ကြုံတွေ့ခဲ့ဖူးတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ရတနာဗိုလ်ဖွင့်ဟ

0
324

အနုပညာပျိုးခင်းကနေ စင်တင် မင်းသမီးတစ်ဦးအဖြစ် ပရိသတ် အားပေးမှုရရှိလာခဲ့တဲ့ ရတနာဗိုလ် ကတော့ အနုပညာပျိုးခင်းနဲ့ လက်တွဲ လာတာ ၃နှစ်ပြည့်တော့မှာဖြစ်ပါ တယ်။ အချိန်ကာလ ၃ နှစ်အတွင်း မှာလည်း ဗီဒီယိုဇာတ်ကားပေါင်း များစွာ ရိုက်ကူးထားပြီး၊ ရုပ်ရှင် ဇာတ်ကားကြီးအနေနဲ့ ၁ဝကားကျော် လောက် ရိုက်ကူးထားပြီဖြစ်တဲ့ ရတနာဗိုလ်က သူ့အနေနဲ့ အခုချိန် ထိတော့ အနုပညာအလုပ်ပေါ်မှာ ကြိုးစားနေတဲ့ နေရာမှာပဲရှိနေသေး ကြောင်းဆိုပါတယ်။

“ဘယ်နေရာ ကိုရောက်နေပြီလို့ညီမတော့ မသတ် မှတ်ထားပါဘူး။ ဘယ်နေရာမှလည်း မရောက်သေးဘူး။ ကြိုးစားနေဆဲပါ။ ဆက်ပြီးတော့လည်း မသေမချင်းကြိုး စားရဦးမယ်။ အလုပ်တိုင်းကတော့ဘယ်အလုပ်မဆိုလွယ်ကူနေတာ တော့မရှိပါဘူး။ ညီမ ဒီနှစ်၁၁လပိုင်း ဆိုရင် အနုပညာပျိုးခင်းနဲ့ လက်တွဲ လာတာ ၃နှစ်ပြည့်တော့မှာပါ”  လို့ ပြောပါတယ်။

အလုပ်တွေကိုပဲ ဦးစားပေး ဖြစ် နေပြီး အချစ်ရေးကတော့  အခုချိန် မှာ  တစ်ယောက်တည်းပဲ ဖြစ် ကြောင်း ဖွင့်ဟဆိုလာတဲ့ ရတနာဗိုလ် က အသက်၃၅နှစ်လောက်မှ အိမ် ထောင်ပြုဖို့ စဉ်းစားသွားမှာဖြစ် ကြောင်း ပြောပါတယ်။ ကြုံတွေ့ခဲ့ဖူး တဲ့ အချစ်ရေးတွေနဲ့ ပတ်သက်ပြီး လည်း ရတနာဗိုလ်က

အသက်၃၃၊၃၄၊၃၅ နှစ် လောက်မှ အိမ်ထောင်ပြုဖို့စဉ်းစား မှာပါ။ အဲဒီအရွယ်လောက်ဆိုရင် တည်ငြိမ်သွားပြီ။ ရင့်ကျက်သွားပြီ၊ ညီမက အချစ်အတွက်နဲ့ အာရုံသိပ် အနှောက်မခံဘူး။ ကိုယ့်ကြောင့် လည်း စိတ်မညစ်စေချင်ဘူး။ သူ များ ကြောင့်လည်း စိတ်အညစ် မခံ နိုင်ဘူး။  ဒီအသက်ရွယ်ဆိုတော့ အရင်တုန်းကတော့ အချစ်နဲ့ ကြုံ တွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကိုယ့်ဘက်ကတော့ အကောင်းဆုံး တော့နေခဲ့တာပဲ။  ဒါပေမဲ့ ကိုယ်နဲ့ မထိုက်တန်သေးလို့၊ ကိုယ်နဲ့ ဖူးစာ မဆုံသေးလို့၊ မကောင်းတဲ့ အကြောင်းတရားလေး ပေါ်လာ တယ်လို့ပဲ သတ်မှတ်လိုက်တာပဲ”   လို့ ပြောပါတယ်။

တွယ်တာ 


LEAVE A REPLY

Please enter your comment!
Please enter your name here