ချစ်သူ နဲ့က အေးအေးချမ်းချမ်းပါပဲ ဆုအိမ့်စံ

0
254

လတ်တလောမှာတော့ အွန်လိုင်းစာမျက်နှာတစ်ခုက သူ့        အကြောင်းသတင်းတွေ ထွက်လာတာနဲ့ ပတ်သက်ပြီး ဒီအပေါ်မှာ ပြီးခဲ့တာ တွေလည်းပြီးခဲ့ပြီ ဖြစ်တဲ့အတွက် ဘာမှမဖြေရှင်းချင်တော့ ဘူးလို့ သရုပ်ဆောင် ဆုအိမ်စံက ဆိုလာပါတယ်။ လတ်တလောမှာတော့ အွန်လိုင်းစာမျက်နှာတစ်ခုက သူ့        အကြောင်းသတင်းတွေ ထွက်လာတာနဲ့ ပတ်သက်ပြီး ဒီအပေါ်မှာ ပြီးခဲ့တာ တွေလည်းပြီးခဲ့ပြီ ဖြစ်တဲ့အတွက် ဘာမှမဖြေရှင်းချင်တော့ ဘူးလို့ သရုပ်ဆောင် ဆုအိမ်စံက ဆိုလာပါတယ်။

“အဲဒီလိုမျိုးပြုမူခဲ့ရတဲ့အပေါ်မှာဆုအနေနဲ့ ဘာမှပြန်မပြော ချင်ပါဘူး။ အဲဒီလိုမျိုးပြောတယ်ဆိုတာကတော့ အနုပညာ လောကသားတစ်ယောက်အနေနဲ့ ခံရမှာပဲ။ ကိုယ်အပေါ် ဒီလို  ပြုလုပ်ခဲ့တာကိုလည်းဘယ်လိုမှတော့မမြင်ပါဘူး။ အမှန်တိုင်း ပြောရရင် နောက်ကျောက ဓားတွေချည်းပါပဲ။ ကိုယ့် အကြောင်းအဲလိုမျိုး သိတယ်ဆိုလို့ ကိုယ်နဲ့သိတဲ့သူတွေပဲ ရှိ တာကို။ ပြီးခဲ့တာတော့ ပြီးပြီဆိုတော့ဘယ်သူ့ကိုမှ မထိခိုက် ချင်ပါဘူး”လို့ ပြောပါတယ်။

ဆုအိမ်စံက ချစ်သူလည်းရှိနေပြီဖြစ်ပြီး သူတို့ချစ်သူ နှစ်ဦးအနေနဲ့ကတော့ အေးအေးဆေးဆေးပါပဲလို့ ဆိုပါ တယ်။ “အခုဆုမှာချစ်သူရှိနေပြီ။ အားလုံးသိတဲ့အတိုင်းပဲ။ အဲဒီ ပြဿနာပေါ်လာတော့ဘာမှမဖြစ်ပါဘူး။ ပရိသတ် တွေ မြင်တဲ့အတိုင်းပဲ။ သူနဲ့က အေးအေးချမ်းချမ်းပဲ။ ဘာမှ ပြဿနာမဖြစ်ခဲ့ဘူး။ အေးအေးချမ်းချမ်းပဲ။ အကုန်လုံး နားလည်ပေးပါတယ်။ ပြီးတော့ဆုတို့က ဒီ အနုပညာအလုပ်ကိုပဲအကောင်းဆုံးကြိုးစားတယ်။ အခုလတ်တလော ဆုဇာတ်ကားရိုက်ကူးတာတွေလည်း နည်းနည်းကျဲနေပါ တယ်” လို့ဆိုပါတယ်။ သရုပ်ဆောင်ဆုအိမ်စံက အနုပညာအလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကြိုးစားနေတာဖြစ် ပြီး အခုလတ်တလော ကြော်ငြာဓာတ်ပုံတွေ ရိုက်ကူးဖြစ်နေ တယ်လို့ သိရပါတယ်။

ချယ်ရီ  


LEAVE A REPLY

Please enter your comment!
Please enter your name here