အားပေးခဲ့တဲ့ ပရိသတ်တွေ သိက္ခာ မကျစေမယ့် အလုပ်မျိုးကိုပဲ လုပ်တယ် လွင်မိုး

0
208

ရုပ်ရှင်ရုံတွေဆီ မလာနိုင်တဲ့ သူတွေအတွက် ရုပ်ရှင်ရုံတွေက သွား တယ်ဆိုတဲ့ သဘောနဲ့ Paradiso ရုပ်ရှင်ရုံတွေကို နယ်အနှံ့ ဆောက် လုပ်ဖွင့်လှစ်နေခြင်း ဖြစ်ကြောင်း လွင်မိုးက ပြောပါတယ်။ Paradiso ရုပ်ရှင်ရုံတွေ အနေနဲ့ လျှပ်စစ်မီး ရှိတဲ့နေရာတွေမှာ ရုပ်ရှင် ပြသခ ၁ဝဝဝကျပ် နှုန်းထားနဲ့ ပြသထားပြီး လျှပ်စစ် မီး မရှိတဲ့နေရာမျိုး ဆိုရင် ရုပ်ရှင်ပြသခ ၁၂ဝဝကျပ် နှုန်းထားနဲ့ ပြသနေကြောင်း လည်းသိရပါတယ်။ ရုပ်ရှင်ရုံတွေဆီ မလာနိုင်တဲ့ သူတွေအတွက် ရုပ်ရှင်ရုံတွေက သွား တယ်ဆိုတဲ့ သဘောနဲ့ Paradiso ရုပ်ရှင်ရုံတွေကို နယ်အနှံ့ ဆောက် လုပ်ဖွင့်လှစ်နေခြင်း ဖြစ်ကြောင်း လွင်မိုးက ပြောပါတယ်။ Paradiso ရုပ်ရှင်ရုံတွေ အနေနဲ့ လျှပ်စစ်မီး ရှိတဲ့နေရာတွေမှာ ရုပ်ရှင် ပြသခ ၁ဝဝဝကျပ် နှုန်းထားနဲ့ ပြသထားပြီး လျှပ်စစ် မီး မရှိတဲ့နေရာမျိုး ဆိုရင် ရုပ်ရှင်ပြသခ ၁၂ဝဝကျပ် နှုန်းထားနဲ့ ပြသနေကြောင်း လည်းသိရပါတယ်။

“အခုကျွန်တော့်ရုံက ဘယ်ကား မ ဆိုပြလို့ရတယ်။ A,B,C  အကုန်ပြ လို့ရတယ်။ ကျွန်တော်က ရုံပြိုင် မရှိဘူး။ အဓိက ဒါတွေ ဘာဖြစ်လို့ ဖြစ်နေတာလဲ ဆိုတော့ ကုမ္ပဏီတွေ များပြီးတော့ ရုံပြိုင်စနစ်တွေ ဖြစ် နေ တဲ့အတွက် ရုံတွေကနေ A,B,C ဖြစ် လာကြတာ။ နောက်ဆိုလို့ရှိရင် ကျွန်တော် ထင်ပါတယ်။ ရုံပိုင်ရှင်တွေ ကနေ ဇာတ်ကားတွေကို ဝင်လုရတဲ့ အပိုင်းတွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီ လို အပိုင်းတွေ ဖြစ်လာပြီဆိုလို့ ရှိရင် ရုပ်ရှင်လောက တိုးတက်တယ် ဆိုတာ သေချာသွားပါပြီ” လို့ လွင်မိုးကပြော ပါတယ်။ ဒီနှစ်ထဲမှာ Paradiso ရုပ် ရှင်ရုံတွေ ဖွင့်လှစ်မှုအခြေအနေကို လည်း မေးဖြစ်တဲ့အခါ…”ရုပ်ရှင်ရုံက ၈ ရုံဖွင့်ပြီးပြီ။ ၁၂ ရုံဆောက်နေတယ်။ ဒီနှစ်ထဲမှာ ၂၅၊ ၃ဝလောက်ပြီး သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ လွင်မိုးကပြော ပြီး သူ့ကို အားပေးခဲ့တဲ့ ပရိသတ်တွေ အတွက်ကိုလည်း တကယ်ကို ကျွန် တော့်ရဲ့ သရုပ်ဆောင်မှု တွေကို အား ပေးခဲ့တဲ့ ပရိသတ်တွေ အများ ကြီးရှိ ပါတယ်။ လွင်မိုးရဲ့ ပုံစံကိုပြန်ကြည့် လိုက်လို့ရှိရင် သြော်…သူက ဒါ လေးတွေ လုပ်နေပါလား ဆိုတဲ့ ကျွန်တော့်ကို အားပေးခဲ့တဲ့ ပရိသတ် တွေ သိက္ခာမကျစေမယ့် အလုပ်မျိုး ကိုပဲ ကျွန်တော်လုပ်ပါတယ်” လို့ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here