အမျိုးသမီးလေးဦးရဲ့ Romatic Opera ဂီတပွဲ

0
118

Dior Wedding Photo Studio  ရဲ့  လေးနှစ်ပြည့် နှစ်ပတ် လည်အဖြစ် ကျင်းပတဲ့ Romantic Opera ဂီတဖျော်ဖြေပွဲနဲ့  မင်္ဂလာ မောင်နှံဖက်ရှင်ပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ညက Rose Garden ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာတော့ Dior Wedding Studio ရဲ့ မင်္ဂလာဝတ်စုံများကိုလည်း ပြသခဲ့ပြီး ဖြူဖြူကျော်သိန်း၊နီနီခင် ဇော်၊ဝိုင်းလေးနဲ့ဆိုဖီယာတို့ လေးဦးရဲ့ ဂီတဖျော်ဖြေပွဲကို ကျင်းပခဲ့ပါတယ်။ွRomantic Opera ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျင်းပတာဖြစ်တဲ့အညီ တေး သံရှင်များကလည်း Opera Mood ရတဲ့ သီချင်းအမျိုးအစားများနဲ့ ဖျော်ဖြေခဲ့ပြီး Dior Wedding ရဲ့  မင်္ဂလာဝတ်စုံများနဲ့လည်း သရုပ် ဆောင်များရဲ့ Fashion Show ကို ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့  စတူဒီယိုရဲ့ ၎ နှစ်ပြည့် အမှတ်တရ ဒီပွဲလေးမှာ ကျွန်တော်တို့ Dior လေးကို အား ပေးကြတဲ့ Customer  တွေနဲ့အတူ ကျင်းပခွင့်ရတဲ့အတွက်လည်း ဝမ်း သာပါတယ်။ဒီနေ့မှာတော့ ကျွန် တော်တို့ ရဲ့  Customer တွေ ကိုဂီတဖျော်ဖြေပွဲနဲ့အတူ ကံစမ်းမဲ တွေလည်း ဖောက်ပေးသွား မှာပါ” လို့ Dior Wedding Studio  မှ ကို ကျော်ရွှေမင်းက ပြောပါတယ်။

Dior ရဲ့Romantic Opera  ဂီတပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တဲ့ အဆို တော် ဖြူဖြူကျော်သိန်းကလည်း ဒီဂီတပွဲနဲ့ ပတ်သက်ပြီး….

“ဒီပွဲလေးက Romantic လည်း ဖြစ်သလို Opera Mood လည်း ပါချင်တယ်ဆိုတော့ သီချင်း လေးတွေကို အချစ်သီချင်းတွေနဲ့ အော်ပရာဆန်တဲ့ သီချင်းပုံစံတွေ ပြင်ဆင်ခဲ့ပါတယ်။ Dior နဲ့ လည်း ဖြူဖြူတို့က ဓာတ်ပုံတွေ ရိုက်နေ ကျဖြစ်တဲ့ အတွက် အခုသူတို့ရဲ့ပွဲ လေးမှာ ပါဝင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်”  လို့  ပြောပါတယ်။

P-054


LEAVE A REPLY

Please enter your comment!
Please enter your name here