်းမှန်းပိုသိ လာခဲ့တယ်။ ချစ်ခင် လေးစားရသူများ၊ ကျွန်မအပေါ် ချစ် ခင်သူမချစ်ခင်သူများ၊ ကမ္ဘာပေါ်မှာနေထိုင် ကြသူများ၊ သတ္တဝါများ အားလုံး ကျန်းမာ ပျော်ရွှင်အေးချမ်းကြပါစေလို့ မေတ္တာပို့ပေးပါ တယ်။

မိစန္ဒီ

သီတင်းကျွတ် ဆိုရင်တော့ငယ် ငယ်တုန်း ကတော့ အိမ်ရှေ့မှာ မီးရှူးမီးပန်း ကစားတယ်။ လူကြီးသူမတွေကို ကန်တော့တယ်။ အဲ့ဒီတုန်း ကလည်း ပျော်ရတယ်။အခု အဆိုတော် ဖြစ် လာတဲ့ အခါကျတော့ သီချင်းတွေ ဆိုနေရင်း ဖြတ်သန်းရပြီး ပရိသတ်တွေနဲ့အတူ ပျော်ရ တယ်။ ဒီဘက်ခေတ် မှာတော့ ပျော်ပွဲရွှင်ပွဲတွေ လည်း ပိုများလာတဲ့အခါ ရပ်ကွက်ထဲမှာ မီး ပန်းကစားတာတော့ ဘာတို့တော့ လျော့သွား တယ်။ပြီးတော့ အပြင်တွေသွားတာ များ လာ တာပေါ့။ ညီမ အနေနဲ့ကတော့ ဖြစ်နိုင်ရင် ဒီအချိန်လေး က မိသားစုတွေ စုံညီကြတဲ့ အချိန် ဖြစ်တာကြောင့် ပျော်ပွဲရွှင်ပွဲ သွားတာလည်း သွားတာပေါ့။ လူကြီး မိဘတွေ မိသားစုတွေက လည်း ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ကန် တော့ကြရင်း ဆုံကြတာဖြစ်တဲ့အတွက် ဒီအချိန်လေးမှာ မိသားစုကိုလည်း အချိန်ပေး စေချင်ပါတယ်။ သီတင်းကျွတ် ပွဲတော် ဆိုတာ မိသားစုတွေ ဆုံကြပြီး ပျော်စရာကောင်းတဲ့ ကာလဖြစ်ပါတယ်။

ပိုပို

ဒီနှစ် သီတင်းကျွတ် ကတော့ ထူးထူးခြား ခြား အနေနဲ့ သီတင်းကျွတ် ပွဲတော်ဆိုတဲ့ သီချင်း လေးကို ပိုပိုနဲ့ မဒီးဒီနဲ့ ဖန်တီးထားပါတယ်။ အွန်လိုင်းမှာ အမ်တီဗီ အနေနဲ့ V7 Page ကနေ တင်ထားပါတယ်။ ငယ် ငယ်တုန်းက သီတင်းကျွတ် ဆိုရင် မီးရှူးမီးပန်း တွေဖောက်ကြတယ်။ မီးပုံးပျံတွေ လွှတ်ကြ တယ်။ လူကြီးတွေဆီကနေ မုန့်ဖိုးတောင်းကြ တယ်။ တကယ့်ကို ပျော်စရာကောင်းတဲ့ ကလေး ဘဝပါပဲ။ ပိုပို့ရဲ့ သီချင်းလေး မှာလည်း အဲဒီအ ကြောင်းအရာလေးတွေ ပါဝင်ပါတယ်။ ပရိ သတ်တွေ အားလုံးလည်း သီတင်းကျွတ်မှာ လွတ်လပ် ပျော်ရွှင်မှုတွေနဲ့ အတူ လူကြီးတွေကို ကန်တော့ရင်း မုန့်ဖိုး တွေ အများကြီး ရကြပါစေ။ တစ်နှစ်မှာ ၃ရက်တည်း ဖြတ်သန်းရတဲ့ သီတင်း ကျွတ်ပွဲတော်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါ စေလို့ ပိုပိုက ဆုတောင်း ပေးလိုက်ပါတယ်။

ရွှေပိုးအိမ်

သီတင်းကျွတ်ကာလ ရောက်တော့မယ် ဆို တော့ အရမ်းပျော်မိ တယ်။ သီတင်းကျွတ်ပြီ ဆိုတာနဲ့ အဘိုးအဘွား တွေကိုတော့မယ် ဖေဖေ မေမေ ကန်တော့ပြီးတော့ ပွဲဈေးတွေသွားတယ်။ မီးရှူးမီးပန်း ဖောက်တာတွေက ငယ်ငယ်က တည်းက ကြုံခဲ့ရတဲ့ အမှတ်တရတွေပါ။ အခု ညီမတို့လည်း အရွယ်တစ်ခု ရောက်လာပြီ ဆိုတော့ ဆရာသမားတွေကို သေချာကန် တော့ဖြစ်တယ်။

ပိုးအိအိခန့်

သီတင်းကျွတ်တော့မယ်ဆိုတော့ ညီမ နယ်ရှိုးဆိုဖို့ ရှိပါတယ်။ သီ တင်းကျွတ်ရောက် တိုင်း မြန်မာလူမျိုးတွေရဲ့ အလေ့အထအရ လူကြီးမိဘတွေကို ကန်တော့တယ်။ ဒီအမှတ် တရတွေက ဘဝမှာ မမေ့နိုင်ပါဘူး။ အခု အရွယ်လည်း ရောက်လာပြီဆိုတော့ သီတင်း ကျွတ်မှာ ကိုယ့်အလုပ်တွေ လုပ်ရင်းနဲ့ သီတင်း ကျွတ်ကို ဖြတ်သန်းဖို့ ရှိပါတယ်။

ဘေဘီမောင်

ညီမက ဒီနှစ်သီ တင်းကျွတ် မန္တလေးမှာ ရှိဖို့များတယ်။ ဦးပိန်တံ တားတို့လို နာမည်ကြီးနေရာတွေမှာ Photo Shooting အနေနဲ့ ဓာတ်ပုံ သွားရိုက်ရ မှာပါ။ ဒီသီတင်းကျွတ် မှာတော့ ဘေဘီမောင်ကို မြန်မာဝတ်စုံ လေးတွေနဲ့ မန္တလေးရဲ့အလှ ဘေဘီ မောင်ရဲ့အလှနဲ့ ပေါင်းစပ်ပြီး တွေ့ ရ မှာပါပဲ။ မန္တလေးရောက်ရင် မဟာမြတ်မုနိ ဘုရားကြီးမှာ ပဋ္ဌာန်းရွတ်မယ်။ ဘုရားတရား လုပ်မယ်။ တစ်ဖက်ကလည်း ကိုယ့်ရဲ့အနုပညာ အလုပ်လုပ်မယ်ပေါ့။ ဒီနှစ်အတွက် လည်း ရှေ့ ပိုင်းမှာ ညီမပိုက်ဆံတွေ အများကြီး ရှာထား တယ်။ ဒါနဲ့ ညီမရဲ့ မိဘတွေ၊ ဆွေမျိုးတွေကို ထိုက် ထိုက်တန်တန် ကန်တော့မှာပါ။ သီတင်း ကျွတ်ကတော့ ညီမအတွက် သိပ်ခံစားချက်မရှိ ဘူး။ လူကြီး၊ မိဘ၊ ဆရာသမားတွေကို ကန် တော့မယ်။ ပွဲဈေးလျှောက်သွားမယ်။ မုန့်တွေ စားမယ်ဆိုတာ ငယ်ငယ်က ခံစား ချက်ပေါ့။ အခုတော့ ကိုယ့်ဘဝ ကိုယ်ရုန်း၊ ကိုယ့်စီးပွား ကိုယ်ရှာနေတဲ့ အတွက် ပိတ်ရက်လည်း စီး ပွားရေး အလုပ်တွေပဲ ဆက်လုပ်နေပါတယ်။

ထွန်းပုလဲရတနာ(အလှမယ်)

ဒီနှစ် သီတင်းကျွတ်မှာလည်း ညီမရဲ့ ဘိုး ဘွားမိဘ၊ ညီအစ်ကို မောင်နှမနဲ့ ဆွေမျိုးတွေ ကို သွားကန် တော့မှာပါ။ သီတင်းကျွတ်ပိတ်ရက် မှာတော့ စာမေးပွဲအတွက် စာ ကျက်မယ်။ ညီမကလည်း ကျောင်းတစ်ဖက်က ရှိသေး တော့လေ။ အိမ်မှာပဲ နားနားနေနေနဲ့ စာလုပ်မယ်ပေါ့။ သီတင်းကျွတ်ဆိုတာက ဗုဒ္ဓ ဘာသာ တွေအတွက် ထူးခြားတယ်။ မိဘ ဘိုး ဘွား၊ ဆရာတွေ၊ ကိုယ့်ထက် အသက်ကြီးသူတွေ ကို ကန်တော့ကြတယ်။ အရိုအသေပေးတဲ့ ပွဲ လေးပေါ့။ အဲဒီမှာဆိုရင် ပုလဲတို့ ကိုယ် လုပ်ခဲ့ တဲ့အမှားတွေအတွက် ဝန်ချ တောင်းပန်ကြ တယ်။ ဒီအစဉ်အလာလေးက တခြားလူမျိုး တွေနဲ့မတူတဲ့ အစဉ်အလာလေးပါပဲ။ လူကြီး သူမ တွေကို ရိုသေကိုင်းရှိုင်းရာလည်း ရောက် ပါတယ်။ သီတင်းကျွတ်ကို ငယ်ငယ်ကဆိုရင် တော့ ဆီမီးထွန်း၊ ဗြောက်အိုးဖောက်တာမျိုးတွေ လုပ်တယ်။ ငယ်ငယ်က ကလေးဆိုတော့ ဆီမီး ထွန်းခဲ့တာတွေက သီတင်းကျွတ် အမှတ်တရပါ။ ငယ်ငယ်ကတော့ သီတင်းကျွတ်ရဲ့ အဓိပ္ပာယ်က လေးနက်မှန်းမသိခဲ့ဘူး။ အခုတော့ သီတင်း ကျွတ်ရဲ့ လေးနက်မှုကို သိရ ပြီပေါ့နော်။

ထွန်းကိုကို

ဒီနှစ် သီတင်းကျွတ်မှာတော့ ရှုတင်ရှိရင် ရှိမယ်။ မရှိရင်ရင်တော့ ပဲခူးပြန်မှာပါ။ မိဘ တွေကို ဂါဝရ ပြုမယ်။ ဖြတ်သန်းမယ်။ ဒီ လောက် ပါပဲ။ အရင်တုန်းကတော့ ငယ်သေး တော့ ဗြောက်အိုးတွေ ဖောက်တာ မျိုးရှိတယ်။ နောက်ပိုင်း အလုပ်မအားတော့ သိပ်မလုပ်ဖြစ် ဘူး။ ဒါပေမဲ့ အားရင် သူငယ်ချင်းတွေ စုပြီး ညနေစောင်း အားရင် အပြင်လျှောက်သွား၊ ဗြောက်အိုးတွေဖောက် ဖြစ်ပါသေးတယ်။ မီးရှူး မီးပန်း ဖောက်တယ်။ အားတဲ့အချိန်လေး ပေါ့ နော်။ မြန်မာတွေရဲ့ဓလေ့အတိုင်း သီတင်း ကျွတ်မှာ လူကြီးသူမ တွေကို ဂါဝရပြုကြတယ်။ ကျွန်တော် လည်း ကိုယ့်ရဲ့မိဘ၊ ဘိုးဘွား၊ ဆရာ တွေ အသက်ကြီးသူတွေကို ကန်တော့မှာပါ။

X.box

သီတင်းကျွတ်ဆိုရင် အိမ်တိုင်း၊ အိမ် တိုင်းမှာ မီးလေးတွေ ထွန်းထား တဲ့ ခံစားချက်က တအားကိုပျော်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် လင်းစဒေါင်း ရပ်ကွက် ထဲမှာ ညမိုးချုပ်တဲ့အထိ ဆော့ ကစားကြတယ်။ တုတ်ချောင်းလေးတွေနဲ့ “ကတောက် ကတောက် က တောက်” ဆိုပြီးတွန်းကြတဲ့ မီးပုံး လက်တွန်း လှည်းလေးတွေ တွန်းကြတယ်။ ပြီးရင် ရေကျော် ပွဲဈေးလျှောက်လည်ကြတယ်။ ယဉ်ကျေး မှုအနှစ်သာရကို အပြည့်အဝရခဲ့တဲ့ အချိန် ကာလလေး တွေပါ။အခု ဒီအသက်အရွယ် ရောက်လာတော့ သီတင်းကျွတ်ဆိုရင် ရှိုးတွေ ဆိုရင်း ဖြတ်သန်းရတယ်။ ဒီ နှစ်သီတင်းကျွတ် မှာလည်း ကျွန်တော့်အနေနဲ့ လူကြီးမိဘကို ကန် တော့ရင်း ရှိုးဆိုရင်းဖြတ်သန်းဖြစ်မှာပါ။

ပေါ်ပြူလာအဖွဲ့

 


LEAVE A REPLY

Please enter your comment!
Please enter your name here