ပရိသတ်တွေက ပါးကွက်မလို့ ခေါ်ကြလို့ ပီတိဖြစ်ရတယ် ဝင်းသပြေထွန်း

0
261

သဘင်မင်းသားကြီးရွှေမန်းဦးချမ်းသာရဲ့ သဘင်သက် နှစ်၎ဝပြည့် အနုပညာဖျော်ဖြေပွဲမှာ ဝင်းသပြေ ထွန်းကလည်း ပါဝင်ကပြခဲ့ပါတယ်။ ဦးချမ်းသာရဲ့ပါးကွက်မပြဇာတ်မှာ ဝင်းသပြေထွန်းက ပါးကွက်မအဖြစ် ဦးချမ်းသာနဲ့အတူ ပီပြင်စွာ သရုပ်ဆောင်ခဲ့ပါတယ်။ ပွဲအပြီးမှာ တော့ ပရိသတ် တွေက ဝင်းသပြေထွန်းကို ပါးကွက်မအဖြစ်ခေါ်ကြတယ် လို့လည်းသိရပါ တယ်။ ဒီအပေါ်မှာလည်းသူ့အနေနဲ့ ပီတိဖြစ် ရပြီးဦးချမ်းသာကို လည်းကျေးဇူးတင်ရကြောင်းကို သဘင်မင်းသားကြီးရွှေမန်းဦးချမ်းသာရဲ့ သဘင်သက် နှစ်၎ဝပြည့် အနုပညာဖျော်ဖြေပွဲမှာ ဝင်းသပြေ ထွန်းကလည်း ပါဝင်ကပြခဲ့ပါတယ်။

ဦးချမ်းသာရဲ့ပါးကွက်မပြဇာတ်မှာ ဝင်းသပြေထွန်းက ပါးကွက်မအဖြစ် ဦးချမ်းသာနဲ့အတူ ပီပြင်စွာ သရုပ်ဆောင်ခဲ့ပါတယ်။ ပွဲအပြီးမှာ တော့ ပရိသတ် တွေက ဝင်းသပြေထွန်းကို ပါးကွက်မအဖြစ်ခေါ်ကြတယ် လို့လည်းသိရပါ တယ်။ ဒီအပေါ်မှာလည်းသူ့အနေနဲ့ ပီတိဖြစ် ရပြီးဦးချမ်းသာကို လည်းကျေးဇူးတင်ရကြောင်းကို………………

“အနုပညာသမားဆိုတာကကိုယ် လုပ်တဲ့ အလုပ်တစ်ခုကိုအများက နှစ်သက် လက်ခံတယ်ဆိုရင်ကိုပျော်နေတာ၊ ပီတိဖြစ် နေတာမျိုးပါ။တကယ်တော့ ဦးချမ်းသင် ပေးလို့ပါးကွက်မလေး ဖြစ်လာတာ ဦးချမ်းကျေးဇူးတွေပါ” လို့ဝင်းသပြေ ထွန်းပြောပါတယ်။ ပါးကွက်မ အဖြစ်ပီ ပြင်ဖို့သူ့ အနေနဲ့လည်း ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ရပါတယ်။ သူ့ရဲ့ကြိုးပမ်းအားထုတ်ခဲ့ရမှု အပိုင်းကိုလည်းဝင်းသပြေ ထွန်းက “ပါးကွက်မဇာတ်ရုပ်နဲ့ ပတ်သက်လို့ ညီမကနည်းနည်း ဝနေတယ်။ ဇာတ်လမ်းထဲမှာက လည်း ရှင်မီးအင်္ကျီပါဝတ်ရမှာဆိုတော့ ဝနေလို့အဆင်မပြေတာနဲ့အစား အ သောက်အအိပ် အနေလျှော့ပြီး ဝိတ်ချခဲ့ တယ်” လို့ ပြောပြပါတယ်။  သူလေးစားအားကျခဲ့ရတဲ့ သ ဘင်မင်းသားကြီး ဦးချမ်းသာနဲ့အတူ စင်ပေါ်မှာအတူတူတွဲပြီး တင်ဆက်ခဲ့ရတဲ့အတွက် ပီတိဖြစ်မှုတွေနဲ့အတူ စိုးရိမ်စိတ်တွေလည်းရှိခဲ့ တယ်လို့ ဝင်းသပြေထွန်းကဆိုပါတယ်။

“ဦးချမ်း ဆိုတာကိုယ်ချစ်ခင်လေးစားရသူ၊ ကိုယ် တစ်ခုခု မှားသွားမှာမျိုး၊ ကိုယ့်ကြောင့် ပျက်စီးသွားမှာပူမိတာအမှန်ပါ။ ကနေတဲ့ အချိန် စက်ဘီးပေါ်မှာဆို ပက်လက်လန် လဲကျသွားမှာအရမ်းကြောက်နေခဲ့တာ။အဲဒါဆိုသွားရောလေ။ မနည်းကို ထိန်း နေရတယ်။ ကြောက်လို့ဦးချမ်းအင်္ကျီ မနည်းဆုတ်ထားရတာ(ရယ်လျက်)” လို့ သူ့ရဲ့စိတ်ခံစားမှုကို ပြန်လည်ပြော ပြခဲ့ပါတယ်။အခုလတ်တလောမှာတော့ ဝင်းသ ပြေထွန်းက ဒါရိုက်တာမောင်သူရ ရိုက်ကူး တဲ့အခွန်ငွေပေး ဆောင်ဖို့ နှိုးဆော်တဲ့ ပြည်ကြီးမဏ္ဍိုင်အငြိမ့်မှာအရိုင်း၊ ကင်း ကောင်၊ ငှက်ပျော်ကြော်၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးတို့နဲ့ရိုက်ကူးထားပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here