ကိုယ့်ကိုယ်ကို အသစ်တစ်ယောက်လို့ခံယူထားသူ အေးဝတ်ရည်သောင်း

0
169

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက အနုပညာလောကကို ရောက်ရှိခဲ့တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ အကြောင်း အမျိုးမျိုးကြောင့် အနုပညာလောကနဲ့ နှစ်အနည်းငယ်ကြာ ဝေးကွာခဲ့ပြီး အခုတစ်ဖန် အနုပညာလောကထဲတစ်ကျော့ပြန်ဝင် ရောက်လာတဲ့အခါ မှာလည်း ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူ ဖြစ်ပါတယ်။ သူမ ကတော့ အခုလတ်တလောမှာ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးဖြစ်        နေပြီး ရုပ်သံဇာလမ်းတွဲများမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါ         တယ်။ သူမအနေနဲ့ အနုပညာလောကနဲ့ နှစ်အနည်းငယ်ကြာဝေးကွာခဲ့ပြီး တစ်ကျော့ပြန် ရောက်ရှိလာတဲ့အခါ ပြောင်းလဲသွားတာရှိလားလို့ မေးမြန်းခဲ့ရာ…

“အနုပညာလောကကို ပြန်လည်ရောက်ရှိလာတဲ့ အခါ အမှန်တိုင်းပြောရရင် အသစ်တစ်ယောက် လို ပြန်ဖြစ်သွားပါတယ်။ မရိုက်ကူးတာလည်း ကြာပြီဆိုတော့ ပြန်ရိုက်ကူးတဲ့အခါမှာ ကိုယ့် ကိုကိုယ်အသစ်လိုပဲ ခံယူရတယ်။ အဲဒါတာ ကြောင့် အိုက်တင်လုပ်တာကအစ မရဲတာ တွေရှိပါတယ်။ နောက်ပိုင်းကျတော့လည်း ထုံးစံ အတိုင်းအဆင်ပြေသွားပါတယ်” လို့ပြောခဲ့ပါတယ်။      အခုလက်ရှိာညအလမှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ‘မင်္ဂလာရှိသောအရပ်’ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ကျောင်းဆရာမအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း …

” ကျောင်းဆရာမပုံစံဆိုတော့ အဝတ်အစားလေးတွေ နည်းနည်းဂရုစိုက်ရတယ်။ အပြင်မှာ ကျောင်း ဆရာမ တစ်ယောက်ရဲ့ ဝတ်ပုံစားပုံပေါ့။ ပရဟိတကျောင်း တော်တော် များများကို အစ်မရောက်တယ်။ အဲဒီမှာကကျောင်းဆရာမ တွေရှိတယ်ဆိုတော့ သူတို့ပုံစံလေးတွေ လေ့လာဖြစ်ပါ တယ် ” လို့ ပြောခဲ့ပါတယ်။

 ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here