မြန်မာနိုင်ငံ ဆိုင်းဂီတအသင်းနှင့် ဆိုင်းဂီတပညာရှင်များ၏ မီဒီယာရှင်းလင်းပွဲ

0
165

မြန်မာနိုင်ငံ ဆိုင်းဂီတအသင်း နှင့် ဆိုင်းဂီတပညာရှင်များ အနုပညာ ရှင်များ၏ နိုင်ငံသား အခွင့်အရေး ဆုံးရှုံး နစ်နာမှုများအား စာနယ်ဇင်း ရှင်းလင်းခြင်း အခမ်းအနားကို စက် တင်ဘာလ ၂၇ ရက် နေ့၊ နံနက် ၁ဝ နာရီက မန္တလေးမြို့၊ လူထုစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ ဆိုင်းဂီတအသင်း နှင့် ဆိုင်းဂီတပညာရှင်များ အနုပညာ ရှင်များ၏ နိုင်ငံသား အခွင့်အရေး ဆုံးရှုံး နစ်နာမှုများအား စာနယ်ဇင်း ရှင်းလင်းခြင်း အခမ်းအနားကို စက် တင်ဘာလ ၂၇ ရက် နေ့၊ နံနက် ၁ဝ နာရီက မန္တလေးမြို့၊ လူထုစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ အသင်းသည် နိုင်ငံတော်ကို ပုန်ကန်နေတဲ့ အသင်း မဟုတ်ပါ။ မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးနေတာမဟုတ်ပါ။ မြန်မာ နိုင်ငံ ဆိုင်းဂီတအသင်းရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်းတွေနဲ့ ဆောင် ရွက်နေတဲ့အသင်းပါ။ ကျွန်တော် တို့အသင်းမှာ ဆိုင်းဂီတပညာရှင် အသင်းသား ၃သောင်းကျော်ပါဝင်တဲ့ အသင်းကြီးဖြစ်ပါတယ်။ ကျွန်တော် တို့ အသင်းဝင် ဆိုင်းဂီပညာရှင်တွေ ရဲ့ အနုပညာဖျော်ဖြေခွင့်တွေကို သဘင်အစည်းအရုံးနဲ့ မြို့အထွေ အထွေအုပ်ချုပ်ရေး ၊ဒေသအာဏာ ပိုင်တွေက တားမြစ်တာတွေရှိနေပါ တယ်။ အဲဒီလိုပြည်သူကို အနုပညာ ဖျော်ဖြေခွင့် တားမြစ်တာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်း ဝန်ကြီးချူပ်တွေနဲ့ သတင်းမီဒီယာ တွေကို သိစေချင်လို့ အခုလိုရှင်း လင်းပွဲလုပ်တာပါ”ဟု မြန်မာ နိုင်ငံဆိုင်းဂီတအသင်း အတွင်း ရေးမှူး ဦးဇော်သူဟိန်းက ပြော သည်။ သည်အခမ်းအနားတွင် အသင်း ဥက္ကဋ္ဌဦးစိန်တင့်လွင်က မြန်မာနိုင်ငံ ဆိုင်းဂီတအသင်းအကြောင်းတို့နှင့်  အတွင်းရေးမှူး ဦးဇော်သူဟိန်းက အသင်း အင်အားနှင့်  မြို့နယ်အသင်း ခွဲများအကြောင်းကို ရှင်းလင်းတင် ပြပြီး ဒုတိယဥက္ကဋ္ဌ ဦးဇော်သစ်က မြန်မာနိုင်ငံဆိုင်းဂီတအသင်း လက်ရှိ ကြုံတွေ့နေရသော အခြေအနေများ ကို တင်ပြဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here