သားဖြစ်သူရဲ့ အောင်မြင်မှုအပေါ် ဝမ်းသာဝမ်းနည်း ဖြစ်နေရတဲ့ မအေးမမလှိုင်

0
194

တင်မောင်ဆန်းမင်းဝင်းတို့ ရွှေ မန်းသဘင်ရဲ့ အပတ်စဉ်မိုးရာသီ အထူးဖျော်ဖြေပွဲကြီးက ပြီးစီးခဲ့ ပြီလည်းဖြစ်ပါတယ်။ တင်မောင် ဆန်မင်းဝင်းရဲ့ ကြိုးစားအားထုတ်မှု၊ အဖွဲ့သားတွေရဲ့ စည်းလုံးညီ ညွတ်မှုတွေနဲ့အတူ မင်းရွှေရောင်တင် ရဲ့ တစ်နှစ်ထက် တစ်နှစ်ကြိုးစားမှု တွေကြောင့်လည်း ရွှေမန်းသဘင်ဟာ ဒီနှစ်မှာပိုလို့တောင် အောင်မြင်ခဲ့ပါ သေးတယ်။ မင်းရွှေရောင်တင်အနေနဲ့ လည်း  ၄ နှစ်အရွယ်သာရှိသေး ပေမယ့် ဖခင်ဖြစ်သူရဲ့ သင်ပြပေးမှု တွေ သူ့ရဲ့ ကြိုးစားမှုတွေကြောင့် အခုအချိန်မှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးလို့တောင် ဖြစ်နေ ပါပြီ။ ဒီလိုအောင်မြင်နေလျက်ရှိတဲ့ သားဖြစ်သူနဲ့ပတ်သက်လို့ မိခင် ဖြစ်သူ ဒေါ်အေးမမလှိုင်ရဲ့ ခံစားမှုကို မေးကြည့်တဲ့အခါမှာတော့ ………………………..

“ပီတိကတော့ အတိုင်းမသိ ဝမ်းသာတာပေါ့။ တစ်ခါတလေ ကျရင် စင်ပေါ်မှာသူကနေတာလေးကိုကြည့်ပြီး တအားဝမ်းနည်းတယ်။ တစ်ခါတလေ သူကနေတာလေးကို ကြည့်ပြီး စင်ပေါ်ကနေ ငိုမိတာ လေးတွေလည်းရှိတယ်။ဘာလို့ လည်းဆိုတော့ သူစကတဲ့အချိန် တုန်းက ၂နှစ်နဲ့၇လအရွယ်ပေါ့။ အခု အချိန်မှာဆိုရင် ၄နှစ်နဲ့၇လအရွယ် ဖြစ်လာပြီ။သူ့အရွယ်က ကစားမယ်၊ သွားမယ်၊ လာမယ် ပျော်ပျော်ပါးပါး နေရမယ့် အရွယ်ပါ။ သားလေးမှာကျ တော့ ဒီရဲ့တာဝန်ကြီးကို ပိနေသလို ခံစားရတယ်။ အမှန်တော့ပရိသတ် တွေရဲ့ တောင်းဆိုမှုကြောင့်ပေါ့လေ။ သားကိုအားပေးတာလည်း ဝမ်းသာ မိသလို ကလေးတာဝန်နဲ့ မမျှဘဲနဲ့ ပိနေတဲ့အပေါ်မှာလည်း မိခင်တစ် ယောက်အနေနဲ့ တအားခံစားရတယ်။ အစ်မအနေနဲ့ ဝမ်းနည်းဝမ်းသာနှစ် မျိုးစလုံးခံစားရတယ်” လို့ ပြောပါ တယ်။ မင်းရွှေရောင်တင်အနေနဲ့  နောက်နှစ်ကျရင်တော့ ကျောင်းကိုပဲအဓိကထားတက်ရတော့မှာ ဖြစ် တဲ့အတွက် ကျောင်းပိတ်တဲ့အချိန် လောက်ပဲ ပရိသတ်တွေနဲ့ တွေ့ ခွင့်ရတော့မှာဖြစ်ကာ ကျန်တဲ့အချိန် တွေကတော့  ကျောင်းစာကိုအဓိကထားလုပ်ရတော့မယ်လို့လည်း မအေးမမလှိုင်ကပြောပါတယ်။

“အစ်မကော၊ ကိုဆန်းမင်း ကောက ပညာရေးကိုပဲအဓိကဇောင်း ပေးမှာပါ။ စာမသင်သေးတဲ့အရွယ် လေးမှာ သူ လုပ်ချင်တဲ့အရာလေးတွေ၊ သူဝါသနာပါတာကို အစ်မတို့က လုပ်ပေးတာတစ်ခုပါပဲ။ အစ်မတို့ နှစ်ယောက်လုံးက သားအတွက် ပညာရေးကို ပဲဦးစားပေးမှာပါ ။ပညာတတ်မှ အဆင်ပြေမှာလေ။ အခုခေတ်က ပိုဆိုးသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ဝါသနာက ဒီအပေါ်မှာ တအားကြီး ရင်တော့ မသိသေးဘူး” လို့ သားဖြစ် သူမင်းရွှေရောင်တင်ရဲ့ ပညာရေးပိုင်း နဲ့ပတ်သက်လို့ မိခင်တစ်ယောက်ရဲ့ ဖြစ်စေလိုမူကို မအေးမမလှိုင်က ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here