မှော်ကျောက်စာ စာလုံးအလှ ပြိုင်ပွဲရဲ့ ပုံရိပ်တချို့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်တဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်း

0
229

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးပုံဖော် ထားတဲ့ “မှော်ကျောက် စာ” ရုပ်ရှင်ဇာတ်ကားကိုတော့ မကြာခင် ရုံတင် ပြသတော့မှာ ဖြစ်ကြောင်း သိရပါ တယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ “မှော် ကျောက်စာ” စာလုံးအလှပြိုင်ပွဲဟာ လည်း Online  ပေါ်မှာခေတ်စားနေပြီး ဒီရုပ်ရှင် ဇာတ်ကား ကို လည်း ပရိသတ်များ စိတ်ဝင်စားနေတာ ကိုတွေ့ ရပါ တယ်။ မှော်ကျောက်စာ စာလုံးအလှပြိုင်ပွဲနဲ့ ပတ် သက်ပြီးမှော် ကျောက်စာ ဖန်းတီသူ ဒါရိုက်တာ ဝင်းထွန်းထွန်း က ခုလိုပြောပြခဲ့ပါတယ်။

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးပုံဖော် ထားတဲ့ “မှော်ကျောက် စာ” ရုပ်ရှင်ဇာတ်ကားကိုတော့ မကြာခင် ရုံတင် ပြသတော့မှာ ဖြစ်ကြောင်း သိရပါ တယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ “မှော် ကျောက်စာ” စာလုံးအလှပြိုင်ပွဲဟာ လည်း Online  ပေါ်မှာခေတ်စားနေပြီး ဒီရုပ်ရှင် ဇာတ်ကား ကို လည်း ပရိသတ်များ စိတ်ဝင်စားနေတာ ကိုတွေ့ ရပါ တယ်။ မှော်ကျောက်စာ စာလုံးအလှပြိုင်ပွဲနဲ့ ပတ် သက်ပြီးမှော် ကျောက်စာ ဖန်းတီသူ ဒါရိုက်တာ ဝင်းထွန်းထွန်း က ခုလိုပြောပြခဲ့ပါတယ်။ facebook ပေါ်မှာ “မှော် ကျောက်စာ” စာလုံးအလှပြိုင်ပွဲ လုပ်နေတာတွေပါတယ်။ လေးလေး စားစားနဲ့ ဝင်ပြိုင်တဲ့သူတွေ ရှိတယ်။  “မှော်ကျော က်စာ”စာလုံးကို သေသေချာချာလေး ဆွဲထားကြတာ လည်းတွေ့ရတယ်။ အဲ့ဒီအတွက် လည်း ကျွန်တော် အနေနဲ့ ကျေနပ်တယ်။ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ အမျိုးသမီး တစ်ယောက်က အကျီချွတ်ပြီးတော့ မှော်ကျောက်စာကို ကျောပေါ် မှာ ရေးထားတယ်။ ကျွန်တော် ဖန်တီးထားတဲ့ အနုပညာ အပေါ် ရိုင်း စိုင်းတာ လုံးဝမကြိုက်ပါဘူး။ မြန်မာမိန်းကလေး ဖြစ်ပြီး အင်္ကျီကျောပြောင်နဲ့ ကျောပေါ်မှာ  မှော် ကျောက်စာရေး ထားတာကို တော့ကျွန်တော်ပြင်း ပြင်း ထန်ထန် ကန့်ကွက်တယ်။ နောင်တစ်ကြိမ် ထပ်လုပ်လာရင်တော့ ဥပဒေအရ အရေးယူရပါ လိမ့်မယ်။ ထုပ်လုပ်ရေးက လုပ်ရင် ထုတ်လုပ်ရေးကို အရေးယူ ဖို့ရှိပါတယ်။ ဇာတ် ကားကိုထုတ် လုပ်ရေးပိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အနုပညာ ရှင်တွေကအနုပညာကိုပိုင်ပါတယ်။ ဒီမှော် ကျောက်စာဖြစ်တည် ဖို့အတွက် ကျွန်တော်တို့ အချိန်ပေါင်း များစွာ ပေးဆပ်ထားရတာပါ။ ဒါတွေ ကဘာကြောင့်ဖြစ်လာလဲ ကြည့်လိုက်တော့ ဇာတ်ကားကို ပရိသတ် စိတ်ဝင်စားအောင်လုပ်တဲ့ သူတွေရှိပါတယ်။ အဲလိုလုပ်တဲ့ အခါမှာ ကျွန်တော် ဖန်တီးသူအပေါ်မှာညှိနှိုင်းမှုမရှိပါဘူး။ အဲဒီလို စာလုံးအလှပြိုင်ပွဲ လုပ်နေတာ ကျွန်တော် သိလည်း မသိပါဘူး။ ပါဝင် ပတ်သက်မှုလည်း မရှိဘူး။ တိုင်ပင်တာလည်မရှိပါဘူး” လို့ ပြောခဲ့ပါ တယ်။

မှော်ကျောက်စာရုပ်ရှင်ကနေသူလိုချင်တာ တစ်ခုပဲရှိတယ်ဆိုတဲ့ ဒါရိုက်တာဝင်းထွန်းထွန်းက … “မှော်ကျောက်စာ” ရိုက်ကူးပြီး တဲ့အချိန်မှာ “မှော်ကျောက်စာ” ဆီက ကျွန်တော်လိုချင်တာ တစ်ခုရှိ တယ်။ လူတွေက အကယ်ဒမီ လို့ ထင်ကြ တယ်။ အကယ်ဒမီစာရင်းမှာ “မှော်ကျောက်စာ” ပါတဲ့အတွက် အကယ်ဒမီပွဲ လည်း ကျွန်တော် မတက်ခဲ့ပါဘူး။ အကယ်ဒမီလည်း မလိုချင်ပါဘူး။ “မှော်ကျောက်စာ” ဆီကလိုချင်တာ ဘာလဲဆိုတော့ ကျွန်တော် ဒီဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာ စိန်ခေါ်မှုအကြီး ကြီး ရှိပါတယ်။ အဲဒါကတော့ထိုင်း နိုင်ငံက Production တစ်ခုပါ။ ကျွန်တော်အပေါ်မှာ အထင်သေးသလို လိုနဲ့ထိုင်း လိုပြောပြီးရယ်ထားတာ ရှိပါတယ်။ အဲ့ဒါ ကိုမှ Made in Burma လုပ်ရင် ဖြစ်တယ်ဆိုပြီးတော့ စိန်ခေါ် လိုက်တာပါ။ “မှော်ကျောက်စာ” ဖန်တီးတာအကုန်လုံး ဗမာတွေ ချည်းပါဘဲ။ ဇာတ်ကားရိုက် ကူးပြီးတဲ့အချိန် မှာ အဲဒီထိုင်း ကုမ္ပဏီ ပြန်သွားတယ်။ Quality စစ်ခိုင်းပါတယ် သုံးရက်တိတိစစ် ပါတယ်။ ကျွန်တော်ကို အထင်သေးခဲ့တဲ့ ထိုင်းနိုင်ငံ ကသူတွေ ကအမှားအယွင်း မရှိပါဘူးဆိုပြီးလေး စားစွာနဲ့ လက်ခံခဲ့ပါတယ်” လို့ပြောခဲ့ပါဘူးတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here