ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅မြို့နယ်တွင် ဝင်ကြေး အခမဲ့ဖြင့် အငြိမ့်ပွဲများ ပြုလုပ်သွားမည်

0
290

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ၏လမ်းညွှန်မှုဖြင့် မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲ ဆုရအငြိမ့်အဖွဲ့ များ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အ တွင်းမှာ ရှိတဲ့မြို့နယ်ပေါင်း ၄၅မြို့ နယ်မှာ ဖျော်ဖြေပွဲများ ပြုလုပ်သွား မှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ တောင်ဒဂုံမြိုနယ်တွင် သွားရောက် ကပြကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အ နေနဲ့ ဒီလိုအငြိမ့်ပွဲတွေ စီစဉ်ရ ခြင်းကလည်း ပြည်သူတွေရဲ့ ဘဝ အမောတွေ ကိုပြေပျောက်စေဖို့ အ တွက်ကို အဓိက ရည်ရွယ်ပြုလုပ် ရ ခြင်းဖြစ်ပြီး ကိုးကိုးကျွန်း အထိသွား ရောက် ဖျော်ဖြေပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အငြိမ့်ပွဲများကို သီတင်း ကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ကာ လများအတွင်း ပြုလုပ် သွားမှာဖြစ်ပြီး ဝင်ကြေးအခမဲ့ အနေနဲ့ ပြုလုပ်သွား မှာလည်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ၏လမ်းညွှန်မှုဖြင့် မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲ ဆုရအငြိမ့်အဖွဲ့ များ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အ တွင်းမှာ ရှိတဲ့မြို့နယ်ပေါင်း ၄၅မြို့ နယ်မှာ ဖျော်ဖြေပွဲများ ပြုလုပ်သွား မှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ တောင်ဒဂုံမြိုနယ်တွင် သွားရောက် ကပြကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အ နေနဲ့ ဒီလိုအငြိမ့်ပွဲတွေ စီစဉ်ရ ခြင်းကလည်း ပြည်သူတွေရဲ့ ဘဝ အမောတွေ ကိုပြေပျောက်စေဖို့ အ တွက်ကို အဓိက ရည်ရွယ်ပြုလုပ် ရ ခြင်းဖြစ်ပြီး ကိုးကိုးကျွန်း အထိသွား ရောက် ဖျော်ဖြေပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အငြိမ့်ပွဲများ ကို အစစအရာရာ ကြီးကြပ်သွားမယ့် ဇာဂနာက ဖျော်ဖြေပွဲများနဲ့ပတ် သက်ပြီး … “၁၉၈၈ ခုနှစ်မတိုင်ခင်က ကျွန် တော်ကိုယ်တိုင် ဒီပန်းဆိုးတန်း လမ်းမကြီးကို ပိတ်ပြီး အငြိမ့်ကခဲ့ရပါ တယ်။ အခု အဲဒီ့အငြိမ့် ပွဲတွေပျောက် သွား ပြီ။ အခု ပြန်ပေါ်လာပါတော့ မယ်။ အခု သီတင်းကျွတ် ကစပြီး ပြန်ပေါ်ပါပြီ။ အဲဒီအတွက်က လူ ငယ်တွေရဲ့ တာဝန်ပါ။ အငြိမ့် ထွန်း ကားဖို့က သူတို့တာဝန်ပါ။ စီစဉ် တာက ကျွန်တော်တို့ ဖြစ်ပါတယ်။ရန် ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို လည်း ကျေးဇူးတင်ပါတယ်။ ၄၅မြို့ နယ် လုံးလုံးက ကျင်းပခွင့်ရတဲ့ အတွက်လည်း ပျော်ပါတယ်။ ပရိ သတ်တွေ အားလုံးလည်း အငြိမ့်ပွဲ တွေကို လာရောက် အားပေးပေးကြ ပါ။ သူတို့ အားမပေးရင် ဒီကလေး တွေ ကပြရတာ အားမရှိဘူး ဖြစ်သွား နိုင်ပါတယ်” လို့ပြောပါ တယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ လှည့်လည် ကပြရမယ့်အငြိမ့် အဖွဲ့ ထဲမှတစ်ဖွဲ့ အပါအဝင်ဖြစ်တဲ့ ခေတ် သစ်ကြေးမုံ အဖွဲ့မှကိုလူမော်က လည်း… “ကျွန်တော်တို့ ခေါင်းပေါ်ကို တာဝန် ပိုပြီးရှိသွားပါပြီ။ ဘာ ကြောင့် လည်း ဆိုတော့ အငြိမ့်ချစ်တဲ့ ဆရာ တွေက အငြိမ့် တာဝန်တွေကို ကျွန်တော်တို့ကို ပေးလိုက်တာ ဖြစ်တဲ့အတွက်ကြောင့် တာဝန်ယူရဲရမှာ ဖြစ်ပါတယ်။ တာဝန်ယူရဲမှလည်း ဒီမိုကရေစီပွဲရဲ့ ကျေးဇူးကို ဆပ်ရာ ကျမှာပါ။ ဘယ်နေရာ ဘယ်မြို့ကိုပဲ ကက ဆရာတွေ အားလုံးရဲ့မျက်နှာကို မပျက်စေရပါဘူး” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here